Friday, 27 January 2012

ဂျပန်ဧကရာဇ်နှင့် တွေ့ဆုံရန်အတွက် ရေကူးပြီး နန်းတော်ထဲဝင်သူ အဖမ်းခံရ



ဂျပန်ဧကရာဇ်နှင့် တွေ့ဆုံရန်အတွက် ဇန်န၀ါရီ ၂၂ ရက်နေ့တွင် ကျုံးကိုဖြတ်ပြီး ရေကူးကာနန်းတော်ဝန်းအတွင်းဝင်ရောက်သည့် အမျိုးသားတစ်ဦးကို ရဲများက ဖမ်းဆီးခဲ့သည်။
နိုင်ငံရေးလှုပ်ရှားမှု ကင်းရှင်းသည်ဟု ထင်ရသည့် အသက် ၃၀ အရွယ်အဆိုပါအမျိုးသားက  ဂျပန်ဧကရာဇ်နှင့်တွေ့ဆုံလိုသည့်အတွက် ရေကူးဝင်လာခြင်းဖြစ်သည်ဟု နန်းတော်စောင့်တာဝန်ကျသည့် ၀န်ထမ်းတစ်ဦးကို ပြောကြားခဲ့သည်။
ကျုံးဝန်းကျင်ရှိ လူသွားလမ်း ဘက်အခြမ်းတွင် ၎င်း၏ အ၀တ်အစားများကို တွေ့ခဲ့ကြောင်းနှင့် ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုပြုရန်အတွက်အဆိုပါ အမျိုးသား၏ စိတ်ကျန်းမာရေးအခြေအနေကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ရဲများက ပြောကြားခဲ့သည်။

ဇန်န၀ါရီ ၂၂ ရက်နေ့ မိုးနှင်းဖွဲဖွဲကျသော်လည်း တိုကျိုတွင် မိုးများရွာသွန်းပြီး အပူချိန်မှာ ၄ ဒသမ ၀ ဒီဂရီဆဲလ် စီယပ်စ်ဝန်းကျင်ရှိကြောင်း သိရှိရသည်။    
Ref:AFP
EMG

No comments:

Post a Comment