Monday, 30 January 2012

အော်တိုတယ်လီဖုန်းမှ ပြည်ပဖုန်းခေါ်ဆိုခ နှုန်းထားများအား လျော့ချပေးသွားရန်ရှိ




အော်တိုတယ်လီဖုန်းများ၏ ပြည်ပဖုန်းခေါ်ဆိုခ နှုန်းထားများအား လာမည့်ဖေဖော်ဝါရီလကုန်ပိုင်းတွင် လျော့ချပေးသွားရန်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
အဆိုပါ အော်တိုတယ်လီဖုန်းများ၏ ပြည်ပခေါ်ဆိုခမှာ လက်ရှိကာလတွင် မိုဘိုင်းဖုန်းများထက် ဈေးနှုန်းမြင့်မားလျက်ရှိသည့်အတွက် ၎င်းဖုန်းမှပြည်ပသို့ခေါ်ဆိုသည့် နှုန်းထားများအား လျော့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''ဖေဖော်ဝါရီလကုန်မှာ အော်တိုတယ်လီဖုန်းတွေရဲ့ နိုင်ငံခြားခေါ်ဆိုခတွေကို လျော့ချပေးသွားဖို့ အတည်ပြုထားပါတယ်။ မကြာခင် အများပြည်သူကို ကြေငြာပေးသွားမှာပါ။ အော်တိုတယ်လီဖုန်းကနေ ပြည်ပကိုခေါ်တာက မိုဘိုင်းဖုန်း ထက် ဈေးပိုကြီးပါတယ်။ အဲဒါကို လျော့ချပေးသွားမှာပါ။ အခုသုံးနေကြတဲ့ pfingo အင်တာနက်ဖုန်းဆိုရင်လည်း ဈေးနှုန်းလဲများသလို ကွာလတီလည်းမကောင်းပါဘူး။ မကြာခင် ဖေဖော်ဝါရီလအတွင်းမှာပဲ ရတနာပုံတယ်လီပို့နဲ့ ပူးပေါင်း ဆောင်ရွက်ထားတဲ့ Ytalk အင်တာနက်ဖုန်းကို စပေးတော့မှာပါ။ pfingo ထက်သာတဲ့ နှုန်းထားနဲ့ ရောင်းပေးသွားမှာပါ'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှုး ဦးဣဒ္ဓိလှက ပြောကြားသည်။
EMG

No comments:

Post a Comment