Sunday, 19 February 2012

နာမည်ကျော်ဆပ်ကပ်ပညာရှင် နိုင်ယာဂါရာ ရေတံခွန်ကိုဖြတ်ပြီး ကြိုးတန်းလျှောက်မည်






အမေရိကန်မှ နာမည်ကျော်ဆပ်ကပ်ပညာရှင် နစ်ခ်ဝါလန်ဒါသည် နိုင်ယာဂါရာရေတံခွန်ကိုဖြတ်ပြီး ကြိုးတန်းလျောက်ရန် ခွင့်ပြုချက်ရသွားပြီဖြစ်ကြောင်း သိရသည်။

အသက် ၃၃ နှစ်အရွယ်ရှိ ၀ါလန်ဒါသည် နှစ်လက်မသာထူသည့် ကြိုးတန်းပေါ်မှနေပြီး ပေ ၁၈၀၀ အကွာအဝေးကို ဖြတ်လျှောက်နိုင်မည်ဆိုပါက ယင်းကဲ့သို့သော စွမ်းဆောင်မှုမျိုးကို နိုင်ယာဂါရာရေတံခွန်၌ ပထမဆုံးလုပ်ဆောင်နိုင် သည်ဖြစ်လာမည်ဖြစ်သည်။

ဆပ်ကပ်ပညာရှင်မျိုးရိုးမှ ဆင်းသက်လာသူ ၀ါလင်ဒါသည် ရေတံခွန်ချောက် ပေ ၂၂၀ အမြင့်မှနေပြီး မိနစ် ၄၀ ခန့် ကြာမြင့်မည့် ကြိုးတန်းလျောက်မှုကို ဆောင်ရွက်ရန်အတွက် ကနေဒါအာဏာပိုင်များ၏ ခွင့်ြ့ပုချက်ကို စောင့်ဆိုင်းနေခဲ့ ရခြင်းဖြစ်သည်။
၁၈၉ ခုနှစ်က ချားစ်ဘလွန်ဒင်ဆိုသူသည် ယင်းချောက်ကိုဖြတ်ပြီး ကြိုးတန်းလျှောက်ခဲ့ဖူးသော်လည်း ရေတံခွန်ရှိရာနေရာ၏ အောက်ဘက်ခြမ်းဖြစ်သည်။ ကနေဒါနိုင်ငံ၊ အွန်တာရီယိုပြည်နယ်နှင့် အမေရိကန်၊ နယူးယောက်ခ်ပြည်နယ်အကြား နိုင်ငံတကာနယ်ခြားမျဉ်းတွင် တည်ရှိသော နိုင်ယာဂါရာရေတံခွန်တွင် စတန့်လုပ်ခြင်းကို ပိတ်ပင်ထားသည်မှာ နှစ် ၁၀၀ ကျော်ရှိပြီဖြစ်သည်။
ဝါလင်ဒါကို ကနေဒါ၊ နိုင်ယာဂါရာပန်းခြံကော်မရှင်က ခွင့်ပြုပေးခဲ့သော်လည်း ယခုကဲ့သို့ စွန့်စားမှုမျိုးမှာ အနှစ် ၂၀ မှတစ်ကြိမ်လောက်သာ ခွင့်ပြုပေးမည့်ကိစ္စဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။ ''ဒီအိပ်မက်ကို ကျွန်တော် ခြောက်နှစ်သားကတည်းက မက်ခဲ့ရတာပါ။အဲဒီအတွက် အခွင့်အရေး မရခဲ့လိုသာပါ။သေခြင်းတံခါးဝက ကြိုးတန်းလျှောက်ရမဲ့ အခွင့်အရေးပါ''ဟု ၀ါလင်ဒါက ပြောကြားခဲ့သည်။ အသက် နှစ်နှစ်သားအရွယ်ကတည်းက ဆပ်ကပ်ထဲတွင်ကြိုးတန်းလျှောက်ခဲ့သည့် ၀ါလင်ဒါ၏ အဘေးဖြစ်သူသည် Flying Wallendas ဆက်ကပ်အဖွဲ့ကို တည်ထောင်ခဲ့သူဖြစ်သည်။
အသက် ၃၃ နှစ်ရှိပြီဖြစ်သော ၀ါလင်ဒါသည် ၂၀၀၈ခုနှစ်က နယူးဂျာဆီပြည်နယ်၊ နီဝက်ခ်ရှိ မိုးမျှော်အဆောက်အအုံများအကြား ကြိုးတန်းလျောက်ခဲ့ဖူးသည်။ ဂင်းနစ်ကမ္ဘာ့စံချိန်ခြောက်ခုကို တင်ထားသူလည်းဖြစ်သည်။
Ref;Daily Mail
EMG

No comments:

Post a Comment