News And Library
Fresh News And Some Knowledge For You
Sunday, 12 February 2012
တောင်သူလယ်သမားများ စိုက်ပျိုးလိုသည့် သီးနှံကိုလွတ်လပ်စွာ စိုက်ပျိုးခွင့် ပြုသွားမည်ဟု သိရ
မကွေးတိုင်းဒေသကြီး မင်းလှမြို့ရှိ မြေပဲနုတ်သိမ်းနေသည့် လုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ်
ဓါတ်ပုံ- အောင်သူငြိမ်း (မကွေး)
ဒေသအလိုက် ၀မ်းစာဖူလုံရေးအတွက် စပါးစိုက်ပျိုးရမည် ဟူသောမူဝါဒ ကို ဆက်လက် ကျင့်သုံးမည် မဟုတ်ဘဲ တောင်သူလယ်သမားများ စိုက်ပျိုးလိုသည့် သီးနှံကို လွတ်လပ်စွာ စိုက်ပျိုးခွင့် ပြုသွားမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် က ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တက်ရောက်စဉ်
ဖေဖော်ဝါရီလ
၁၀ရက်နေ့က ပြောကြားခဲ့သည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က “လယ်သမားတွေကို သူတို့စိုက်ပျိုးချင်တဲ့ ကြိုက်နှစ်သက်ရာ သီးနှံကို စိုက်ပျိုးခွင့်ပေးမယ်။ ဈေးကွက်စီးပွားရေးစနစ်နဲ့ အညီလွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ် ရောင်းချခွင့်ပြုပြီး နိုင်ငံတကာဈေးကွက် ရရှိနိုင်ရေးအတွက် ကျွန်တော်တို့ အကူအညီ ပေးသွားဖို့ရှိပါတယ်။ လယ်သမားတွေဝင်ငွေ အရင်က ထက်တိုးအောင် ဆောင်ရွက်သွားမှာပါ”ဟု ဖြေ ကြားခဲ့သည်။
ဒေသအလိုက် ၀မ်းစာဖူလုံရမည်ဟူသော Policy ကို ပြန်လည်သုံးသပ် သင့်ပါတယ်။ မြစ်ရေတင် စီမံကိန်းများကို လေ့လာရာတွင် ဒေသ၀မ်းစာဖူလုံရေး အတွက် စပါးမစိုက်သင့်သော နေရာများတွင် စပါးစိုက်သောကြောင့် နိုင်ငံတော် အနေဖြင့်လည်း ဆုံးရှုံးရပြီး ပြည်သူများ အနေဖြင့်လည်း အကျိုးမရှိ နစ်နာလျက်ရှိကြောင်း တွေ့ရပါတယ်
ဇန်န၀ါရီလ ၃၀ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး တတိယနေ့ အစီအစဉ်တွင် ပြည်သူ့လွှတ်တော် ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော် က “ကမ္ဘာ့နိုင်ငံများသည် မိမိနိုင်ငံ၏ အားသာချက်၊ အားနည်းချက်များကို လေ့လာသုံးသပ်ပြီးလျှင် မိမိနိုင်ငံအတွက် Comparative Advantag ရှိ သည့် အကျိုးအရှိဆုံးဖြစ်သည့် ကုန်ပစ္စည်း၊ သီးနှံကိုသာ စိုက်ပျိုး ထုတ်လုပ်ကြပါတယ်။ ဒေသအလိုက် ၀မ်းစာဖူလုံရမည်ဟူသော Policy ကို ပြန်လည်သုံးသပ် သင့်ပါတယ်။ မြစ်ရေတင် စီမံကိန်းများကို လေ့လာရာတွင် ဒေသ၀မ်းစာဖူလုံရေး အတွက် စပါးမစိုက်သင့်သော နေရာများတွင် စပါးစိုက်သောကြောင့် နိုင်ငံတော် အနေဖြင့်လည်း ဆုံးရှုံးရပြီး ပြည်သူများ အနေဖြင့်လည်း အကျိုးမရှိ နစ်နာလျက်ရှိကြောင်း တွေ့ရပါတယ်”ဟု ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အစီအရင်ခံစာအပေါ် မူတည်သုံးသပ်ကာ ပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရဲထွန်းက “ကျွန်တော်တို့ ရှမ်းပြည်နယ်၊ သီပေါမြို့နယ်မှာ ရေပူရွာလို့ခေါ်တဲ့ ရေပူစမ်းရှိပြီး ပူနွေးတဲ့ရေရနိုင်တဲ့ နမ့်အွမ်ရွာကလွဲပြီး တခြားရွာတွေမှာ စပါးစိုက်ပျိုး အောင်မြင်တယ်လို့ မကြားမိပါ။ တစ်ဧကစိုက်ရင် အရင်းပြန်မရတဲ့ တောင်သူ၊ တစ်ဧကစိုက်ရင် ငွေငါးသောင်းလောက် ရှုံးတဲ့တောင်သူတွေသာ ရှိတာကြောင့် နွေးစပါးကို မစိုက်ပျိုးလိုကြပါဘူး။ တစ်ဧကစိုက်ရင် ၁၀ သိန်းမှ ၁၅ သိန်းကြား အမြတ်ကျန်တဲ့ ဖရဲတို့ တစ်ဧကစိုက်ပြီး နှစ်သိန်းလောက် အမြတ်ကျန်တဲ့ ပဲပုပ်ကိုသာ စိုက်ပျိုးလိုကြပါတယ်။ ဒါပေမယ့် နွေစပါး အောင်မြင်အောင် မစိုက်နိုင်ရင် အလုပ် က ထွက်ရမယ်လို့ပြောတာခံရတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက သူတို့ အခက်အခဲ တွေ့နေရကြောင်း ကျွန်တော် ထံ လာပြောကြပါတယ်။ အခုနှစ်မှာတော့ မအောင်မြင်တဲ့ သီးနှံကို မစိုက်ပျိုး လိုတော့ပါဘူးလို့ လာပြောကြတာ တွေလည်းရှိပါတယ်”ဟု ပြည်သူ့ လွှတ်တော် ငွေစာရင်း ကော်မတီ၏ တင်ပြချက်ကို ထောက်ခံဆွေးနွေးခဲ့သည်။
EMG
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment