Tuesday, 24 January 2012

ထုတ်လုပ်မှုနှင့်ကုန်သွယ်မှု မြှင့်တင်ရေးဆွေးနွေးပွဲ ကျင်းပ

ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးဆွေးနွေးပွဲကို ဇန်နဝါရီလ၃ ရက်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။


ပြည်တွင်းထုတ် အရက်အတုနှင့် ပြည်ပမှတရားမ၀င်တင်သွင်းသည့် အရည်အသွေးနိမ့်ဆေးဝါးများကြောင့် အများပြည်သူ ထိခိုက်ခံစားနေရဟု စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီးပြောကြား

ပြည်တွင်းထုတ် အရက်အတုနှင့် ပြည်ပမှ တရားမ၀င်တင်သွင်းသည့် အရည်အသွေးနိမ့်ဆေးဝါးများကြောင့် အများပြည်သူ ထိခိုက်ခံစားနေရဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။

ကျေးးရွာ ၁၀ ရွာတွင် ၆ ရွာ၌ အရက်တုနှင့် အရည်အသွေးနိမ့်ဆေးဝါးများ ပြန့်နှံ့သုံးစွဲနေရသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဇန်န၀ါရီလ၃ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆွေးနွေးပွဲ၌ ပြောကြားခဲ့ပါသည်။
ပြည်တွင်းထုတ် အရက်တုများကြောင့် ကျေးလက်နေတောင်သူများ၊ လယ်ယာလုပ်သားများ၏ အခြေအနေကို ပြည်ထောင်စုဝန်ကြီးက "ကျေးရွာ ၁၀ ရွာမှာ ၆ ရွာလောက်က အရက်အတုနဲ့ ပြည်ပနိုင်ငံက တရားမ၀င်တင်သွင်းတဲ့ အရည်အသွေးနိမ့် ဆေးဝါးတွေသုံးနေတယ်။ ဧရာဝတီတိုင်းဒေသကြီးရော စစ်ကိုင်းတိုင်းဒေသကြီးမှာပါ တွေ့ရတယ်။ အရက်တုသောက်တဲ့သူတွေဆို မျက်နှာတွေဖောရောင်နေတယ်။ အသက်အရွယ်နဲ့မလိုက် အိုမင်းနေတယ်။ အဲလိုပုံစံတွေကို သေချာသိအောင်ပြချင်ပါတယ်။ ဒီကိစ္စတွေကို မီဒီယာတွေအနေနဲ့လည်း ရေးသားစေချင်ပါတယ်"ဟု ပြောကြားခဲ့ပါသည်။

မှောင်ခိုတင်သွင်းမှုများအား သုံးလအတွင်း လျော့ကျသွားစေရန် ဆောင်ရွက်မည်

မှောင်ခိုတင်သွင်းမှုများအား သုံးလအတွင်း လျော့ကျသွားစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။
"မှောင်ခိုတွေ လိမ့်သွင်းတဲ့အတွက် ပြည်တွင်းက ကုန်ပစ္စည်း ထုတ်လုပ်သူတွေ စက်ရုံတွေတောင် ပိတ်ရတော့မယ့် အခြေအနေတောင် ရှိနေတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရတယ်။
ကျွန်တော်တို့ မှောင်ခိုပစ္စည်းအဓိကဝင်တဲ့ မင်္ဂလာဈေး၊ သိမ်ကြီးဈေးနဲ့ စက်မှုဇုန်တွေအထိဆင်းပြီး အစည်းအဝေးတွေလုပ်မယ်။ ဘယ်ဟာက မှောင်ခိုပစ္စည်း၊ ဘယ်ဟာက တရားဝင်ပစ္စည်းဆိုတာ ရှင်းပြမယ်။ ဒီလိုရှင်းပြပြီး အသိပေးပြီးမှ မှောင်ခိုပစ္စည်းဆို အခွန်ဘယ်လို ဆောင်ရမယ်ဆိုတာ လုပ်မယ်။ လုပ်တဲ့အခါမှာ ကျွန်တော်တို့ သုံးလအတွင်း၊ ရက် ၉၀ အတွင်းပေါ့ဗျာ လျော့ကျအောင်လုပ်သွားမယ်" ဟု နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။  


မြန်မာနိုင်ငံ၏ ဘက်ဂျက်ရေးဆွဲရန်အတွက် သြစတြေးလျပညာရှင်များက အကူအညီပေးမည်

မြန်မာနိုင်ငံ၏ ဘက်ဂျက် ရေးဆွဲရာတွင် သြစတြေးလျနိုင်ငံမှ ပညာရှင်များက အကူအညီပေးမည်ဟု နိုင်ငံတော်သမ္မတ၏ အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါသည်။
"ဂက်စ်ကဘယ်လောက်ရတယ်၊ ဘာတွေသုံးနေပါတယ်၊ ဘက်ဂျက်က ဘယ်လောက်ရတယ်၊ ဘာတွေသုံးနေပါသလဲ ဆိုတာ ရှိရမယ်။ မြန်မာနိုင်ငံမှာ အရင်ကလည်း ဘက်ဂျက်ရေးဆွဲဖို့အတွက် ဟားဗက်တက္ကသိုလ်က လာလုပ်ပေးဖူးတယ်။ အခုလည်း ဒါမျိုးတွေ လုပ်သင့်တယ်။ ဘက်ဂျက်ကိစ္စ သြစတြေးလျကို အကူအညီ တောင်းထားတယ်။ သြစတြေးလျက အကူအညီပေးမယ်" ဟု နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ပြောကြားခဲ့ပါသည်။

ဇန်န၀ါရီလ၄ ရက်နေ့မှစ၍ အရန်ဆန်တန်ချိန် တစ်သိန်းစတင်ဝယ်ယူမည်၊ ၀ယ်ယူရန် ငွေကျပ် ဘီလျံ ၃၀ အား စတင်ထုတ်ပေးမည်ဟု စီးပွားကူးသန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

ဇန်န၀ါရီလ၄ ရက်နေ့မှစ၍ အရန်ဆန်တန်ချိန် တစ်သိန်းစတင် ၀ယ်ယူမည်ဖြစ်ပြီး ၀ယ်ယူရန် ငွေကျပ် ဘီလျံ ၃၀ အား စတင်ထုတ်ပေးမည်ဖြစ်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။
"မနက်ဖြန် ဇန်န၀ါရီလ၄ ရက်နေ့ကစပြီး အရန်ဆန် တန်ချိန်တစ်သိန်းကို စ၀ယ်မယ်။ ၀ယ်ဖို့ ကျပ်ဘီလျံ ၃၀ ကိုလည်း စထုတ်ပေးမယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။
ဝယ်ယူရာတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့နှင့်အနောက်)၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် အဓိက၀ယ်ယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
မြ၀တီ-ကော့ကရိတ်လမ်းအား တစ်နှစ်ခွဲအတွင်းအပြီးဖောက်လုပ်မည်

ကရင်ပြည်နယ်အတွင်းရှိ မြ၀တီ-ကော့ကရိတ်လမ်းအား တစ်နှစ်ခွဲအတွင်း အပြီးဖောက်လုပ်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။

"ကရင်ပြည်နယ်က ပြည်နယ်ဝန်ကြီး တင်ပြသွားတာတွေလည်း ကောင်းပါတယ်။ အခုဆို မြ၀တီနဲ့ ကော့ကရိတ်လမ်းကို တစ်နှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားဖို့ ရှိပါတယ်။ ADB ကပေးမယ်။ ထိုင်းက တာဝန်ယူထားပေမယ့် မဖောက်ဖြစ်ခဲ့ဘူး။ အခုထိုင်းကပြန်ပေးတယ်" ဟု နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်အတွင်းရှိ မြ၀တီ-ကော့ကရိတ်လမ်းအား တစ်နှစ်ခွဲအတွင်း အပြီးဖောက်လုပ်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။
"ကရင်ပြည်နယ်က ပြည်နယ်ဝန်ကြီး တင်ပြသွားတာတွေလည်း ကောင်းပါတယ်။ အခုဆို မြ၀တီနဲ့ ကော့ကရိတ်လမ်းကို တစ်နှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားဖို့ ရှိပါတယ်။ ADB ကပေးမယ်။ ထိုင်းက တာဝန်ယူထားပေမယ့် မဖောက်ဖြစ်ခဲ့ဘူး။ အခုထိုင်းကပြန်ပေးတယ်" ဟု နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
EMG

No comments:

Post a Comment