နှစ်လမ်းမောင်းအဖြစ် ခွင့်ပြုခဲ့သည့် ရွှေတိဂုံဘုရားလမ်း (အနော်ရအထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)အား တွေ့ရစဉ်
ယာဉ်သွားလာမှု လွယ်ကူမြန်ဆန်စေရန်အတွက် ယင်းကဲ့သို့ နှစ်လမ်းမောင်းစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်ကြောင်း၊ နှစ်လမ်းမောင်းစနစ် အတွက် လိုအပ်သော အချက်ပြမီးများ တပ်ဆင်ခြင်း၊ လမ်းညွှန် ဆိုင်းဘုတ်များ တပ်ဆင်ခြင်းနှင့် လမ်းအမှတ်အသားများ ရေးဆွဲခြင်းတို့ကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရှိရ ပါသည်။ “ဒီလိုခွင့်ပြုလိုက်တာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရင်က ရွှေတိဂုံဘုရားဘက်ကနေ သိမ်ကြီးဈေးဘေးကို သွားချင်ရင် လသာလမ်းဘက်နေ ပတ်ပြီးသွားရတယ်။ အခုတော့ သွားလို့ရပြီ။ ဒါပေမယ့် လမ်းထဲမှာတော့ ကားပိုကြပ်သွားတယ်”ဟု အငှားယာဉ် မောင်းနှင်သူတစ်ဦးက ပြောပြသည်။ ယင်းလမ်းပိုင်းတွင် ၂၂၆၊ ၂၀၄ စသော ခရီးသည်တင်ယာဉ်လိုင်း လိုင်းအချို့လည်း ဖြတ်သန်းသွား လာနေပြီဖြစ်ကြောင်း သိရှိရပါသည်။ EMG |
Wednesday, 8 February 2012
ယခင်တစ်လမ်းမောင်း အဖြစ်သာ ယာဉ်သွားလာမှု ခွင့်ပြုခဲ့သည့် ရွှေတိဂုံဘုရားလမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)အား နှစ်လမ်းမောင်းအဖြစ် ခွင့်ပြု
No comments:
Post a Comment