Saturday, 28 January 2012

ဗီယက်နမ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ ကမ္ဘာ့အများဆုံး ဆန်တင်ပို့မှုနိုင်ငံနေရာတွင် ၀င်ရောက်လာနိုင်ဖွယ်ရှိ





w7_1622 ထိုင်းအစိုးရ၏ ထိုင်းဆန်ဈေးနှုန်းများမြင့်တက်စေရမည်ဆိုသော ကတိပြုမှုစီမံကိန်းကြောင့် ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့မှုနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ၏ နေရာသို့ အစားထိုးဝင်ရောက်လာနိုင်ကြောင်း ပို့ကုန်ကျွမ်းကျင်သူများမှ ခန့်မှန်းထားကြပါသည်။
ထိုင်းဆန်တင်ပို့သူများ အဖွဲ့အစည်း၏ စာရင်းများအရ ၎င်းတို့၏ ဆန်တင်ပို့မှုသည် ယခုနှစ်အတွင်း ၆ ဒသမ ၅ သန်းအထိ ကျဆင်းသွားမည်ဖြစ်ပြီး ယင်းပမာဏသည် ယခုဆယ်စုနှစ်အတွင်း အနိမ့်ဆုံးပမာဏဖြစ်သည်။ ကမ္ဘာ့ဈေးကွက်အတွင်း ထိုင်းဆန်ဝေစုသည်လည်း ယမန်နှစ်က ၃၀ ဒသမ ၂ ရာခိုင်နှုန်းအထိရှိရာမှ ယခုနှစ်တွင် ၂၀ မှ ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဖြစ်သည်ဟု ခန့်မှန်းထားသည်။

အခြားသော ထိုင်းဆန်တင်ပို့မှုအတွက် အနှုတ်လက္ခဏာများမှာ ဖေဖော်ရီလက တင်ပို့ရက် ကျော်လွန်သွားသော ဆန်များအား အိန္ဒိယမှ အစားထိုးတင်ပို့ခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်သည်  ယခုနှစ်အတွင်း ဂျက်စမင်ဆန်များအား နှစ်ဆတိုး၍ တန်ချိန် ၈၀၀၀၀ အထိ တိုးမြှင့်တင်ပို့သွားမည်ဖြစ်ပြီး အခြားသော ဆန်စိုက်ပျိုးသည့်နိုင်ငံများဖြစ်သည့် ဘရားဇီးနှင့် ဥရုဂွေးတို့၏ ဆန်တင်ပို့မှုများသည်လည်း မြင့်တက်လာခဲ့သည်။ ကမ္ဘောဒီးယားမှလည်း ယခုနှစ်အတွင်း ဆန်တန်ချိန်တစ်သန်း တင်ပို့ဖွယ်ရှိ၍ မြန်မာနိုင်ငံမှ ပေါင်းဆန်များ၏ တင်ပို့မှုသည်လည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာပါသည်။
ကမ္ဘာပေါ်ရှိ စားသုံးသူများ၏ တောင်းဆိုချက်များနှင့် ထိုင်းဆန်များ၏ အရည်အသွေးကောင်းမွန်မှု မျှတသောအပေးအယူများကြောင့် ထိုင်းဆန်များသည် ဈေးကောင်းရလျက်ရှိပြီး ဆန်တင်ပို့မှုတန် ၆ ဒသမ ၅ သန်းအထိ ကျဆင်းသွားမည်ဆိုသည်မှာ ယုံကြည်နိုင်ဖွယ်မရှိကြောင်း ထိုင်းဒုတိယ၀န်ကြီးချုပ်နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ကစ်တီရက်နာရာရောင်းက ပြောကြားသွားပါသည်။
ထိုင်းပို့ကုန်တင်ပို့သူများအဖွဲ့ဥက္ကဋ္ဌ ကော့ဘ်ဆွတ်ခ်အီယမ်ဆူရီက  ''ထိုင်းနိုင်ငံဟာ ပြိုင်ဘက်နိုင်ငံများနဲ့ယှဉ်ရင် ဆန်ဈေးနှုန်းဟာ အရမ်းမြင့်နေပါတယ်။ ထို့ကြောင့် အစိုးရရဲ့ ဆန်ဈေးနှုန်းမြင့်တက်စေရဆိုသော စီမံကိန်းကို လျော့ချသင့်ပါတယ်''ဟု ပြောကြားသွားပါသည်။
w7_1622_1 ''ထိုင်းဆန်တွေရဲ့ ဈေးနှုန်းမြင့်မားမှုကြောင့် ဒီနှစ်မှာမျှော်မှန်းသည်ထက် ဆန်တန်ချိန် တစ်သန်းနီးပါး လျော့ကျနိုင်ပါတယ်။ ထိုင်းရဲ့ ဂျက်စမင်ဆန်တွေဟာ တစ်တန်ကို ဒေါ်လာ ၁၃၀၀ ရှိနေချိန်မှာ ဗီယက်နမ်ရဲ့ ဂျက်စမင်ဆန်တစ်တန် ဈေးနှုန်းဟာ ဒေါ်လာ ၇၀၀ ပဲရှိပါတယ်''ဟု ထိုင်းပို့ကုန်တင်ပို့သူများအဖွဲ့ ဒုတိယဥက္ကဋ္ဌမှ ပြောကြားသွားပါသည်။
ထိုင်း၏ ယခုနှစ် ဆန်တင်ပို့မှု မှာခန့်မှန်းခြေအတိုင်း တန် ၆ ဒသမ ၅ သန်းသာရှိပါက  ယမန်နှစ် ဆန်တင်ပို့မှုနှုန်းတန် ၁၀ ဒသမ ၅ သန်း နှင့်နှိုင်းယှဉ်လျှင် ၃၈ ဒသမ ၁ ရာ ခိုင်နှုန်း လျော့ကျသွားခြင်းဖြစ်ပါသည်။
Ref:The Nation
EMG

No comments:

Post a Comment