Monday, 23 January 2012

ခေါင်းဆောင်သစ် ကင်ဂျုံအွန် မြောက်ကိုရီးယားစစ်တပ်သို့အလည်အပတ်ရောက်ရှိ

w7_1621
နိုင်ငံ့ခေါင်းဆောင်သစ်အနေဖြင့်သာမက စစ်ဘက်ခေါင်းဆောင်အဖြစ်ပါ ယုံကြည်မှုတည်ဆောက်နေသော မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအွန်သည် မြောက်ကိုရီးယား စစ်တပ်၊ တပ်ဖွဲ့တစ်ခုသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ကြေညာသည်။
ကင်၏စစ်စခန်းသို့ လာရောက်ပြီး စစ်သည်များနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးမှုတွင် စစ်သားများက စိတ်အားထက်သန်စွာဖြင့် မျက်ရည်လည်ရွှဲပျော်ပွဲဆင်ခဲ့ကြသည်ဟု ကိုရီးယားဗဟိုသတင်းအေဂျင်စီက ၀ါဒဖြန့်ချိထုတ်ပြန်သည်။ ကင်ဂျုံ အီလ်နေရာဆက်ခံသူ ကင်ဂျုံအွန်၏ စစ်စခန်းသို့ တစ်လအတွင်း ဒုတိယအကြိမ်မြောက် လည်ပတ်မှုဖြစ်သည်။
ကင်ဂျုံအွန်၏ခရီးစဉ်တွင် ထူးခြားချက်အနေဖြင့် သွားရောက်သည့်နေရာကို ဖခင်ကဲ့သို့လျို့ဝှက်ထားခဲ့ခြင်းမရှိပေ။ မြောက်ကိုရီးယားအစိုးရသည် ကင်ဂျုံအွန်ကို ဖခင်ကင်ဂျုံအီလ်၊ အဘိုးကင်အီလ်ဆွန်းတို့ကဲ့သို့ပင် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုရှိစေရန် ၀ါဒဖြန့်ချိရေးကို အားစိုက်လုပ်ကိုင်လျက်ရှိသည်။
EMG

No comments:

Post a Comment