Sunday, 12 February 2012

ကျန်းမာရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ နာဂါစကီတက္ကသိုလ်တို့ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်လက်မှတ်ရေးထိုး




ကျန်းမာရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ နာဂါစကီတက္ကသိုလ်တို့ပူးပေါင်း၍ ပထမအကြိမ် ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ အခမ်းအနားကို ဖေဖော်ဝါရီလ ၆ရက်နေ့က ရန်ကုန်မြို့ ဆေးသုတေသနဦးစီးဌာန (အောက် မြန်မာပြည်) တွင်ကျင်းပပြုလုပ်ခဲ့ပြီး   ဂျပန်နိုင်ငံ နာဂါစကီတက္ကသိုလ်မှ ပါမောက္ခ Takehiko Koji နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသိပ္ပံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်မြင့်၊ ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးခင်၊ ဆေးသုတေသန ဦးစီးဌာန (မြန်မာပြည်အလယ်ပိုင်း) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်း နိုင်ဦးတို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သဘောတူညီချက်များအရ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ နာဂါစကီတက္ကသိုလ်တို့မှ ပညာရှင်နှင့်ပညာသင်များ အပြန်အလှန်စေလွှတ်ခြင်း၊ သင်ကြားရေးနှင့် သုတေသန အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးကူညီပေးခြင်းနှင့် ပညာရပ် ဆိုင်ရာ လုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။By EMG
  

No comments:

Post a Comment