Thursday, 9 February 2012

အနုပညာရှင် အများအပြား ပါဝင်ကုသိုလ်ယူခဲ့သည့် မိဘမဲ့ ကလေးများ ရန်ပုံငွေ ဈေးရောင်းပွဲ




e4453 ရန်ကုန်မြို့ MCC ၀င်းအတွင်း ပရိသတ်များ စည်ကားများပြားနေသည်။ မိဘမဲ့ကလေးများ ရန်ပုံငွေ အတွက် အနုပညာရှင်များ ကိုယ်တိုင် ပါဝင်ဆင်နွှဲသည့် ဈေးရောင်းပွဲတော်သို့ လာရောက် ဆင်နွှဲနေကြခြင်း ဖြစ်သည်။ အဆိုတော် ဇော်ဝင်းထွဋ်၏ သမီးဖြစ်သူ ချန်ချန် စီစဉ်ခြင်းဖြစ်ပြီး ပဉ္စမအကြိမ်မြောက် ကျင်းပပြုလုပ် ခြင်းဖြစ်သည်။

MCC ၀င်းအတွင်းသို့ ၀င်လိုက်လျှင် အမျိုးအစားစုံ စားဖွယ်ရာများ နှင့် အသုံးအဆောင် ပစ္စည်းများကို ရောင်းချနေကြသည့် အနုပညာရှင်များကို တွေ့မြင်လိုက်ရသည်။ ဘီယာနှင့် အမြည်း ရောင်းချနေသည့် ဇော်ဝင်းထွဋ်နှင့် Emperor အဖွဲ့သား များ၊ သစ်ခွ၊ ဇီးသံဗူးစသည့် အအေးစုံရောင်းချနေသည့် အီတိုး၊ ကိုင်ဇာတင်မုံ၊ အဒီနိုတို့ကို တွေ့မြင်ရသကဲ့ သို့ မိုးအောင်ရင်နှင့် မြင့်မြတ်တို့က လည်း ၀က်သားတုတ်ထိုး ရောင်းချနေသည်။သင်ဇာဝင့်ကျော်က အာတာပူစီ မုန့်ရောင်းချပြီး ရဲလေးက FrozenYogurt(Frolick) ကို ရောင်းချခဲ့သည်။ စိုင်းစိုင်းခမ်းလှိုင်၊ ကိကိ၊ ဘန်နီဖြိုး၊ ဂျွန်တို့ကလည်း ကျား၊ မ အတွင်းခံများ ရောင်းချခဲ့ပြီး မင်းဦး က ရခိုင်မုန့်တီ၊ ရန်ရန်ချမ်းက ကြံရည်၊ သားစိုးက အာပုံ၊ စည်သူလွင် က မုန့်လင်မယား၊ ခင်လှိုင်က ဗယာကြော်၊ မတ်ပဲကြော်၊ စမူဆာ၊ သီရိဆွေ က ကိုယ်တိုင်ချက်ထားသည့် ငါးထမင်းဖြင့် ပါဝင်ရောင်းချပေးခဲ့သည်။ ငယ်ငယ်ကလည်း ကိုယ်ပိုင် လက်ရာ အာလူးပူရီကို ရောင်းချခဲ့ပြီး ရဲအောင်က ကော်ပြန့်စိမ်း၊ ကော်ပြန့်ကြော်၊ အိမ့်ချစ်က soft drink ၊ နေမင်းက ကိုယ်တိုင်ချက် စားဖွယ်စုံ တို့ ရောင်းချခဲ့ကြသည်။
မြန်မာသံ အဆိုတော်များဖြစ်သည့် ဦးမင်းနောင်၊ ဦးမောင်မောင်ကြီး၊ ထား၊ ရီရီသန့်၊ တက္ကသိုလ်လဲ့လဲ့ စသူတို့ စုပေါင်း၍ တင်တင်အေး မုန့်ဟင်းခါး နှင့် အကြော်စုံကို ရောင်းချခဲ့ပြီး အဲလက်စ်က ဆာတေး ရောင်းချခဲ့ သည်။ ထို့အပြင် နိုင်းနိုင်း ၊အောင်ရဲလင်း၊ ဟိန်းဝေယံ၊ သူထူးစံ၊ စိုးပြည့်သဇင်၊ ခင်ဘုဏ်း၊ ခင်လေးနွယ်၊ မေကဗျာ၊ ဖွေးဖွေး၊ မိုးမိုး၊ ဟန်ဇာမိုးဝင်း၊ အောင်လ စသူတို့ကလည်း မုန့်မျိုးစုံတို့ ရောင်းချပေးခဲ့ကြသည်။
အထူး အစီအစဉ်အဖြစ် လေလံတင်သည့် အစီအစဉ်ကိုလည်း ပြုလုပ်ရာ မိုးမိုးရေးဆွဲထားသည့် ပန်းချီကား၊ ရဲလေးနှင့် ညစာအတူ စားခွင့်၊ စိုင်းစိုင်း ၏ SAI လော့ကတ်ပါ ဆွဲကြိုး စသည်တို့ကို လေလံတင် ရောင်းချပေးခဲ့သည်။ ကစားနည်း အစီအစဉ်များ တွင်လည်း အနုပညာရှင်များက ပါဝင် ကစားပေးခြင်း၊ အလှူငွေလိုက်လံ ကောက်ခံပေးခြင်းများ ပြုလုပ်ခဲ့သည်။
ရန်ပုံငွေဈေးရောင်းပွဲတော်နှင့် ပတ်သက်၍ “ဒီပွဲလေးကို စီစဉ်ဖြစ် တဲ့ အဓိကရည်ရွယ်ချက်ကတော့ မိဘမဲ့ကလေးတွေကို လှူဒါန်းချင်တာကြောင့်ပါ။ အလှူငွေအနေနဲ့စုပြီး လှူလိုက်ရင် တစ်ခါပဲရမှာပါ။ အခုကတော့ အနုပညာရှင်တွေ ကိုယ်တိုင် ထူးထူးခြားခြားပါဝင်တာကြောင့် ရရှိမယ့် အလှူငွေကလည်း ထပ်တိုး သွားသလို ပါဝင်ဆင်နွှဲတဲ့ ပရိသတ်တွေလည်း ပိုပြီးပျော်ရွှင်ကြမှာပါ။ သုံးနှစ်လောက်ခြားပြီးမှ ပြန်လုပ်ဖြစ် ပေမယ့် ပရိသတ်တွေ အများကြီး လာကြသလို အနုပညာရှင်တွေကလည်း အားပါးတရ ၀ိုင်းဝန်းကူညီ ကြတဲ့အတွက် ချန်ချန်အရမ်းပဲ အားရှိပါတယ်။ ဒီနေ့ရလာတဲ့အလှူငွေ အားလုံးကို လှူဒါန်းသွားမှာပါ” ဟု ချန်ချန်က ပြောပြခဲ့သည်။
EMG

No comments:

Post a Comment