Sunday, 19 February 2012

ဘန်ကောက်မြို့တွင် ဗုံးခွဲသူများသည် အစ္စရေးသံတမန်များကို ပစ်မှတ်ထားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်





ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့များ ကားတစ်စီးကို စစ်ဆေးနေပုံ
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်တွင် ယခုသီတင်းပတ်အတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့်အဖွဲ့သည် အစ္စရေးသံတမန်များကို ပစ်မှတ်ထားတိုက်ခိုက်ရန် ရည်ရွယ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။  ထိုင်း၊ အိန္ဒိယ၊ ဂျော်ဂျီယာတို့တွင် ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး အစ္စရေးနှင့်အီရန်အကြား အပြန်အလှန်စွပ်စွဲမှုများ ပြုလုပ်ခဲ့ပြီး တင်းမာမှုမြင့်တက်ခဲ့သည်။

ယင်းအဖွဲ့၏ပစ်မှတ်မှာ အစ္စရေးသံတမန်များဖြစ်သည်ဟု ပြောနိုင်ကြောင်း ထိုင်းရဲဗိုလ်ချုပ်ကြီး Priew-pan Damapong က ဖေဖော်ဝါရီလ ၁၅ ရက်ညတွင် စီအင်န်အင်န်နှင့်အင်တာဗျူး၌ ပြောကြားခဲ့သည်။
ဘန်ကောက်ဗုံးခွဲမှုများနှင့် အိန္ဒိယနှင့်ဂျော်ဂျီယာတို့တွင် အစ္စရေးသံတမန်များကို ပစ်မှတ်ထားသော ဗုံးခွဲတိုက်ခိုက်မှုများအကြား ဆက်နွှယ်မှုများရှိကြောင်း၊ ယင်းဖြစ်စဉ်များတွင် အသုံးပြုသော ဖောက်ခွဲရေးပစ္စည်းများမှာ တူညီနေကြောင်း ထိုင်းရဲတပ်ဖွဲ့ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားထားပြီးဖြစ်သည်။

ဘန်ကောက်ဗုံးခွဲမှုများနှင့် အိန္ဒိယနှင့်ဂျော်ဂျီယာတို့တွင်  အစ္စရေးသံတမန်များကို ပစ်မှတ်ထားသော ဗုံးခွဲတိုက်ခိုက်မှုများအကြား ဆက်နွှယ်မှုများရှိ
ဘန်ကောက်ဗုံးခွဲမှုများနှင့်ပတ်သက်၍ လူနှစ်ဦးကိုဖမ်းဆီးထားပြီး စွဲချက်တင်ထားကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ မလေးရှားတွင် တတိယမြောက် သံသယဖြစ်ဖွယ် လူတစ်ဦးကို ဖမ်းထားပြီး ၎င်းကိုလွှဲပေးရန်အတွက် ထိုင်းနိုင်ငံက တောင်းဆိုထားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Piya Uthayo က ပြောကြားခဲ့သည်။  ထိုင်းနိုင်ငံမှထွက်ခွာသွားသည့် အမျိုးသမီးတစ်ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။
Ref: CNN
EMG

No comments:

Post a Comment