Wednesday, 18 January 2012

နိုင်ငံခြားသင်္ဘောတစ်စီးအား လက်နက်ပါသည်ဟုမသင်္ကာ၇်ျ စစ်ဆေးနေ

အေးရှားဝေါလ် ဆိပ်ကမ်း
ရန်ကုန်မြို့ အလုံမြို့နယ်ရှိ အေးရှားဝေါလ် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် C T P Fortune သင်္ဘောအား လက်နက်သေတ္တာများ ပါရှိသည်ဟု သံသယရှိသဖြင့် သင်္ဘောပေါ်မှ ကုန်သေတ္တာ ၅၃ လုံးကို ယနေ့ စတင်စစ်ဆေးနေကြောင်း ဆိပ်ကမ်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရှိရသည်။

ယင်းသင်္ဘောမှာ မည်သည့်နိုင်ငံတွင် မှတ်ပုံတင်ထားသည့် သဘောင်္ဖြစ်သည်ကိုမူ မသိရှိရသေးသော်လည်း ဆိပ်ကမ်း သတင်းရပ်ကွက် အဆိုအရမူ စင်္ကာပူမှ လာရောက်သည့် သင်္ဘောဖြစ်နိုင်ကြောင်း သိရသည်။ စစ်ဆေးသည့် ရလဒ်ကိုမူ
မသိရှိရသေးပေ။

အဆိုပါ သင်္ဘောမှာ ယခုလ ၁၄ ရက်နေ့က ရန်ကုန်မြို့ အလုံ အေးရှားဝေါလ် ဆိပ်ကမ်းသို့ ဆိုက်ကပ်လာခြင်းဖြစ်သည်။ ယင်းသဘောင်္မှာ မြန်မာနိုင်ငံသို့ ကုန်ချရန် လာရောက်ခြင်းလား ၊ ကုန်တင်ရန်လာရောက်ခြင်းလားဆိုသည့် အချက်ကိုမူ ရှင်းလင်းစွာ မသိရှိရသေးပါ။

လွန်ခဲ့သည့် နှစ်အနည်းငယ်ကလည်း အေးရှားဝေါလ်ဆိပ်ကမ်းမှ ထွက်ခွာသွားသည့် နိုင်ငံခြား သင်္ဘောတစီးအား သတင်းအရ ရပ်တန့်စစ်ဆေးရာတွင် သစ်လုံးများထဲမှ မူးယစ်ဆေးဝါး အများ အပြားဖမ်းဆီးရမိခဲ့ဖူးသည်။

အေးရှားဝေါ်လ်ဆိပ်ကမ်းကို ယခင်က ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏ သားဖြစ်သူ ထင်ရှားသည့် လုပ်ငန်းရှင် ဦးထွန်းမြင့်နိုင်ပိုင်ဆိုင်သည့် ဆိပ်ကမ်းဖြစ်သည်။      ။

 ဇန်န၀ါရီ ၁၇၊ ၂၀၁၂ (YPI)

No comments:

Post a Comment