News And Library
Fresh News And Some Knowledge For You
Saturday, 28 January 2012
မော်လမြိုင်မှ အရေးပေါ်လူနာတစ်ရာကျော်အား ရန်ကုန်သို့လာရောက် ဆေးကုသနိုင်ရန် လူနာတင်ယာဉ်များဖြင့် အခမဲ့ပို့ဆောင်
မော်လမြိုင် စေတနာအခမဲ့ကုသိုလ်ဖြစ်ဆေးခန်းမှ လူနာတင်ယာဉ်
မော်လမြိုင်မြို့မှ အရေးပေါ် လူနာတစ်ရာကျော်အား
ရန်ကုန်မြို့
သို့ လာရောက်ကာ ဆေးကုသမှုခံယူနိုင်ရန်အတွက် လူနာတင်ယာဉ်များဖြင့် အခမဲ့ပို့ဆောင်ပေးလျက်ရှိကြောင်း မော်လမြိုင်မြို့၊ စေတနာ အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းမှ သိရှိရသည်။
''နယ်မှာ လူနာတစ်ယောက် အရေးပေါ်ဖြစ်ပြီဆိုပါတော့။ ရန်ကုန်ကိုလာဖို့အတွက် ကားအခက်အခဲရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စေတနာအခမဲ့ကုသိုလ်ဖြစ် ဆေးခန်းက လူနာတင်ယာဉ်နဲ့ပို့ဆောင်ပေးပါတယ်။ ဒီနေ့ ဇန်န၀ါရီလ ၂၃ ရက် ရန်ကုန်လာတာက လည်း ကျွန်တော်တို့ဆေးခန်းက လူနာတစ်ယောက် အရေးပေါ်အခြေအနေနဲ့ ရန်ကုန်ဆေးရုံကြီးကို တင်ဖို့ လိုအပ်နေလို့ ကျွန်တော်တို့ လာခဲ့ကြတာပါ။ အခုလိုမျိုးပို့ဆောင်ပေးနေတာ လူနာ ၁၀၀ ကျော်ရှိပါပြီ'' ဟုလည်း မော်လမြိုင်စေတနာအခမဲ့ ကုသိုလ်ဖြစ်ဆေးခန်းမှ ဒုဥက္ကဋ္ဌ ဦးမောင်အေးက ပြောကြားခဲ့ပါသည်။
မော်လမြိုင်မြို့တွင် အခမဲ့ဆေးခန်း ဖွင့်လှစ်ထားခြင်းနှင့်ပတ်သက်ပြီး ''ဒီဆေးခန်းကိုစဖွင့်တာ တစ်နှစ် ကျော်ပါပြီ။ အထွေထွေရောဂါကု တယ်ပေါ့။ ဆေးခန်းမှာ ဆရာဝန်တွေရော သန့်ရှင်းရေးဝန်ထမ်းတွေပါ အခမဲ့ကုသိုလ်ယူနေကြတာပါ။ ဆရာဝန် - ၁၅ဦးက အလှည့်ကျ လာထိုင်သလို အလုပ်သမားက ၄ ဦးနဲ့ တခြားသူနာပြုဆရာမတွေ အပါအ၀င်ဆိုရင်တော့ ၀န်ထမ်းအင်အားက ၅၀ နဲ့ ၆၀ ကြား ရှိနေပါတယ်'' ဟုလည်း ဦးမောင်အေးက ဆက်လက်ပြောကြားခဲ့သည်။
EMG
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment