Saturday, 31 December 2011
i phone ဥရောပတွင်အရောင်းကျ
Apple ရဲ့  iPhone ဟာ ဥရောပဈေးကွက်မှာ Android Phone တွေကို မယှဉ်နိုင်ဘဲ အရောင်းကျနေပါတယ်။ဥရောပရဲ့  အကြီးဆုံး ဈေးကွက်ဖြစ်တဲ့ ဂျာမနီနိုင်ငံမှာ စုစုပေါင်း Smart Phone ဈေးကွက်ရဲ့  ၆၁ ရာခိုင်နှုန်း ကို Android Phone တွေက သိမ်းပိုက်ထားနေပါပြီ။
အီတလီ၊ စပိန် နှင့် ပြင်သစ် တွေမှာလည်း Android Phone တွေကပဲ အသာစီးရနေကြပြီလို့ သိရပါတယ်။
ဥရောပမှာ ဖြစ်နေတဲ့ ငွေကြေးဈေးကွက် အခတ်အခဲတွေက Apple ကို ထိုးနှက်ချက်တစ်ခုဖြစ်နေပါတယ်၊ ဥရောပသားတွေဟာ ယခုဆိုရင် ဈေးနှုန်း သင့်တင့်ပြီး သုံးပျော်တဲ့ HTC, Samsung အစရှိတဲ့ ကုမ္မဏီကြီးများက ထုတ်လုပ်ထားတဲ့ Android OS သုံး Smart Phone တွေ ဝယ်ယူနေမှု တော်တော် မြင့်တက်လာတာ တွေ့နေရပါတယ်။
ဗြိတိန်မှာလည်း မနှစ်က ဆိုရင် Android ဈေးကွက်ဟာ ၃၄.၈ ရာခိုင်နှုန်း ရှိခဲ့ရာမှာ ယခုနှစ် ၂၀၁၁ မှာ ၄၆.၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။
By ဧရာဝတီ
No comments:
Post a Comment