News And Library
Fresh News And Some Knowledge For You
Friday, 10 February 2012
ဆီးရီးယားအစိုးရသည် ကလေး၊ လူကြီး၊ အမျိုးသမီးများပါမချန် သတ်ဖြတ်နေသည်ဟု ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီထုတ်ပြန် အမေရိကန်အစိုးရက ဆီးရီးယားကို စစ်ရေးအရ အရေးယူလိုပါက အသင့်ဖြစ်ရန် ပင်တဂွန်စစ်ဌာနချုပ် ပြင်ဆင်နေ
ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ် ဆူဆန်ရိုက်စ်
ဆီးရီးယားအစိုးရသည် ကလေး၊ လူကြီး၊ အမျိုးသမီးများပါမချန် အစုလိုက် အပြုံလိုက် သတ်ဖြတ်နေကြောင်း ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ၏ ကြေညာချက်တစ်ခုတွင် ထုတ်ပြန်ပါရှိခဲ့သည်။
လူမှုရေးဝက်ဘ်ဆိုက်များမှ တစ်ဆင့်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များတွင် လမ်းမများပေါ်၌ ကလေးများအပါအ၀င် လူအများ အတုံအရုန်းသေဆုံးနေကြပုံများပါရှိခဲ့ပြီး နိုင်ငံတစ်ဝန်း မငြိမ်သက်မှုများ မြင့်တက်လာ ချိန်တွင် အာရပ်နိုင်ငံများဖြင့် ဖွဲ့စည်းထားသော ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေး ကောင်စီဝင်နိုင်ငံများက ၎င်းတို့၏ သံအမတ်များကို ဆီးရီးယားမှ ပြန်လည်ခေါ်ယူခဲ့သည်။
မည်သည့်လူ့အခွင့်အရေး၊ လူသားဆန်မှုနှင့် ကိုယ်ကျင့်သီလဆိုင်ရာ စိတ်ခံစားချက်များကို လျစ်လျူရှုပြီး အကာအကွယ်မယ့် ဆီးရီးယားပြည်သူများကို ညှာတာထောက်ထားမှုကင်းမဲ့စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးကို ဆီးရီးယားအစိုးရက ဆောင်ရွက်နေကြောင်း ကောင်စီက ထုတ်ပြန်ခဲ့ပြီး သံအမတ်များကို ပြန်ခေါ်ရန် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအချိန်တွင် ဆီးရီးယားသမ္မတ ဘားရှားအယ်လ်အာဆတ်အပေါ် သည်းခံစိတ်ကုန်ဆုံးလာပြီဖြစ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများကလည်း ထုတ်ပြန်ခဲ့ကြသည်။ ''ရှင်ရဲ့နေ့တွေ သိပ်မကျန်တော့ပါဘူး။ ဒီအချိန်၊ လွန်သွားခဲ့ပြီဖြစ်တဲ့ အချိန်ဟာ ရှင်အနေနဲ့ တာ ၀န်ယူမှုရှိရှိ ငြိမ်ငြိမ်ချမ်းချမ်း အာဏာလွှဲပေးရမယ့်အချိန်ပါ''ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဆူဆန်ရိုက်စ်က ပြောကြားခဲ့သည်။
အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်နှင့် အမေရိကန်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့သည် သမ္မတအိုဘားမားကသာ ဆင့်ခေါ်လာပါက ဆီးရီးယားအစိုးရကို စစ်ရေးအရ အရေးယူနိုင်ရန်အတွက် အမေရိကန်စစ်ရေးစွမ်းအင်ကို အကြိုလေ့လာသုံးသပ်မှု တစ်ရပ် စတင်ပြုလုပ်နေပြီဖြစ်သည်။ အမေရိကန်သည် ဒမတ်စကတ်အစိုးရကို သံတမန်နည်းလမ်း၊ စီးပွားရေး ဖိအားတို့ဖြင့်သာ ကိုင်တွယ်ရန် စီစဉ်ထားသော်လည်း ဆီးရီးယားပြည်တွင်းအခြေအနေမှာ ဆိုးသည်ထက် ဆိုးရွားလာသောကြောင့် စစ်ရေးနည်းလမ်းကိုလည်း ပြန်လည်သုံးသပ်လာခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်အကြီးတန်းအရာရှိနှစ်ဦးက စီအင်န်အင်န် သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံအတွင်းရှိ အတိုက်အခံတို့ အင်အားကောင်းရာ ဟွမ်းပြည်နယ်၊ဟွမ်းမြို့မှ အတိုက်အခံ လှုပ်ရှားသူတစ်ဦးက အစိုးရဘက်မှ စစ်သားများသည် မြို့ကို ဒုံးကျည်များ၊ မော်တာများဖြင့်ဆက်တိုက် ပစ်ခတ်နေကြောင်း ပြောကြားခဲ့သည်။ ပစ်ခတ်မှုများကြောင့် ကြက် ခြေနီ အဖွဲ့မှ လူနာတင်ကားတစ် စီးကို ထိမှန်သွားခဲ့သလို ဆေးရုံကို ထိမှန်ခဲ့သောကြောင့် ဆရာဝန်များ နှင့် သူနာပြုများထွက်ပြေးသွားခဲ့ရ ကြောင်း ¤င်းက ပြောကြားခဲ့သည်။ ဆီးရီးယားအစိုးရ ကို တော်လှန်ပြီး ကန့်ကွက်သူများနှင့်ပူးပေါင်းလာ သည့် တပ်ဖွဲ့ဝင်များရှိနေရာ အတိုက်အခံတို့ကို လက်နက်တပ်ဆင်ပေးသည့် နည်းလမ်းကိုလည်း စဉ်းစားရန် အမေရိကန်အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းက တောင်းဆိုထားသည်။
တစ်နှစ်နီးပါးရှိပြီဖြစ်သည့် ဆီးရီးယားအကျပ်အတည်းတွင် အနည်းဆုံးလူ ၇၃၃၉ ဦး သေဆုံးခဲ့သည်ဖြစ်သည်ဟု ပြည်တွင်းရှိ အတိုက်အခံကွန်ရက်ဖြစ်သော ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ထုတ်ပြန်ထားသည်။Ref:CNN
EMG
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment