Sunday, 15 January 2012

နေပြည်တော်တွင် ၂၀၁၁ အတွင်း ယာဉ်တိုက်မှုကြောင့်သေဆုံးမှုစံချိန်တင်

နေပြည်တော်ကောင်စီ နယ်မြေအတွင်း ၂၀၁၁ ခုနှစ်အတွင်း၌ ယာဉ်တိုက်ခိုက် တိမ်းမှောက်မှု ၄၀၁ မှု၊ ဒဏ်ရာရ ၉၃၅ ဦး၊ သေဆုံးသူ ၂၁၂ ဦးရှိခဲ့ပြီး ယခင်နှစ်များ နှင့်နှိုင်းယှဉ်ပါက သေဆုံးသူဦးရေ စံချိန်တင် များပြားခဲ့ကြောင်း နေပြည်တော် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သိရသည်။
"အရင်နှစ်တွေက ဆိုင်ကယ်ကြောင့် ယာဉ်မတော်တမှု၊ သေဆုံးမှုတွေ အများ ဆုံးဖြစ်ခဲ့တယ်။ ဒီနှစ်မှာတော့ မော်တော် ကားကြောင့် ဖြစ်တာ၊ သေတာများတယ်" ဟု နေပြည်တော်ယာဉ်ထိန်း တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

၂၀၀၉ ခုနှစ်တွင် ယာဉ်တိုက်ခိုက်မှု ၂၇၉ မှု၊ ဒဏ်ရာရ ၄၆၉ ဦး၊ သေဆုံး ၁၁၇ ဦးနှင့် ၂၀၁၀ ပြည့်နှစ်တွင် ယာဉ်တိုက် ခိုက်မှု ၃၃၂ မှု၊ ဒဏ်ရာရ ၅၆၃ ဦး၊ သေဆုံး ၁၇၈ ဦးနှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် ယာဉ်တိုက်ခိုက်မှုသာမက ဒဏ်ရာရ၊ သေဆုံးအရေအတွက်ပါ စံချိန်တင် များပြားခဲ့သည်။
မော်တော်ကားကြောင့် ဖြစ်ပွားမှု ၂၄၀ မှု၊ သေဆုံးသူ ၁၂၄ ဦးရှိခဲ့ပြီး ယာဉ် တိုက်ခိုက်မှု၊ သေဆုံးမှုများ၏ ထက်ဝက် ကျော် ရှိခဲ့သည်။
မြို့နယ်အလိုက် ယာဉ်တိုက်ခိုက်မှု ကြောင့် သေဆုံးမှုအများဆုံးမှာ တပ်ကုန်း မြို့ဖြစ်ပြီး ယာဉ်တိုက်ခိုက်မှု ၅၆ မှု၊ သေဆုံး သူ ၄၁ ဦးနှင့် ဒက္ခိဏသီရိမြို့နယ်တွင် ၁၃ မှု၊ ငါးဦးသာသေဆုံးခဲ့ပြီး အနည်းဆုံးဖြစ် ခဲ့သည်။ နေပြည်တော်ရှစ်မြို့နယ်တွင် လမ်း များကောင်း မွန်ခြင်းကြောင့် ယာဉ်များ အရှိန်ပြင်းမောင်းနှင်ခြင်း၊ အရက်သေ စာသောက်စားမောင်းနှင်ခြင်း၊ ဆိုင်ကယ်စီးသူများကလည်း နှစ်ယောက်ထက် ပိုစီးခြင်း၊ ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်း၊ ယာဉ်စည်းကမ်း လမ်း စည်းကမ်း သိရှိလိုက်နာမှုအားနည်းခြင်း များကြောင့် ယာဉ်တိုက်ခိုက်သေဆုံး မှုများနေကြောင်း ၎င်းက ပြောသည်။
လူဦးရေ သန်း ၆၀ ခန့်ရှိသော မြန်မာ နိုင်ငံတွင် ၂၀၁၁ ခုနှစ်၌ ယာဉ်တိုက်ခိုက်မှု ကြောင့် လူတစ်သိန်းလျှင် ၁၁ ဒသမ ၆ ဦးသေဆုံး ခဲ့ပြီး လူဦးရေတစ်သန်းခန့် သာရှိသော နေပြည်တော် ကောင်စီနယ် မြေတွင်မူ လူတစ်သိန်းလျှင် ၂၁ ဒသမ ၂ ဦး သေဆုံးမှုရှိခဲ့သည်။
ယာဉ်စည်းကမ်းဖောက်ဖျက်မှုတစ်မှု လျှင် နေပြည်တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၆ အရ သုံးလထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်တစ်သိန်း ထက်မပိုသော ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ် ရပ်စလုံးဖြစ်စေ ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
By Myanmar Times

No comments:

Post a Comment