Sunday, 22 January 2012

တက္ကသိုလ် သင်ကြားမှုပုံစံ ပြောင်းလဲရန် အချိန်ယူရမည်ဟု ပညာရှင်များသုံးသပ်



ဘွဲ့လွန်သင်တန်း ကျောင်းသားများအား သင်ကြားမှုပုံစံ ပြောင်းလဲရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ဘွဲ့လွန်ကျောင်းသားများအား သင်ကြားရာတွင် ယခင်သင်ကြားသည့် Teacher Centered မဟုတ်ဘဲ ကျောင်းသားများကို အလေးထားသင်ကြားသည့် Student Centered ကို အဓိကထားသင်ကြားရန် စီစဉ်နေကြောင် သတင်းများထွက်ပေါ်နေပြီး၊ တက္ကသိုလ်များတွင် တရားဝင်မဟုတ်သည့် ပြောဆိုမှုများ ရှိကြောင်း သိရသည်။
သင်ကြားမှုပုံစံ ပြောင်းလဲခြင်းရှိမရှိနှင့် ပတ်သက်၍ မော်လမြိုင်တက္ကသိုလ် မှတွဲဖက် ပါမောက္ခ တဦးအား မေးမြန်းရာ မော်လမြိုင် တက္ကသိုလ် ကိုတော့ သင်ကြားရေး ပုံစံပြောင်းလဲဖို့ ညွန်ကြားချက် ဘာမှ မရသေးဘူးဗျ၊ ဒီသတင်းမှန်ရင်တော့ မကြာခင် သိလာရမှာဘဲ။ တခုတော့ရှိတယ် သင်ကြားရေး ပုံစံပြောင်းလဲဖို့ ဆိုတာ ကျနော့်အတွေ့အကြုံအရဆို နောင် (၁၀)နှစ် (၁၅) ဆိုရင် ဖြစ်နိုင်ခြေရှိတယ်၊ ကျနော် လွန်ခဲ့တဲ့ ၁၆ နှစ်လောက်က နိုင်ငံခြားတက္ကသိုလ် တခုမှာ ဘွဲ့လွန် တက်ခဲ့တယ်။ သူတို့ရဲ့ တက္ကသိုလ်ဆိုတာ ဗဟိုထိမ်းချုပ်မှု ကင်းတဲ၊့ အာဏာပိုင်တွေနဲ့ မပတ်သက်တဲ့ နေရာဖြစ်နေတယ်ဟုပြောဆိုခဲ့သည်။
မြန်မာနိုင်ငံဒုတိယ သမ္မတ စိုင်းမောက်ခမ်းမှ မြန်မာနိုင်ငံတွင် တက္ကသိုလ်ကောလိပ် ၁၆၁ ခုရှိပြီး နှစ်စဉ် ဘွဲ့ရ တစ်သိန်းကျော် ပေါ်ထွက်နေသော်လည်း အရည်အချင်း ညံ့ဖျင်းသည့် ဘွဲ့ရများ တွေ့နေရသည့် အတွက် သင်ကြားရေး ပုံစံများပြောင်းရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
ဒေါက်တာ စိုင်းမောက်ခမ်း၏ ပြောဆိုမှုနှင့်ပတ်သက်၍ ပြောရရင်တော့ဗျာ နိုင်ငံတော် ဘတ်ဂျက်ခွဲဝေမှု မှာ စစ်ရေးအတွက် သုံးတဲ့ငွေကို ပညာရေးအတွက် သုံးရင်တော့ ဖြစ်နိုင်ပါတယ်၊ ဒီလိုဖြစ်ဖို့က နောင် (၁၀) နှစ် အနည်းဆုံးလိုတယ်လေ၊ စနစ်တခုကနေ တခုကိုပြောင်းတယ် ဆိုတာ ပြောသလောက် ထင်သလောက် မလွယ်ဘူး၊ အခုကတည်းက စပြောင်းမှ နောင် (၁၀) နှစ်လောက်ဆို အဆင်ပြေမယ်ဟု ဝေဘန်ပြောဆိုခဲ့သည်။
ဒီလိုပြောင်းလဲဖို့ ပထမဆုံးလုပ်ရမှာက တက္ကသိုလ်ဆရာ တွေကို သင်တန်းပေးရမယ်၊ ဆရာတွေရော ကျောင်းသားတွေရော ခေါက်ရိုးကျိုးနေတဲ့ သင်ကြားမှု၊ လေ့လာမှုနဲ့ ယဉ်ပါးနေတော့ အချိန်တော့ ယူရမယ်၊ ကောင်းတဲ့လက္ခဏာဘဲလို့မြင်တယ်ဟုပြောဆိုခဲ့သည်။ နိုင်ငံခြားတက္ကသိုလ်များကဲ့သို့ သင်ကြားနိုင်ရေးသည် အရေးကြီးကြောင်း၊ သို့ရာတွင် သင်ထောက်ကူ ပစ္စည်းများကို နှစ်တိုအတွင်း ဖြည့်ဆည်းရန် ဖြစ်နိုင်ခြေ မရှိကြောင်း ပြောဆိုခဲ့သည်။
ရန်ကုန်တက္ကသိုလ်သမိုင်းဌာနမှ ပါမောက္ခတဦးအား မေးမြန်းရာ ခင်ဗျားမေးတဲ့ ကိစ္စကို ကျနော် မသိရသေးဘူး၊ ဟုတ်ရင်လည်းဟုတ်မှာပေါ့၊ သူတို့က ပညာရေးကို ခဏခဏ ပြောင်းတာ ကောင်းတယ်လို့ ထင်တာကိုး၊ မြန်မာနိုင်ငံကို ခေတ်မှီနိုင်ငံ ဖြစ်ချင်ရင်တော့ နိုင်ငံရေးစနစ်နဲ့အတူ ပြောင်းလဲရမှာက ပညာရေးနဲ့ စီးပွားရေးဘဲ၊ ဒီဟာတွေကို မပြောင်းဘဲနဲ့ ခေတ်မှီချင်တယ်ဆိုရင်တော့ စိတ်ကူးယဉ် ဆန်တာပဲ၊ ဒုသမ္မတပြောတဲ့ ကျောင်းသားတွေက အရည်အချင်းမရှိတာ မဟုတ်ဘူး၊ နိုင်ငံကို အုပ်ချုပ်တဲ့ လူက အရည်အချင်းမရှိတာဒုသမ္မတ၏ ကျောင်းသားများအပေါ် မှတ်ချက်မှုကို ဝေဖန်ပြောဆိုခဲ့သည်။ 
မောက္ခ ပညာရေးမှ

No comments:

Post a Comment