Sunday, 11 August 2013

ငှက်ဖျားနှင့် တီဘီဝေဒနာရှင် အမျိုးသားတစ်ဦး ဆေးဖိုးမတတ်နိုင်၍ ကြိုးဆွဲချသေဆုံး

ဒိုက်ဦး၊ သြဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၄) ကျောင်းစုရပ်ကွက် မာလာလမ်းရှိ နေအိမ်တစ်လုံးတွင် သြဂုတ်လ ၈ ရက် နံနက် ၃ နာရီခွဲက အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများထံမှ သိရှိရသည်။

အဆိုပါအမျိုးသားသည် ၎င်းနေအိမ်၏ ဝရန်တာသစ်သားတန်းတွင် ခရီးဆောင်အိတ်ကြိုးကို အသုံးပြုကာ အဆုံးစီရင်ခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများထံမှ သိရသည်။

“တစောင်းလေးပဲ တုံးလုံးလဲနေတာ။ ကြိုးကလည်း တိုတိုလေး။ ချည်တဲ့နေရာကလည်း နိမ့်နိမ့်လေး” ဟု အမှတ် (၄) ကျောင်းစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ပြောကြားသည်။

စစ်ပွဲကြီး ပြီးဆုံးသွားသည်ကို မသိဘဲ နှစ်ပေါင်း ၄၀ တောနက်ထဲ ပုန်းအောင်းနေထိုင်ခဲ့သည့် သားအဖ

စစ်ပွဲကြီး ပြီးဆုံးသွားသည်ကို မသိဘဲ နှစ်ပေါင်း ၄၀ တောနက်ထဲ ပုန်းအောင်းနေထိုင်ခဲ့သည့် သားအဖ

တောတွင်းမှာ နေထိုင်ခဲ့စဉ်က သစ်ခေါက်များဖြင့် အ၀တ်အစားများ ပြုလုပ်ဝတ်ဆင်ကြပြီး ကိုယ်တိုင် ထွန်ယက် စိုက်ပျိုး စားသောက်နေထိုင် ခဲ့ကြသည်။

အမေရိကန်များ စစ်ရှုံးပြီး ဗီယက်နမ် စစ်ပွဲနိုင်ခဲ့သည့် စစ်ပြီးဆုံးကြောင်း သတင်းကို မသိနိုင်လောက်အောင် ပုန်းအောင်း နေနိုင်ခဲ့သော သားအဖနှစ်ဦးကို နှစ်ပေါင်း (၄၀) ကြာမှ တောနက်ကြီးထဲမှ ပြန်လည် တွေ့ရှိခဲ့ကြသည်။

တွေ့ရှိသည့် အချိန်မှာ ဖခင်ဖြစ်သူမှာ အဖိုးအိုအရွယ် အသက် (၈၂) နှစ် ရှိနေပြီး သားက အသက် ၄၁ နှစ် ရှိနေပြီ ဖြစ်ပါသည်။

ယင်းတို့ သားအဖနှစ်ဦးကို ပြီးခဲ့သည့် ဗုဒ္ဒဟူးနေ့က ဗီယက်နမ်နိုင်ငံ အလည်ပိုင်း Ho Van Lang မှ ကီလိုမီတာ (၄၀) ခန့် ဝေးကွာသော တောနက်ထဲမှာ ရွာသားများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

ဖခင်ဖြစ်သူဟာ လူမျိုးစု စကားကို သာ ပြောဆိုနိုင်တော့သည်။ သားဖြစ်သူ ကတော့ စကားလုံး အနည်းငယ်ကိုသာ ပြောတတ်လေသည်။

ဖခင်ဖြစ်သူ၏ ပြန်လည် ပြောကြားချက်အရ စစ်ပွဲကြောင့် ၁၉၇၃ ခုနှစ်မှာ သူ့အိမ်မှာ ဗုံးဆန်ကျရောက် ပေါက်ကွဲခဲ့ပြီး သူ့ဇနီးဖြစ်သူနှင့် ကလေးနှစ်ဦး သေဆုံးသွားခဲ့ပါရသည်။

ဒီသားအဖနှစ်ဦးဟာ စစ်ဘေးစစ်ဒဏ်ကနေ ရှောင်တိမ်း လွတ်မြောက်ခဲ့ပြီး တောနက်ကြီးထဲတွင် ရုပ်ရှင်များထဲက တောတွင်း လူသားများဖြစ်သည့် တာဇံများကဲ့သို့ သစ်ပင်ပေါ်တွင် အိမ်ဆောက်ပြီး သီးပင်စားပင်များကို စိုက်ပျိုးခြင်း၊ အမဲလိုက်ခြင်းများ ဖြင့် အသက်ဆက်ခဲ့ကြရသည်။ သားဖြစ်သူ၏ ဆံပင်စတိုင်မှာ ခပ်ဆန်းဆန်းဖြစ်နေသည်။

အနှစ် ၄၀ ကာလပတ်လုံး ဤသားအဖနှစ်ဦးမှာ ပြင်ပ ကမ္ဘာနဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက်ပြီး နေထိုင်ခဲ့ကြရသည်။ 

အ၀တ်အစားများမှာ သစ်ခေါက်ကို ယက်လုပ်ဖန်တီးပြီး ၀တ်ဆင် ထားသည်ကို တွေ့ရှိခဲရသည်။ သစ်ခေါက်အင်္ကျီ အသစ်တစ်ခုကိုလည်း ဖန်တီး ပြုလုပ်ထားကြသည်။

တွေ့ရှိချိန်မှာ ဖခင်ဖြစ်သူမှာ လွန်စွာ အားနည်းပြီး ပိန်လှီနေသည့်အတွက် တောထဲမှ ထမ်းစင်နှင့် သယ်ယူခဲ့ပြီး ယခုအခါမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပါသည်။။

မြို့ပြနှင့် အသားမကျသည့်အတွက် တောတွင်းလူသား သားအဖနှစ်ဦးကို ဒေသခံရွာသားများနှင့် အာဏာပိုင်များက သူတို့ ၂ ဦး တောတွင်းကို ပြန်၍ ထွက်ပြေး မသွားနိုင်အောင် စောင့်ကြပ် ကြည့်ရှုနေကြရကြောင်း သိရပါသည်။ 

မောက္ခပညာရေးမဂ္ဂဇင်း
Source: Bangkok post

တောတွင်းမှာ နေထိုင်ခဲ့စဉ်က သစ်ခေါက်များဖြင့် အ၀တ်အစားများ ပြုလုပ်ဝတ်ဆင်ကြပြီး ကိုယ်တိုင် ထွန်ယက် စိုက်ပျိုး စားသောက်နေထိုင် ခဲ့ကြသည်။

အမေရိကန်များ စစ်ရှုံးပြီး ဗီယက်နမ် စစ်ပွဲနိုင်ခဲ့သည့် စစ်ပြီးဆုံးကြောင်း သတင်းကို မသိနိုင်လောက်အောင် ပုန်းအောင်း နေနိုင်ခဲ့သော သားအဖနှစ်ဦးကို နှစ်ပေါင်း (၄၀) ကြာမှ တောနက်ကြီးထဲမှ ပြန်လည် တွေ့ရှိခဲ့ကြသည်။

တွေ့ရှိသည့် အချိန်မှာ ဖခင်ဖြစ်သူမှာ အဖိုးအိုအရွယ် အသက် (၈၂) နှစ် ရှိနေပြီး သားက အသက် ၄၁ နှစ် ရှိနေပြီ ဖြစ်ပါသည်။

ယင်းတို့ သားအဖနှစ်ဦးကို ပြီးခဲ့သည့် ဗုဒ္ဒဟူးနေ့က ဗီယက်နမ်နိုင်ငံ အလည်ပိုင်း Ho Van Lang မှ ကီလိုမီတာ (၄၀) ခန့် ဝေးကွာသော တောနက်ထဲမှာ ရွာသားများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောဝန်ကြီးအိမ် လွှတ်တော်အမတ်သားက ကားနဲ့ဝင်တိုက်

ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောဝန်ကြီးအိမ် လွှတ်တော်အမတ်သားက ကားနဲ့ဝင်တိုက်

ဂျွန်ချစ်ငြိမ်း | တနင်္ဂနွေနေ့၊ သြဂုတ်လ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၅၈ မိနစ်

ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၏ နေအိမ်ဂိတ်တံခါးကို ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၏ သားဖြစ်သူ မောင်းနင်သည့် တိုယိုတာ ဟိုင်းလတ် ဆပ် ယာဉ်အမှတ် ၄စ/၄၈၂၂ က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှု သြဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း ပေါ်တွင် တောင်မှမြောက်သို့ ယာဉ်မောင်းဖြစ်သူ ခွန်ပြည့်စုံထွန်းမှောင်းနှင်လာသည့် ဟိုင်းလတ် ဆပ်ယာဉ် အမျိုးအစားသည် ရှမ်းပြည်နယ် သတ္တုနှင့် သစ်တော ၀န်ကြီး ဦးစိုင်းအိုက်ပေါင်း၏ နေအိမ်အနီး အရောက်တွင် အရှိန်မထိမ်းနိုင်ဘဲ နေအိမ်ဂိတ် တံခါးမကြီးကို ၀င်တိုက်ခဲ့ခြင်းဟု တောင်ကြီးမြို့ မြို့မရဲစခန်းမှ အမည်မဖေါ်လိုသည့် နယ်ထိန်း ရဲတပ်ဖွဲ့ဝင်က မဇ္ဈိမကို ပြောသည်။

"ယာဉ်မောင်းလာတဲ့ ကောင်လေးက အသက် ၁၆ နှစ်ပဲရှိပါသေးတယ်၊ ပန်သခွား အထကမှာ ကျောင်းတက်နေတဲ့ ၁၀တန်းကျောင်းသားပါ၊ ကားတိုက်တော့ ကားထဲကကလေအိတ်ထွက်လာတာနဲ့ သူကတော့ဘာမှ မဖြစ်ပါဘူး၊ ကားတော့ရှေ့တစ်ခြမ်း လုံးကြေပြီး၊ ဘီးလည်းကွဲသွားပါတယ် ထိခိုက်ဒဏ်ရာရသူမရှိပါဘူး" ဟု အဆိုပါ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်က ပြောသည်။

ယင်းယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သတ်၍ ယာဉ်မောင်းသူ ခွန်ပြည့်စုံထွန်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့ ရုံးတွင် ခေါ်ယူစစ်ဆေးလျက်ရှိပြီး ပျက်ဆီး ဆုံးရှုံးမှုတန်ဖိုး မသိရှိရသေးပါ။
===========================================
ပုံစာအညွှန်း - ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၏ နေအိမ်ဂိတ်တံခါးကို ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၏ သားဖြစ်သူ မောင်းနင်သည့် တိုယိုတာ ဟိုင်းလတ် သြဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ဝင်တိုက်မိစဉ်။ (ဓာတ်ပုံ ဂျွန်ချစ်ငြိမ်း)

အေးချမ်းမွန် Credit To >>Mizzima - News in Burmese  << Thanks
Re-posted By ACM 11-8-2013
https://www.facebook.com/excellencemedia
ဂျွန်ချစ်ငြိမ်း | တနင်္ဂနွေနေ့၊ သြဂုတ်လ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၅၈ မိနစ်

ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၏ နေအိမ်ဂိတ်တံခါးကို ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၏ သားဖြစ်သူ မောင်းနင်သည့် တိုယိုတာ ဟိုင်းလတ် ဆပ် ယာဉ်အမှတ် ၄စ/၄၈၂၂ က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှု သြဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။


တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း ပေါ်တွင် တောင်မှမြောက်သို့ ယာဉ်မောင်းဖြစ်သူ ခွန်ပြည့်စုံထွန်းမှောင်းနှင်လာ
သည့် ဟိုင်းလတ် ဆပ်ယာဉ် အမျိုးအစားသည် ရှမ်းပြည်နယ် သတ္တုနှင့် သစ်တော ၀န်ကြီး ဦးစိုင်းအိုက်ပေါင်း၏ နေအိမ်အနီး အရောက်တွင် အရှိန်မထိမ်းနိုင်ဘဲ နေအိမ်ဂိတ် တံခါးမကြီးကို ၀င်တိုက်ခဲ့ခြင်းဟု တောင်ကြီးမြို့ မြို့မရဲစခန်းမှ အမည်မဖေါ်လိုသည့် နယ်ထိန်း ရဲတပ်ဖွဲ့ဝင်က မဇ္ဈိမကို ပြောသည်။

မိုင်းလားမြို့ အဆင့်မြင့်ဟိုတယ်ကြီး မီးလောင် ယွမ်ငွေ သိန်းပေါင်းများစွာ ဆုံးရှုံး

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားမြို့လယ် အရှေ့တိုင်းအဆင့်မြင့်ဟိုတယ်ကြီးအား မီးလောင်ရာ  ယွမ်ငွေ သိန်းပေါင်းများစွာ ဆုံးရှုံးကြောင်း ဟိုတယ်ဝန်ထမ်းများက ပြောပါသည်။

“မနေ့က မွန်းလွဲပိုင်း ၂ နာရီလောက်က ဒုတိယထပ်က စလောင်တာ။ မီးသတ်ကားက နှစ်စီးပဲ ရှိတာလေ။ တရုတ်ပြည် တာလော့ကနေ လာကူငြိမ်းသတ်မှ မိုးချုပ်ခါနီးလောက်မှာ ငြိမ်းသတ် နိုင်ခဲ့တယ်” - ဟု အမျိုး သမီးဝန်ထမ်း အားမိန်ကျဲ က ပြောပါသည်။

၂၀၁၃ ဩဂတ်စ် ၉ ရက် မွန်းလွဲ ၂ နာရီခန့် မှ ညနေ ၅ နာရီကျော်အထိ မီးလောင်ရာ အိုရီယန်းထာလ် ဟိုတယ် ခေါ်  အရှေ့တိုင်းဟိုတယ် ၏ ဒုတိယထပ် နှင့် တတိယထပ် မီးကူးဆက်ပြီး လုံးဝလောင်ကျွမ်း သွားသည်ဟု ဆိုသည်။

မီး​လောင်ရခြင်းအကြောင်းရင်းကိုမူ အာဏာပိုင်များ စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါသည်။

စစ်တွေ ဘောဒူဖ ကယ်ဆယ်ရေးစခန်း အနီးရှိ လုံခြုံရေး ရဲကင်းစခန်း တစ်ခုအား ဘင်္ဂါလီများက မီးရှို့ဖျက်ဆီး၊ သေနတ်ပစ်ခတ်ခဲ့သဖြင့် ခုနစ်ဦး ဒဏ်ရာရရှိကြောင်း ပြည်နယ်အစိုးရ အဖွဲ့မှထုတ်ပြန်

စစ်တွေ ဘောဒူဖ ကယ်ဆယ်ရေးစခန်း အနီးရှိ လုံခြုံရေး ရဲကင်းစခန်း တစ်ခုအား ဘင်္ဂါလီများက မီးရှို့ဖျက်ဆီး၊ သေနတ်ပစ်ခတ်ခဲ့သဖြင့် ခုနစ်ဦး ဒဏ်ရာရရှိကြောင်း ပြည်နယ်အစိုးရ အဖွဲ့မှထုတ်ပြန်

Created on Saturday, 10 August 2013 19:39

စစ်တွေမြို့နယ် အတွင်းရှိ ဘောဒူဖ ကယ်ဆယ်ရေးစခန်း အနီးရှိ ဒုက္ခသည်စခန်းတွင် တည်ဆောက်ထားသော လုံခြုံရေး ရဲကင်းစခန်း တစ်ခုအား ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့မှုတစ်ရပ် သြဂုတ် ၉ ရက်က ဖြစ်ပွားခဲ့သော်လည်း လူအသေအပျောက် မရှိကြောင်း၊ ဒဏ်ရာရရှိသူ ခုနစ်ဦးရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။
ဖြစ်စဉ်မှာ သြဂုတ် ၉ ရက် နံနက် ၁၀ နာရီက စစ်တွေမြို့နယ်၊ အုန်းတောကြီး ကျေးရွာအနီးရှိ ချောင်းအတွင်း အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိခဲ့သဖြင့် သွားရောက်စစ်ဆေးနေစဉ် ဘင်္ဂါလီ ၅၀၀ ဦးခန့် လူစုလူဝေးဖြစ်နေပြီး လာလန်ဆိုသော ဘင်္ဂါလီတစ်ဦးမှ ဒုရဲမှူးဌေးဝင်းအား တုတ်ဖြင့်ဝင်ရောက် ရိုက်နှက်ခြင်းကြောင့် သေနတ်ပစ်ဖောက် လုစုခွဲခဲ့ရာ အုန်းတောကြီး ဒုက္ခသည်စခန်း နေထိုင်သူများဖြစ်သော လာလန် (ဘ) ဆူတန်နာဆောက် (၁၆ နှစ်)၊ မာမက်ရော်ဖိ (ဘ) မာမတ်ဇော်ကော်လီယာ (၂၅ နှစ်)နှင့် ကာမာ (ဘ) မာမတ်ရှုကူ (၂၈ နှစ်)နှင့် အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုနောက် အုန်းတောကြီး ကယ်ဆယ်ရေးစခန်း အနီးမှ ချောင်းဝရဲကင်းစခန်းနှင့် ယခင်နစကများ စခန်းချခဲ့ရာ လူနေအဆောင်သုံးဆောင်ကို ဘင်္ဂါလီများက မီးရှို့ခဲ့ကြောင်း ထိုသို့မီးမရှို့မီ စခန်းရှိ သေတ္တာများကို ထုခွဲကာ အသုံးအဆောင်များအား ယူဆောင်သွားကြောင်းလည်း သိရသည်။ ယင်းနောက်တွင် အုန်းတောကြီးနှင့် ဘောဒူဖ ကယ်ဆယ်ရေး စခန်းအကြားရှိ ကားလမ်းအား ဖြတ်တောက်ခြင်း၊ ကျင်းတူးထားခြင်း၊ ဆူးများထောင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များအား စနစ်တကျ ချထားခဲ့ကြသော်လည်း အုန်းတောကြီးဘက်သို့ ရောက်ရှိနေသော ရဲတပ်ရင်း (၃၃)နှင့် (၁၂)တို့မှ တပ်ဖွဲ့ဝင်များအား ပြန်လည်ဆုတ်ခွာနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က "ဘင်္ဂါလီတွေ ဒီလိုလုပ်တာ လုံခြုံရေးအတွက် ပိုဆိုးသွားနိုင်တယ်။ ကင်တားနားလာမယ် ဆိုတာကိုသိလို့ အချိန်ကိုက် လုပ်နေတာ ဖြစ်တယ်လို့ မြင်တယ်။ ရဲလုပ်ငန်းကို သူ့ဟာသူ စစ်တာဆေး တာရန်ရှာဖို့ လိုသလား။ ဒီလိုလုပ်တာ ရခိုင်တွေ လက်မခံနိုင်အောင် လုပ်နေသလိုပဲ။ ရန်မရှာရင် ရခိုင်တွေက လက်ခံမှာပေါ့။ အခု ဒီလိုလုပ်ပြတာ ရခိုင်တိုင်းရင်းသားဘက်က အယုံအကြည် ပိုပျက်လာအောင် လုပ်နေသလို ဖြစ်နေတယ်" ဟု သြဂုတ်လ ၉ ရက် ညနေ ၆ နာရီခန့်က ပြောကြားခဲ့သည်။
လက်ရှိတွင် လုံခြုံရေး တပ်ဖွဲ့များသည် စနစ်တကျ နေရာယူ စောင့်ရှောက်လျက် ရှိသော်လည်း ဘင်္ဂါလီများဘက်မှ ဆူပူသောင်းကျန်းမှုများ ဆက်လက်လုပ်ဆောင်နိုင်ခြေ ရှိသည်ဟုလည်း သံသယဖြစ်နိုင်ခြေများကို တွေ့ရှိနေရဆဲ ဖြစ်သည်ဟု သိရှိရသည်။

ဘောဒူဖကယ်ဆယ်ရေး စခန်းအနီးရှိ လုံခြုံရေး ရဲကင်းတွင် ဘင်္ဂါလီများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေစဉ်

အေးချမ်းမွန် Credit To >>Eleven Media Group << Thanks
Re-posted By ACM 11-8-2013
https://www.facebook.com/excellencemedia
ဘောဒူဖကယ်ဆယ်ရေး စခန်းအနီးရှိ လုံခြုံရေး ရဲကင်းတွင် ဘင်္ဂါလီများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေစဉ်
  Saturday, 10 August 2013 

စစ်တွေမြို့နယ် အတွင်းရှိ ဘောဒူဖ ကယ်ဆယ်ရေးစခန်း အနီးရှိ ဒုက္ခသည်စခန်းတွင် တည်ဆောက်ထားသော လုံခြုံရေး ရဲကင်းစခန်း တစ်ခုအား ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့မှုတစ်ရပ် သြဂုတ် ၉ ရက်က ဖြစ်ပွားခဲ့သော်လည်း လူအသေအပျောက် မရှိကြောင်း၊ ဒဏ်ရာရရှိသူ ခုနစ်ဦးရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။

ဖြစ်စဉ်မှာ သြဂုတ် ၉ ရက် နံနက် ၁၀ နာရီက စစ်တွေမြို့နယ်၊ အုန်းတောကြီး ကျေးရွာအနီးရှိ ချောင်းအတွင်း အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိခဲ့သဖြင့် သွားရောက်စစ်ဆေးနေစဉ် ဘင်္ဂါလီ ၅၀၀ ဦးခန့် လူစုလူဝေးဖြစ်နေပြီး လာလန်ဆိုသော ဘင်္ဂါလီတစ်ဦးမှ ဒုရဲမှူးဌေးဝင်းအား တုတ်ဖြင့်ဝင်ရောက် ရိုက်နှက်ခြင်းကြောင့် သေနတ်ပစ်ဖောက် လုစုခွဲခဲ့ရာ အုန်းတောကြီး ဒုက္ခသည်စခန်း နေထိုင်သူများဖြစ်သော လာလန် (ဘ) ဆူတန်နာဆောက် (၁၆ နှစ်)၊ မာမက်ရော်ဖိ (ဘ) မာမတ်ဇော်ကော်လီယာ (၂၅ နှစ်)နှင့် ကာမာ (ဘ) မာမတ်ရှုကူ (၂၈ နှစ်)နှင့် အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ခေါက်ဆွဲခြောက်သုံးထုပ် ပျောက်၍ စွပ်စွဲခံရသူ အိမ်အကူမိန်းကလေး ငါးလွှာပေါ်မှ ခုန်ချရန်ကြံစည်


ရန်ကုန် ၊ သြဂုတ် ၁၀

ယမ်ယမ်ခေါက်ဆွဲခြောက်သုံးထုပ် ပျောက်ဆုံးသည့်အတွက် အသက် ၁၉ နှစ်အရွယ် အိမ်အကူ အမျိုးသမီးကို အိမ်ရှင်က လူအများရှေ့၌ သူခိုးဟု စွပ်စွဲခဲ့သဖြင့် ရှက်၍ သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၅၀ ခန့်တွင် ငါးလွှာ (ညာဘက်) ဝရန်တာ အပြင်နေကာ ကွန်ကရစ်ပြားပေါ်မှ ခုန်ချရန် ကြံစည်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် (၈) ရပ်ကွက် လှည်းတန်းလမ်း၊ အမှတ်(၂၃၊ E) ခြောက်ထပ်တိုက် ငါးလွှာ (ဘယ်) အိမ်ခန်းတွင် အိမ်အကူအလုပ် လုပ်သူ မလွင်မာလာဝင်း ဖြစ်ပြီး မအူပင်မြို့နယ် ရွာသစ်ကျေးရွာ ဇာတိဖြစ်ကာ ငါးလွှာတွင် ဖွင့်လှစ်ထားသည့် Smile အင်တာနက် ဆိုင်ပိုင်ရှင်ထံ၌ အိမ်အကူအဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ ယင်းနေ့ နံနက် ၇ နာရီတွင် အိမ်ရှင်နှစ်ဦး စကားများခဲ့ပြီး ယမ်ယမ် ခေါက်ဆွဲခြောက်ထုပ်များ ပျောက်ဆုံးမှုကြောင့် အိမ်အကူကို သူခိုးမဟု ပြောဆိုသဖြင့် ၎င်းအနေနှင့် အရှက်ရခဲ့ပြီး ယင်းတိုက်တွင်းနေသူ ရတနာထွန်း သင်္ကန်းတိုက် ပိုင်ရှင်ကို ညနေ ၃ နာရီတွင် ခြောက်လွှာပေါ်မှ ခုန်ချမည်ဟု ပြောဆိုခဲ့ကာ လူမနေသည့် ငါးလွှာ ညာဘက်ခန်းပေါ်မှ ခုန်ချရန် ကြိုးစားစဉ် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ခွင့်လွှတ်နိုင်သည်၊ သို့သော် မေ့မပစ်နိုင် . . .

Photo: ခွင့်လွှတ်နိုင်သည်၊ သို့သော် မေ့မပစ်နိုင် . . .

ကိုထင်ကျော်အတွက် ယခုအချိန်တွင် အမှတ်ရဆုံးမှာ ပြီးခဲ့သည့် ၂၅ နှစ်က သူ့နံဘေးတွင် ကျဆုံးသွားခဲ့ရသူများ ဖြစ်သည်။ သူနှင့်အတူ ခေါင်းဆောင်တိုက်ပွဲဝင်ခဲ့သူ အချို့ ကျဆုံးခဲ့ပြီး ကိုထင်ကျော်၏ ပေါင်တွင်လည်း သေရာပါ သေနတ်ဒဏ်ရာတစ်ခု အမွေရခဲ့သည်။

ရှစ်လေးလုံးအရေးတော်ပုံတွင် အသက် ၂၄ နှစ်အရွယ်ရှိ ကိုထင်ကျော်သည် ဇာတိမြေထားဝယ်၌ လှုပ်ရှားခဲ့သော်လည်း အာဏာပိုင်များ၏ စီးပွားရေး လုပ်ကိုင်၍ မရတော့လောက်အောင် နှောင့်ယှက်မှု ကြောင့် ခုနစ်နှစ်အကြာတွင် နယ်စပ်ဒေသ ကော့သောင်းသို့ ရှောင်တိမ်း၍ အသက်မွေး ခဲ့ရသည်။

ခေတ်အဆက်ဆက် အာဏာရှင် အစိုးရများကြောင့် အဘိုးဖြစ်သူ အဖမ်းခံရ၊ အဖေဖြစ်သူ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ရ၊ စသည်ဖြင့် ခါးသီးသော နိုင်ငံရေးဆိုးကျိုးများ မျိုးစဉ်ဆက်ခံစားရသော ကိုထင်ကျော် အတွက်မူ ယခုအချိန်သည် ဒီမိုကရေစီ အလင်းရောင် အစပျိုးချိန်ဖြစ်သည်။

မျှော်လင့်ခဲ့ရသော်လည်း ကျင်းပခွင့် ရမည်ဟု ထင်မှတ်မထားသည့် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုပွဲကို မိုင် ၈၀၀ ခန့် ခရီးနှင်ပြီး ရန်ကုန်မြို့တော်သို့ ယခုတော့ သူ ရောက်ရှိနေပြီ။
အစိုးရများ လုပ်ဆောင်လေ့ရှိသော အခမ်းအနားများကဲ့သို့ မဟုတ်ဘဲ မည်သည့် နေရာအတွက်မဆို ထိုင်ခုံအရွယ်တူ၊ ဒီဇိုင်းအတူ ခင်းကျင်းထားသော ခန်းမတွင် အတူတကွ ထိုင်ပြီး ဆွေးနွေးနေနိုင်ပြီ။
"ပြီးခဲ့တဲ့ ၂၅ နှစ်တုန်းက ခံစားချက်တူသူတွေနဲ့ ပြန်တွေ့ရတာ ဖော်မပြတတ်အောင် ပီတိဖြစ်မိတယ်" ဟု ကိုထင်ကျော်က ဆိုသည်။

၁၉၈၈ ခုနှစ်တွင် တစ်ပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီတိုက်ပွဲကို ကိုထင်ကျော်တို့ ကဲ့သို့သော ကျောင်းသား လူငယ်များက စတင်ခဲ့သည်။

စနစ်အပြောင်းအတွက် ၁၉၈၈ တစ်နှစ်လုံး ဖုန်းမော်အရေးအခင်း၊ တံတားနီ အရေးအခင်း၊ ဇွန် မြေနီကုန်း အရေးအခင်း စသည့် ဆန္ဒပြပွဲပေါင်းများစွာ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး နောက်ဆုံး သြဂုတ်လတွင် နိုင်ငံတစ်ဝန်းရှိ ရဟန်းရှင်လူပြည်သူအားလုံး အရေးဆိုသည်အထိ ကျယ်ပြန့်လာခဲ့သည်။

တရုတ်တွင် ဒီမိုကရေစီအရေး ဆန္ဒပြခဲ့သည့် တီယန်မင် အရေးအခင်း၊ ဥရောပတစ်လွှား ကွန်မြူနစ် စစ်အေးခေတ်ကို ဖြိုဖျက်ခဲ့သော သင်္ကေတဖြစ်သည့် ဘာလင်တံတိုင်းပြိုလဲခြင်း စသည့် ကမ္ဘာကျော် အရေးအခင်းများ မတိုင်မီ တစ်နှစ်စော ဖြစ်ပွားခဲ့သော မြန်မာ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကို ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲဟု ဒေါ်အောင်ဆန်းစုကြည် က ဝိဂြိုဟ်ပြုခဲ့သည်။

စက်တင်ဘာတွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တပ်မတော်အစိုးရက အရေးအခင်း၊ ဆူပူအုံကြွမှု စသည်ဖြင့် မည်သို့ပင် ကင်ပွန်းတပ်ခဲ့စေကာမူ ငွေရတု အခမ်းအနား အရောက်တွင်မူ “ဒီမိုကရေစီ အရေးတော်ပုံ” အဖြစ် လက်ခံလိုက်ရပြီ ဖြစ်သည်။

ငွေရတုအခမ်းအနားကို သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့် ဝန်ကြီးအချို့၊ တပ်မတော်အစိုးရ နောက်ခံပြု တည်ထောင်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်အချို့ တက်ရောက်ခဲ့သည်။
"ဝန်ကြီး ဦးအောင်မင်းကတော့ ရှစ်ဆယ့်ရှစ်ကို ဒီမိုကရေစီအရေးတော်ပုံလို့ အသိအမှတ်ပြုတယ်။ ဒီမိုကရေစီ အရေးတော်ပုံလို့ သုံးတာကို လက်ခံတယ်လို့ ပြောသွားတယ်" ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။

ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ရေး လူထုဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နင်းကာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ် အာဏာရှင်များ ထပ်ကျော့လာပြီး ခရီးကြမ်း နှင်ခဲ့ရပြန်သည်။ ၁၉၈၈ နောက်ပိုင်း အကြီးမားဆုံး လူထုဆန္ဒပြပွဲဖြစ်သည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးပြီး နောက်ပိုင်း တပ်မတော်အစိုးရက ကနဦး စီစဉ်ထားသော ဒီမိုကရေစီ လမ်းပြမြေပုံကို ခပ်သွက်သွက် အကောင်အထည်ဖော်ရန် လုပ်ဆောင်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အငြင်းပွားဖွယ်ရာ အတည်ပြု၊ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပကာ ဗိုလ်ချုပ်ကြီးဟောင်းများ ဦးဆောင်သော အရပ်သားအစိုးရကို အာဏာလွှဲခဲ့သည်။

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် နိုင်ငံရေး ဖြေလျှော့မှုများ ပြုလုပ်လာပြီး ဒီမိုကရေစီစနစ် အကောင်အထည်ဖော်ရန် လမ်းစပွင့်လာပြီဖြစ်သည်။
တစ်ချိန်က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ သူများ ဦးဆောင်သော ရှစ်လေးလုံးငွေရတုတွင် တိုင်းပြည် ပြန်လည်ထူထောင်ရေး အခြေခံကာ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ နယ်စပ်ဒေသအသီးသီး၊ ထိုမှတစ်ဆင့် ကမ္ဘာတစ်ဝန်းသို့ ရောက်ရှိသွားသော ဒီမိုကရေစီ လှုပ်ရှားသူများအားလုံး ပြန်လည် ခေါင်းချင်းဆိုင်လာကြသည်။ အရောင်အသွေးစုံ။ ကျောင်းသားတပ်မတော်၏ စစ်ဝတ်စုံဝတ်မှ အစ ဂျင်းဘောင်းဘီဝတ် လှုပ်ရှား တက်ကြွသူအဆုံး အားလုံး တစ်မိုးအောက်တွင် ငြင်းခုံဆွေးနွေးကြသည်။

လူထောင်ချီက နှစ်ရက်တာ ဆွေးနွေးခဲ့သည့် အဓိကခေါင်းစဉ်များမှာ တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နှင့် အနာဂတ်ပြည်ထောင်စု၊ လူ့အခွင့် အရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု၊ စစ်မှန်သော အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းပြည်ပြန်လည်တည် ဆောက်ရေးနှင့် ဒီမိုကရေစီ အင်အားစုများ၏ အခန်းကဏ္ဍ တို့ဖြစ်သည်။

ယင်းနောက် “ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုကြေညာစာတမ်း” ကို ထုတ်ပြန်ခဲ့သည်။
ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်ရှိ၍ တန်းတူညီမျှသော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ် ထူထောင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရန် သို့မဟုတ် ပြန်လည်ရေးဆွဲရန်၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသားအင်အားစု အားလုံး ပါဝင်သည့် ညီလာခံတစ်ရပ် ကျင်းပရန် ယင်းကြေညာစာတမ်းတွင် ထုတ်ပြန်ခဲ့သည်။

"ဆွေးနွေးပွဲတွေ လုပ်လိုက်တော့ ပိုနိုးကြားလာတယ်"ဟု ကိုထင်ကျော်က ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို အဖုံးမှ စပြင်ရန်မှအစ အမျိုးသမီးအရေး၊ လယ်သမားအရေး အဆုံး များစွာ ဆွေးနွေး ငြင်းခုံကြပြီး အထက်ပါထုတ်ပြန်ချက် များကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဆွေးနွေးပွဲများတွင် အထင်ပေါ်ဆုံး အကြောင်းအရာများမှာ ဖက်ဒရယ်စနစ် ဖော်ဆောင်နိုင်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးတို့ဖြစ်သည်။
အတည်ပြုပြီး ငါးနှစ်သားအရွယ်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေး၊ ဖက်ဒရယ်စနစ်အတွက် တိုင်းနှင့် ပြည်နယ်များ ခွဲခြားသတ်မှတ်ထားမှု၊ အာဏာခွဲဝေမှုများ ပြန်လည်သတ်မှတ်ရေးမှာ လက်ရှိအခင်းအကျင်း အနေအထားအရ မဟာစိန်ခေါ်များ ရှိနေဆဲပင်။

လက်ရှိ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ်ကို အခြေခံသောအချက်များ ထည့်သွင်းထားပြီး မလုံလောက်ပါက ပြင်ဆင်ရမည်ဖြစ် ကြောင်း ပြောဆိုထားသည်။

သို့သော် အချို့သော တိုင်းရင်းသား ခေါင်းဆောင်များက ၂၀၀၈ ဖွဲ့စည်းပုံသည် ဖက်ဒရယ်ကို အခြေမခံထားသဖြင့် ပြင်ဆင်ရုံဖြင့် မလုံလောက်ဘဲ အသစ်ပြန်ရေးဆွဲရန် တိုက်တွန်းလျက်ရှိသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) ကဲ့သို့သော တိုင်းရင်းသား အဖွဲ့အစည်းအချို့ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ပြုစုလျက် ရှိသည်။

တောက်လျှောက်ဆင်နွှဲခဲ့သော လမ်းပေါ်၊ တောတွင်း ဒီမိုကရေစီတိုက်ပွဲ များသည် ၂၅ နှစ်အကြာတွင် စားပွဲဝိုင်းပေါ်တွင် ဒီမိုကရေစီ အပေးအယူလုပ်ပွဲ များအဖြစ် အသွင်ပြောင်းလာပြီဖြစ်သည်။

အသက်နှစ်ဆယ်ကျော်အရွယ်က တုံးတိုက်တိုက် ကျားကိုက်ကိုက်ဖြင့် အငတ်အပြတ် ခံခဲ့သူများမှာ ယခုအချိန်တွင် နိုင်ငံရေးအရ ရင့်ကျက်မှုတစ်စုံတစ်ရာ ရလာပြီး ကော်ဇောနီများ အကြား၊ ကျီး ဘုတ်မြှောက် ဘုတ် ကျီးမြှောက် အခမ်းအနား များအကြား မည်သို့ရှေ့ခရီးဆက်မည်ကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။

ယခုအချိန် ငွေကြေးအသင့်အတင့် ပြေလည်နေပြီး လက်ရှိနေထိုင်ရာ ကော့သောင်းမြို့ နိုင်ငံရေးအသိုင်းအဝိုင်း တွင် တစ်စုံတစ်ရာ ဝင်ဆံ့နေသော ကိုထင်ကျော်အတွက်မူ ထိုသို့သော နိုင်ငံရေးလောကဓံ များကား မထူးဆန်းတော့။
မည်သို့ပင်ဆိုစေ ပြောင်းလဲလာသော နိုင်ငံရေး အရွေ့များအပေါ် မှန်ကန်စွာ သုံးသပ်လုပ်ဆောင်ရန် လိုကြောင်း သူကဆိုသည်။ သို့သော် မဖြစ်မနေ မမေ့ရန် သူ လောဆော်တိုက်တွန်းသည်က ၈၈ စိတ်ဓာတ်။
"မြန်မာပြည်နိုင်ငံရေးက ထောင်ချောက်တွေ အများကြီးရှိသေးတယ်။ သတိကြီးစွာနဲ့ လုပ်သွားဖို့ လိုသေးတယ်" ဟု သူက ဆိုလေသည်။

အရေးတော်ပုံအဖြစ် တရားဝင် အမည်တပ်ကျင်းပခဲ့သော ငွေရတု အခမ်းအနား၏ အဓိက အမှတ်သင်္ကေတမှာ ငြိမ်းချမ်းရေး အထိမ်းအမှတ် ချိုးဖြူငှက်။
သြဂုတ်လ ၆ ရက် ငွေရတုဖွင့်ပွဲနေ့ ရှစ်လေးလုံး သမိုင်းမှတ်တမ်း ဗီဒီယို၏ နောက်ဆုံး သတင်းစကားမှာ “ခွင့်လွှတ်နိုင်တယ်၊ ဒါပေမဲ့ မေ့မပစ်နိုင်ဘူး”။

ပြီးခဲ့သည့် ၂၅ နှစ်က ထားဝယ်ဆန္ဒပြပွဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ပေါင်တစ်ဖက်တွင် အရိုးတစ်လက်မခွဲခန့် ပျက်စီးပြီး ခြေတစ်ဖက်တွင် နှစ်လက်မခန့် နိမ့်နေသော ကိုထင်ကျော်ကလည်း လက်စားချေဖို့ အားမပေး။ သူကလည်း အထက်ပါ သတင်းစကားကို ထောက်ခံရင်း အောက်ပါအတိုင်း ပြောဆိုလေသည်။
"တစ်သက်လုံးမေ့လို့ရတဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမဲ့ တိုင်းပြည်အတွက် လိုအပ်လာရင် ခွင့်လွှတ်ပေးနိုင်တယ်"

(The Voice)

အေးချမ်းမွန် Credit To >> The Voice Weekly << Thanks
Re-posted By ACM 10-8-2013
https://www.facebook.com/excellencemedia
ကိုထင်ကျော်အတွက် ယခုအချိန်တွင် အမှတ်ရဆုံးမှာ ပြီးခဲ့သည့် ၂၅ နှစ်က သူ့နံဘေးတွင် ကျဆုံးသွားခဲ့ရသူများ ဖြစ်သည်။ သူနှင့်အတူ ခေါင်းဆောင်တိုက်ပွဲဝင်ခဲ့သူ အချို့ ကျဆုံးခဲ့ပြီး ကိုထင်ကျော်၏ ပေါင်တွင်လည်း သေရာပါ သေနတ်ဒဏ်ရာတစ်ခု အမွေရခဲ့သည်။

ရှစ်လေးလုံးအရေးတော်ပုံတွင် အသက် ၂၄ နှစ်အရွယ်ရှိ ကိုထင်ကျော်သည် ဇာတိမြေထားဝယ်၌ လှုပ်ရှားခဲ့သော်လည်း အာဏာပိုင်များ၏ စီးပွားရေး လုပ်ကိုင်၍ မရတော့လောက်အောင် နှောင့်ယှက်မှု ကြောင့် ခုနစ်နှစ်အကြာတွင် နယ်စပ်ဒေသ ကော့သောင်းသို့ ရှောင်တိမ်း၍ အသက်မွေး ခဲ့ရသည်။

ခေတ်အဆက်ဆက် အာဏာရှင် အစိုးရများကြောင့် အဘိုးဖြစ်သူ အဖမ်းခံရ၊ အဖေဖြစ်သူ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ရ၊ စသည်ဖြင့် ခါးသီးသော နိုင်ငံရေးဆိုးကျိုးများ မျိုးစဉ်ဆက်ခံစားရသော ကိုထင်ကျော် အတွက်မူ ယခုအချိန်သည် ဒီမိုကရေစီ အလင်းရောင် အစပျိုးချိန်ဖြစ်သည်။

အကြမ်းဖက်မှု အန္တရာယ်ကြောင့် ရန်ကုန်ရှိ ဗြိတိန်နှင့် အမေရိကန် သံရုံးများ လုံခြုံရေးတိုးမြှင့်ထားရန် အကြောင်းကြား

Photo: အကြမ်းဖက်မှု အန္တရာယ်ကြောင့် ရန်ကုန်ရှိ ဗြိတိန်နှင့် အမေရိကန် သံရုံးများ လုံခြုံရေးတိုးမြှင့်ထားရန် အကြောင်းကြား

မြန်မာနိုင်ငံရှိ ဗြိတိန်သံရုံးနှင့် အမေရိကန်သံရုံး တို့အနေဖြင့် ကိုယ်ပိုင်လုံခြုံရေး ကို ယခုရက်ပိုင်းအတွင်း တိုးမြှင့်ချ ထားရန် အကြောင်းကြားထား ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြော သည်။

အမေရိကန် နှင့်ဗြိတိန်နိုင် ငံအပါအဝင် အနောက်နိုင်ငံများ ၏သံရုံးများကို အကြမ်းဖက်သ မားများက တိုက်ခိုက်မည်ဟု လွန် ခဲ့သောရက်အတွင်းက ထွက်ပေါ် ခဲ့သည့် သတင်းအပေါ်မူတည်၍ ယခုကဲ့သို့ သံရုံးများ လုံခြုံရေးတိုး မြှင့်ရန် အသိပေး အကြောင်းကြား ထားခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အ ဆင့်မြင့်အရာရှိက''သူတို့ကိုယ် ပိုင်လုံခြုံရေးတိုးမြှင့်ဖို့လိုသလို ကျွန်တော်တို့နိုင်ငံအနေနဲ့လဲ သံ ရုံးရဲ့လုံခြုံရေးကို တာဝန်ယူထား ရတယ်။ ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေမဖြစ်ရအောင် အတတ်နိုင်ဆုံး လုံခြုံရေး ကိုဆောင် ရွက်သွားမှာပါ''ဟုပြောသည်။

ယင်းကဲ့သို့ လုံခြုံရေးကို ဆောင်ရွက်ရာတွင် အမေရိကန် နှင့် ဗြိတိန်သံရုံးအပါအဝင် အ ခြားသံရုံးများ၏ လုံခြုံရေးကိုလည်း လိုအပ်သလို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်တိုက်ခိုက်မှု များပြုလုပ်မည်ဟု ခြိမ်းခြောက် မှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ''သူတို့တွေက အ ဖျက်သမားတွေဆိုတော့ ဒါပဲစဉ်း စားကြမှာပါပဲ။ ကျွန်တော်တို့အ နေနဲ့ကတော့ သံရုံးတင်မဟုတ် ဘူး။

တစ်မြို့လုံးရဲ့လုံခြုံရေးကို ဆောင်ရွက် နေတာပါ။ အစစ အရာရာ ဒီအချိန်မှာ ဂရုစိုက်ရ မှာပါ''ဟု ပြောသည်။

အယ်လ်ခိုင်ဒါခေါင်းဆောင် က အကြမ်းဖက်လုပ်ရပ်များလုပ် ရန် ၄င်း၏အဖွဲ့ဝင်များအား အကြောင်းကြားခဲ့သည့်အပေါ် အမေရိကန်နိုင်ငံက ကြားဖြတ် သတင်းရယူနိုင်ခဲ့သောကြောင့် ကမ္ဘာတဝန်းရှိ အမေရိကန်သံရုံး နှင့် ဗြိတိန်သံရုံးမှ တာဝန်ရှိ သူများ ကို လုံခြုံရေးအထူးဂရုစိုက်ရန် ပြော ကြားထားကြောင်း သိရသည်။

ကျော်မြတ်ဇံ

အေးချမ်းမွန် Credit To >> Yangon Media Group << Thanks
Re-posted By ACM 10-8-2013
https://www.facebook.com/excellencemedia
မြန်မာနိုင်ငံရှိ ဗြိတိန်သံရုံးနှင့် အမေရိကန်သံရုံး တို့အနေဖြင့် ကိုယ်ပိုင်လုံခြုံရေး ကို ယခုရက်ပိုင်းအတွင်း တိုးမြှင့်ချ ထားရန် အကြောင်းကြားထား ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြော သည်။

အမေရိကန် နှင့်ဗြိတိန်နိုင် ငံအပါအဝင် အနောက်နိုင်ငံများ ၏သံရုံးများကို အကြမ်းဖက်သ မားများက တိုက်ခိုက်မည်ဟု လွန် ခဲ့သောရက်အတွင်းက ထွက်ပေါ် ခဲ့သည့် သတင်းအပေါ်မူတည်၍ ယခုကဲ့သို့ သံရုံးများ လုံခြုံရေးတိုး မြှင့်ရန် အသိပေး အကြောင်းကြား ထားခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အ ဆင့်မြင့်အရာရှိက''သူတို့ကိုယ် ပိုင်လုံခြုံရေးတိုးမြှင့်ဖို့လိုသလို ကျွန်တော်တို့နိုင်ငံအနေနဲ့လဲ သံ ရုံးရဲ့လုံခြုံရေးကို တာဝန်ယူထား ရတယ်။ ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေမဖြစ်ရအောင် အတတ်နိုင်ဆုံး လုံခြုံရေး ကိုဆောင် ရွက်သွားမှာပါ''ဟုပြောသည်။

တိုင်းရင်းသားအားလုံး အပစ်အခတ် ရပ်စဲနိုင်ပြီလား . . .

Photo: တိုင်းရင်းသားအားလုံး အပစ်အခတ် ရပ်စဲနိုင်ပြီလား . . .

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်ခရီးစဉ်နှင့် သြဂုတ်လ ၁ ရက်နေ့ ရေဒီယိုမိန့်ခွန်း တို့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ကြေညာနိုင်တော့မည်ဟု ထုတ်ဖော် ပြောဆိုလိုက်ခြင်းသည် နှစ်ပေါင်း ၆၀ ကျော် တောက်လောင်ခဲ့သည့် ပြည်တွင်းစစ်မီး ငြှိမ်းသတ်ရေး အမှန်တကယ် ဖြစ်နိုင်ပြီလောဟု မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့် သူတို့က မေးခွန်းထုတ်ကြသည်။

လက်နက်ကိုင်တိုင်းရင်းသား ၁၀ ဖွဲ့ကို ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုး ထားသော်လည်း ကေအိုင်အို၊ တအောင်း လွတ်မြောက်ရေးတပ်မတော် (TNLA) ကဲ့သို့သော လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများမှာ အပစ်အခတ် ရပ်စဲရေး မလုပ်နိုင်သေးခြင်းနှင့် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး တပ်မတော် (တောင်ပိုင်း) RCSS/SSA၊ မွန်ပြည်သစ် ပါတီတို့နှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ထား သော်လည်း တိုက်ပွဲများ ပြန်ဖြစ်လာခြင်း အပေါ် ယင်းကဲ့သို့ မေးခွန်း ထုတ်ကြခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာနိုင်မှသာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် နိုင်ငံရေးဆွေး နွေးပွဲများ ကျင်းပ၍ ရနိုင်မည်ဖြစ်သောကြောင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက အပစ်အခတ် ရပ်စဲရေး သဘောတူညီနိုင်ရန် ဆွေးနွေးမှုများ ဆက်တိုက် ပြုလုပ်လာသည်ကို တွေ့ရသည်။

KIO/KIA အဖွဲ့နှင့် ဇူလိုင်လ အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အားလုံး ပါသော ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီက စီစဉ်ခဲ့သော်လည်း လက်တွေ့တွင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။

KIO/KIA ၏ ငြိမ်းချမ်းရေး အလုပ်အဖွဲ့ (Technical Team) ရုံးကို ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ ငြိမ်းချမ်းရေးရောင်နီဦးဟု ဆိုနိုင်သည့် အနေအထားတော့ မရှိသေးပေ။

ယင်းကဲ့သို့ တိုင်းရင်းသားအားလုံး ပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ရန်မှာ ကေအိုင်အိုပေါ် မူတည်ပြီး ကေအိုင်အိုက အပစ်အခတ်ရပ်စဲရေး သဘောတူညီပါက တတိယအဆင့် ငြိမ်းချမ်းရေးလမ်းပြ မြေပုံကို တက်နိုင်မည်ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင် များက တူညီစွာပြောဆိုကြသည်။

ကေအိုင်အိုကလည်း ဖြေရှင်းနေကျ ပြောဆိုနေကျအတိုင်း ၁၇ နှစ်တာ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရသည့် သင်ခန်းစာ ရထားသည့်အတွက် နိုင်ငံရေး ဆွေးနွေးပြီးမှသာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်မည်ဟု ထုတ်ဖော်ပြောဆိုကာ တင်းခံနေဆဲ ဖြစ်သည်။

အပစ်အခတ် ရပ်စဲထားသည့် ၁၇ နှစ်တာ ကာလအတွင်းတွင် အစိုးရ၏ လမ်းပြမြေပုံ ခုနစ်ဆင့်ကို လက်ခံခဲ့ပြီး ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးနောက် ကေအိုင်အေကို နယ်ခြားစောင့်တပ် အဖြစ် ဖွဲ့စည်းရန် ညွှန်ကြားရာမှ တင်းမာမှု ဖြစ်ပွားခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် တာပိန်ရေအားလျှပ်စစ် စက်ရုံနှင့် ပတ်သက်၍ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက "မြန်မာနိုင်ငံမှာ ပဋိပက္ခ ဖြစ်နေတာ တွေက သဘာဝရင်းမြစ်ထုတ်တဲ့ စီမံကိန်းနေရာတွေ ဖြစ်နေတယ်" ဟု ဆိုသည်။

အချို့လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကလည်း အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီရာတွင် ပါဝင်သော အချက်များကို အစိုးရက လက်တွေ့ဖော်ဆောင်နိုင်ခြင်း မရှိသည့်အပြင် ကေအိုင်အိုနှင့် အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးသည် တို့ကို ထောက်ပြ ပြောဆိုလာသည်။
"ပြည်တွင်းမှာ အပြောင်းအလဲတွေ ဖြစ်နေပေမယ့် ကျွန်တော်တို့နဲ့ အစိုးရကြား ယုံကြည်မှု တည်ဆောက်နေရတုန်းပဲ။ ရှေ့ဆက်လုပ်ရမှာတွေ ကျန်သေးတယ်၊ အစိုးရက သဘောတူညီချက် အားလုံး ဆောင်ရွက် မပေးနိုင်သေးဘူး" ဟု KNU အဖွဲ့၏ အတွင်းရေးမှူး(၁) ဖဒိုစောသီဘွဲ့က ပြော ကြားသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မွန်ပြည်သစ်ပါတီ ပေါင်းကူးတပ်စခန်း တစ်ခုကို တပ်မတော် ခမရ(၅၆၉ ) တပ်ရင်းက ဇူလိုင်လ ၁၈ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် မွန်ပြည်သစ် ပါတီဝင်တပ်သား နှစ်ဦး သေဆုံးခဲ့ခြင်းသည် ငြိမ်းချမ်းရေး မျှော်လင့်ချက်ရောင်ခြည်ကို မှေးမှိန်စေသကဲ့သို့ ဖြစ်လာရသည်။

သို့သော် တပ်မတော်က မွန်အမျိုးသား လွှတ်မြောက်ရေးတပ်စခန်းကို တိုက်ခဲ့ခြင်းမှာ ဟံသာဝတီ လွတ်မြောက်ရေးတပ်နှင့် မှားယွင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု တပ်မတော်အရာရှိ အချို့က မွန်ပြည်သစ် ပါတီထံ ပြန်လည် ရှင်းပြထားကြောင်း မွန်ပြည်သစ်ပါတီ၏ မော်လမြိုင်မြို့နယ် ဆက်ဆံရေးရုံ တာဝန်ခံ ဦးနိုင်စိုက်ချမ်းက ဆိုသည်။

ယင်းတိုက်ပွဲသည် မွန်ပြည်သစ်ပါတီ နှင့် တပ်မတော် တို့အကြား ၁၉၉၅ ခုနှစ် တပ်မတော်အစိုးရ ကမကထပြုလုပ်သည့် အပစ်အခတ်ရပ်စဲရေးတွင် လက်မှတ်ရေး ထားခဲ့ပြီး နောက်ပိုင်း ပထမဆုံး ပြန်လည်ဖြစ်ပွားသော တိုက်ပွဲဖြစ်ပြီး ယုံကြည်မှု တည်ဆောက်ရေးကာလတွင် သံသယများကို ဖြစ်ထွန်းစေသည်။

ဇူလိုင်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သော လက်နက်ကိုင် တိုင်းရင်းသား ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ညီလာခံတွင် အစိုးရက တင်ပြထားသော တစ်ပြည်လုံးအတိုင်း အတာ အပစ်အခတ်ရပ်စဲရေးကို တရားဝင် ဖိတ်ကြားလာပါက မူတစ်ခု သဘောတူ သတ်မှတ်သွားမည် ဖြစ်ကြောင်း ယင်းညီလာခံ တက်ရောက်သူအချို့က ဆိုသည်။

အဆိုပါ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲသို့ စစ်ရေး သဘောတူညီချက်များ နိုင်ငံရေး ဆွေးနွေးမည့် အာမခံချက်များ မပါရှိ ပါက တက်ရောက်သွားမည် မဟုတ်ကြောင်း UNFC က ထုတ်ပြန်ထားသည်။

လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပဋိပက္ခဖြစ်ပွားရာတွင် ယခင်က လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သည်ဟု အဓိပ္ပာယ်ဆောင်ကာ အပစ်အခတ် ရပ်စဲခဲ့ကြသော်လည်း လက်ရှိအနေအထားတွင် လက်နက်နှင့် နိုင်ငံရေး အာမခံချက်၊ အကျိုးစီးပွားတို့ လဲလှယ်ညှိနှိုင်းရသည့် အပစ်အခတ်ရပ်စဲရေး ဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တို့က တူညီစွာ ပြောဆိုကြသည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီ ထားသည့် ပအို့ဝ်အမျိုးသား လွတ်မြောက် ရေးအဖွဲ့ (PNLO) မှ ဦးခွန်မြင့်ထွန်း ကလည်း "နိုင်ငံရေးအာမခံချက်ရှိဖို့ အရေးကြီးတယ်။ ဒါကြောင့် UNFC က ဆွဲထားတဲ့ တိုင်းရင်းသား လမ်းပြမြေပုံနဲ့ အစိုးရရဲ့ နိုင်ငံရေးလမ်းပြမြေပုံကို ပြန်ညှိနှိုင်းမယ်” ဟု ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံးနှင့် လိုအပ်သည့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေပြီး မကြာမီ တစ်တိုင်းပြည်လုံး အတိုင်းအတာ အထိ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်မည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁ ရက်နေ့ ရေဒီယို မိန့်ခွန်းတွင် ထပ်လောင်းပြောကြားသည်။

ABSDF ၏ ရဲဘော်တစ်ဦးကမူ "တိုင်းရင်းသားတွေနဲ့ နှစ်ဖက် တိုင်ပင်ပြီးတော့မှပဲ ကြေညာလို့ရတယ်။ မညှိနှိုင်းဘဲ ကြေညာရင်မယ်ဆိုရင် အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အားလုံးကို အပစ်အခတ်ရပ်ပြီ လို့ပဲ ကြေညာလို့ရမယ်" ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း ၁၇ ဖွဲ့သည် သူ့မူ ကိုယ့်မူ အမျိုးမျိုးဖြင့် ရပ်တည်နေကြ သော်လည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် မူသုံးမူက ခက်ခဲသော ပုစ္ဆာတစ်ပုဒ်နှယ် ဖြစ်နေသည်။

ကေအိုင်အိုက အပစ်အခတ်ရပ်စဲရေး မလုပ်ဘဲ နိုင်ငံရေးဆွေးနွေးမည် ဟူသော မူ၊ ကေအိုင်အို ပါဝင်သော UNFC က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ပြီးမှသာ နိုင်ငံရေးဆွေးနွေးမည် ဟူသောမူ နှင့် အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်မှု အဆင့်သုံးဆင့် ချမှတ်ထားသောမူ တို့သည် ရှုပ်ထွေးနေဆဲ ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုသော် မြန်မာပြည်သူများ၏ ငြိမ်းချမ်းရေး မျှော်လင့်ချက် သည် တူသယောင်ယောင်နှင့် ကွဲနေသည့် ငြိမ်းချမ်းရေး လမ်းပြမြေပုံ သုံးချပ်အောက်တွင် ခရီးမရောက် တဝဲလည်လည် ဖြစ်နေဆဲပင် ဖြစ်သည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် က တိုင်းရင်းသားအဖွဲ့အစည်း အားလုံး အပါအဝင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲမည်ဟု ပြောဆိုလိုက်ခြင်းသည် အမှန်တကယ် လုပ်ဆောင်နိုင်မည်လော ဆိုသည်ကိုမူ ကာလအတိုင်းအတာ တစ်ခုအထိ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

(မင်းထက်စံ၊ အောင်ဘိုဘိုရှိန်)

အေးချမ်းမွန် Credit To >>The Voice Weekly << Thanks
Re-posted By ACM 10-8-2013
https://www.facebook.com/excellencemedia
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်ခရီးစဉ်နှင့် သြဂုတ်လ ၁ ရက်နေ့ ရေဒီယိုမိန့်ခွန်း တို့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ကြေညာနိုင်တော့မည်ဟု ထုတ်ဖော် ပြောဆိုလိုက်ခြင်းသည် နှစ်ပေါင်း ၆၀ ကျော် တောက်လောင်ခဲ့သည့် ပြည်တွင်းစစ်မီး ငြှိမ်းသတ်ရေး အမှန်တကယ် ဖြစ်နိုင်ပြီလောဟု မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့် သူတို့က မေးခွန်းထုတ်ကြသည်။

လက်နက်ကိုင်တိုင်းရင်းသား ၁၀ ဖွဲ့ကို ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုး ထားသော်လည်း ကေအိုင်အို၊ တအောင်း လွတ်မြောက်ရေးတပ်မတော် (TNLA) ကဲ့သို့သော လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများမှာ အပစ်အခတ် ရပ်စဲရေး မလုပ်နိုင်သေးခြင်းနှင့် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး တပ်မတော် (တောင်ပိုင်း) RCSS/SSA၊ မွန်ပြည်သစ် ပါတီတို့နှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ထား သော်လည်း တိုက်ပွဲများ ပြန်ဖြစ်လာခြင်း အပေါ် ယင်းကဲ့သို့ မေးခွန်း ထုတ်ကြခြင်း ဖြစ်သည်။

စစ်တွေ ဘောဒူဘဒုက္ခသည်စခန်း ပဋိပက္ခအတွင်း ပစ်ခတ်မှု မွတ်စလင် အမျိုးသားတစ်ဦး သေဆုံး

Photo: စစ်တွေ ဘောဒူဘဒုက္ခသည်စခန်း ပဋိပက္ခအတွင်း ပစ်ခတ်မှု မွတ်စလင် အမျိုးသားတစ်ဦး သေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့အနောက်ဘက် ဘောဒူဘ ဒုက္ခသည်စခန်းမှာ ရဲဝန်ထမ်းတွေနဲ့ ဒုက္ခသည်တွေအကြား မနေ့က ညနေ ၆ နာရီကျော်အချိန်မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် မွတ်စလင် ၄ ဦး သေနတ်ဒဏ်ရာရရှိတဲ့အထဲက ၁ ဦး သေဆုံးသွားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကိုပြောပါတယ်။

ဒဏ်ရာရရှိတဲ့ မွတ်စလင်အမျိုးသား ၄ ဦးကို အာဏာပိုင်တွေက အနီးမှာရှိတဲ့ ဓားပိုင်ဆေးရုံကို ဆေးကုသဖို့ သယ်ယူလာစဉ် သေဆုံးသွားတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကို အခုလိုပြောပါတယ်။

“၆ နာရီကျော် ၇ နာရီလောက်မှာ ဖြစ်တဲ့ဟာမှာတော့ နောက်ထပ် ၄ ယောက် ဒဏ်ရာရတာပေါ့၊ အဲဒီအထဲမှာ ၁ ဦး ဆုံးသွားတယ်ပြောတယ်၊ အခုဟာက သူတို့ကိုပြဿနာရှာတာလည်း မဟုတ်ဘူး၊ အပြစ်ရှာတာလည်း မဟုတ်ဘူး၊ သေဆုံးတဲ့လူကိုသွားစစ်တယ်၊ စစ်တဲ့ဟာကို သူတို့ကလူကိုရန်ရှာတယ်ဆိုတော့လည်း သိပ်တော့မကောင်းဘူးပေါ့”

မနေ့ညနေပိုင်းက ဘောဒူဘ ဒုက္ခသည်စခန်းမှာ ထပ်မံဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ရဲဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့လည်းဆိုပါတယ်။

မနေ့မနက်ပိုင်းကလည်း အုန်းတောကြီးချောင်းဝမှာ ရေနစ်သေဆုံးသူလို့ ယူဆရသူ မွတ်စလင်တစ်ဦးကို အကြောင်းပြုပြီး မွတ်စလင် ဒုက္ခသည်တွေနဲ့ လုံခြုံရေးဝန်ထမ်းတွေအကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ရာမှာ မွတ်စလင်ဒုက္ခသည် စုစုပေါင်း ၇ ဦး သေနတ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့သိရပါတယ်။ အဲဒီသေနတ်ဒဏ်ရာ ရရှိသွားတဲ့သူတွေကို ဓားပိုင်ဆေးရုံမှာ ဆေးကုသမှုပေးနေပြီး ဘောဒူဘ ဒုက္ခသည်စခန်းမှာ စစ်တပ်လုံခြုံရေး အင်အားကိုလည်း တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

အေးချမ်းမွန် Credit To >> RFA Burmese << Thanks
Re-posted By ACM 11-8-2013
https://www.facebook.com/excellencemedia
ရခိုင်ပြည်နယ် စစ်တွေမြို့အနောက်ဘက် ဘောဒူဘ ဒုက္ခသည်စခန်းမှာ ရဲဝန်ထမ်းတွေနဲ့ ဒုက္ခသည်တွေအကြား မနေ့က ညနေ ၆ နာရီကျော်အချိန်မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် မွတ်စလင် ၄ ဦး သေနတ်ဒဏ်ရာရရှိတဲ့အထဲက ၁ ဦး သေဆုံးသွားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကိုပြောပါတယ်။

ဒဏ်ရာရရှိတဲ့ မွတ်စလင်အမျိုးသား ၄ ဦးကို အာဏာပိုင်တွေက အနီးမှာရှိတဲ့ ဓားပိုင်ဆေးရုံကို ဆေးကုသဖို့ သယ်ယူလာစဉ် သေဆုံးသွားတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကို အခုလိုပြောပါတယ်။

စင်ကာပူနိုင်ငံ အခြေစိုက် Tiger Airways လေကြောင်းလိုင်း အောက်တိုဘာ ၁ ရက်မှ စတင်ကာ ရန်ကုန်-စင်ကာပူ ခရီးစဉ် စတင်ပြေးဆွဲမည်

Photo: စင်ကာပူနိုင်ငံ အခြေစိုက် Tiger Airways လေကြောင်းလိုင်း အောက်တိုဘာ ၁ ရက်မှ စတင်ကာ ရန်ကုန်-စင်ကာပူ ခရီးစဉ် စတင်ပြေးဆွဲမည်

Created on Sunday, 11 August 2013 02:38

စင်ကာပူနိုင်ငံ အခြေစိုက် Tiger Airways လေကြောင်းလိုင်းသည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်ကာ ရန်ကုန်-စင်ကာပူ ခရီးစဉ်အား စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။ Tiger Airways လေကြောင်းလိုင်းသည် အာရှဒေသအတွင်း ခရီးစဉ်များ ပျံသန်းပြေးဆွဲနေသော စရိတ်နည်း လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။
"Tiger Airways လေကြောင်းလိုင်းက အောက်တိုဘာ ၁ ရက်မှာ ရန်ကုန်-စင်ကာပူ ခရီးစဉ် စတင်ပျံသန်းဖို့ စီစဉ်နေပါတယ်" ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက သြဂုတ် ၁၀ ရက်က ပြောကြားခဲ့သည်။
ယင်းပြင် ၂၀၁၃ ခုနှစ် စက်တင်ဘာ လဆန်းမှ စတင်ကာ ထိုင်းနိုင်ငံ အခြေစိုက် Nok Air လေကြောင်းလိုင်းနှင့် Business Air လေကြောင်းလိုင်းတို့သည် ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း . . . . .
Tiger Airways လေကြောင်းလိုင်းသည် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပြေးဆွဲနေသော စင်ကာပူနိုင်ငံ အခြေစိုက် သုံးခုမြောက် လေကြောင်းလိုင်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။ စင်ကာပူနိုင်ငံ အခြေပြု၍ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပြေးဆွဲနေသော အခြားလေကြောင်းလိုင်းများမှာ Singapore Airline နှင့် Silk Air လေကြောင်းလိုင်းတို့ ဖြစ်သည်။
ယင်းပြင် ၂၀၁၃ ခုနှစ် စက်တင်ဘာ လဆန်းမှ စတင်ကာ ထိုင်းနိုင်ငံ အခြေစိုက် Nok Air လေကြောင်းလိုင်းနှင့် Business Air လေကြောင်းလိုင်းတို့သည် ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား စတင်ပြေးဆွဲရန် စီစဉ်နေကြောင်းလည်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းပြေးဆွဲနေသော ပြည်ပလေကြောင်းလိုင်း ၂၂ လိုင်းရှိပြီး၊ ပြည်တွင်းလေကြောင်းလိုင်း ခုနစ်လိုင်း ရှိသည်။
၂၀၁၂ ခုနှစ် ပွင့်လင်းရာသီ မတိုင်မီအထိ မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲနေသော ပြည်ပလေကြောင်းလိုင်း ၁၅ လိုင်းသာရှိပြီး၊ ၂၀၁၂ ပွင့်လင်းရာသီ ကာလမှ စတင်ကာ ပြည်ပလေကြောင်းလိုင်း ခုနစ်လိုင်းမှ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ်များ စတင်ပျံသန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ နိုင်ငံများမှာ ဂျပန်၊ ကာတာ၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျာမနီနှင့် စင်ကာပူနိုင်ငံများ ဖြစ်သည်။ ယင်းပြင် ရန်ကုန်မြို့နှင့် တိုက်ရိုက်လေကြောင်း ခရီးစဉ် စတင်ပျံသန်းမည့် နိုင်ငံများ၏ ဆင်းသက်ချိန်အား နေ့အချိန်တွင် ဆင်းသက်နိုင်ရန် ဦးစားပေး ညှိနှိုင်းသွားမည်ဖြစ်ပြီး၊ လက်ရှိပျံသန်းလျက်ရှိသည့် နိုင်ငံတကာ လေကြောင်းလိုင်းများမှ ခေါက်ရေတိုးမြှင့် ပျံသန်းခြင်းအား ညအချိန်တွင်သာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

အေးချမ်းမွန် Credit To >>Eleven Media Group << Thanks
Re-posted By ACM 11-8-2013
https://www.facebook.com/excellencemedia
Created on Sunday, 11 August 2013

စင်ကာပူနိုင်ငံ အခြေစိုက် Tiger Airways လေကြောင်းလိုင်းသည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်ကာ ရန်ကုန်-စင်ကာပူ ခရီးစဉ်အား စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။ Tiger Airways လေကြောင်းလိုင်းသည် အာရှဒေသအတွင်း ခရီးစဉ်များ ပျံသန်းပြေးဆွဲနေသော စရိတ်နည်း လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။
"Tiger Airways လေကြောင်းလိုင်းက အောက်တိုဘာ ၁ ရက်မှာ ရန်ကုန်-စင်ကာပူ ခရီးစဉ် စတင်ပျံသန်းဖို့ စီစဉ်နေပါတယ်" ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက သြဂုတ် ၁၀ ရက်က ပြောကြားခဲ့သည်။
ယင်းပြင် ၂၀၁၃ ခုနှစ် စက်တင်ဘာ လဆန်းမှ စတင်ကာ ထိုင်းနိုင်ငံ အခြေစိုက် Nok Air လေကြောင်းလိုင်းနှင့် Business Air လေကြောင်းလိုင်းတို့သည် ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း . . . . .

ကားထဲတွင်ကျန်သော ရေသန့်ဘူးမှ ရေကို မသောက်သင့်

Photo: ကားထဲတွင်ကျန်သော ရေသန့်ဘူးမှ ရေကို မသောက်သင့်


အနောက်တိုင်း ဆေးပညာရှင်များရဲ့  လေ့လာတွေ့ရှိချက်ဖြစ်ကြောင်း ဆိုပါတယ်။ ကားထဲမှာ အချိန်အတော်ကြာ ထားရှိခဲ့တဲ့ ရေသန့်ဘူး မှ ရေများကို သောက်သုံးခြင်းဟာ ကင်ဆာ နှင့် အခြားသော ရောဂါ များကို ပိုမိုဖြစ်လွယ်စေကြောင်း သိရပါတယ်။

ကားအတွင်း အပူအချိန်ဟာ ပြင်ပ အပူချိန်ထက် သိသိသာသာ ပိုနေ တတ်ပြီး ယင်းထဲမှာ အကြာကြီးချိန်ထားတဲ့ ပလပ်စတစ် နဲ့ ပြုလုပ်ရေ သန့်ဘူး ဟာ Dioxins လို့ခေါ်တဲ့ ဓာတုဗေဒ ဓာတ်တစ်မျိုးကို ထုတ်လုပ်တယ်လို့ ဆိုပါတယ်။ ယင်း ဓာတုဗေဒ ဓာတ်ဟာ အမျိုးသမီးတွေ မှာ ရင်သားကင်ဆာ ဖြစ်စေဖို့အတွက် အဓိက ထောက်ပံ့ပေးတဲ့ ပိုးမွားဖြစ်ပြီး အမျိုးသမီးတင်မက၊ အမျိုးသားများကိုပါ ကင်ဆာနဲ့ ဆက်စပ်ရောဂါ များကို ဖြစ်ပွားစေကြောင်း ဆိုပါတယ်။

Dioxin တွေဟာ ရေနဲ့ ရောနှောသွားပြီး လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးပေး တတ်တဲ့ ရောဂါပိုးအသွင်ကို ပြောင်းလဲသွားပါတယ်။ အဓိကကတော့ အပူဒဏ်ပါ။ ရေသန့်ဘူး တွေဟာ သာမန် အခန်းအပူချိန်မှာထားလို့ အဆင်ပြေပေမယ့် ယင်းထက် ပူလောင်တဲ့ ဘယ်လို အပူချိန် မှာပဲ ထားထား ပလပ်စတစ်နဲ့ ဓာတုဗေဒဓာတ်များ လောင်ကျွမ်းပြီး လူတို့ရဲ့  ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေပါတယ်။

ဒါကြောင့် ရေသန့်ဘူးထဲကို ရေပူထည့်ခြင်း၊ အပူလွန်ကဲနေသော နေရာနဲ့ ကားအတွင်းခန်းတို့လိုနေရာမှာ ထားခြင်းတို့ကို ရှောင်ကြဉ်ပြီး သောက်သုံး မှုကို မပြုလုပ်ရန် သတိပေး တားမြစ်ထားကြောင်း သိရပါတယ်။
.
အေးချမ်းမွန် Credit To >>International news for myanmar << Thanks
Re-posted By ACM 11-8-2013
https://www.facebook.com/excellencemedia
အနောက်တိုင်း ဆေးပညာရှင်များရဲ့  လေ့လာတွေ့ရှိချက်ဖြစ်ကြောင်း ဆိုပါတယ်။ ကားထဲမှာ အချိန်အတော်ကြာ ထားရှိခဲ့တဲ့ ရေသန့်ဘူး မှ ရေများကို သောက်သုံးခြင်းဟာ ကင်ဆာ နှင့် အခြားသော ရောဂါ များကို ပိုမိုဖြစ်လွယ်စေကြောင်း သိရပါတယ်။

ကားအတွင်း အပူအချိန်ဟာ ပြင်ပ အပူချိန်ထက် သိသိသာသာ ပိုနေ တတ်ပြီး ယင်းထဲမှာ အကြာကြီးချိန်ထားတဲ့ ပလပ်စတစ် နဲ့ ပြုလုပ်ရေ သန့်ဘူး ဟာ Dioxins လို့ခေါ်တဲ့ ဓာတုဗေဒ ဓာတ်တစ်မျိုးကို ထုတ်လုပ်တယ်လို့ ဆိုပါတယ်။ ယင်း ဓာတုဗေဒ ဓာတ်ဟာ အမျိုးသမီးတွေ မှာ ရင်သားကင်ဆာ ဖြစ်စေဖို့အတွက် အဓိက ထောက်ပံ့ပေးတဲ့ ပိုးမွားဖြစ်ပြီး အမျိုးသမီးတင်မက၊ အမျိုးသားများကိုပါ ကင်ဆာနဲ့ ဆက်စပ်ရောဂါ များကို ဖြစ်ပွားစေကြောင်း ဆိုပါတယ်။

ပြည်သူ့ ခေတ်ပဲ့ကိုင်ရှင် ဆရာမောင်ဝံသ ကွန်လွန်

Photo: ပြည်သူ့ ခေတ်ပဲ့ကိုင်ရှင် ဆရာမောင်ဝံသ ကွန်လွန်


ပြည်သူ့ ခေတ်ဂျာနယ် ပဲ့ကိုင်ရှင် ဆရာမောင်ဝံသ ဒီနေ့ နံနက် ၆ နာရီကျော်က ကွန်လွန်သွားပြီဖြစ်တယ်လို သမီးဖြစ်သူ မလွတ်လပ်စိုး ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဆရာဟာ ကင်ဆာရောဂါကိုခံစားခဲ့ရပြီး ဆေးကုသနေစဉ်အတွင်းမှာကို စာပေတာဝန်ကို ကျေပွန်စွာ ထမ်းရွက်ခဲ့သူဖြစ်ပါတယ်။

ပြည်သူ့ ခေတ်စာမျက်နှာ (၃) မှာဆရာပင်တိုင်ရေးနေတဲ့ “ပြောချင်လွန်းလို့ ” ခေါင်းစဉ်နဲ့ ရေးသားချက်တွေကို ဘယ်တော့မှဖတ်ရတော့မှာ မဟုတ်တော့ပါဘူး။

ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဠ် က “ကြယ်ကြွေလေပြီ” ဟု သူ၏ဖေ့ဘုတ်စာမျက်နှာမှ ဆရာမောင်ဝံသအတွက် ဝမ်းနည်းစကား ဆိုထားပါတယ်။

မန္တလေးခေတ်

ရန်ကုန်၊ သြဂုတ် - ၁၁။
ပြန်လည်မျှဝေပါတယ်။

အေးချမ်းမွန် Credit To >> Tun Wai << Thanks
Re-posted By ACM 11-8-2013
https://www.facebook.com/excellencemedia

ပြည်သူ့ ခေတ်ဂျာနယ် ပဲ့ကိုင်ရှင် ဆရာမောင်ဝံသ ဒီနေ့ နံနက် ၆ နာရီကျော်က ကွန်လွန်သွားပြီဖြစ်တယ်လို သမီးဖြစ်သူ မလွတ်လပ်စိုး ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဆရာဟာ ကင်ဆာရောဂါကိုခံစားခဲ့ရပြီး ဆေးကုသနေစဉ်အတွင်းမှာကို စာပေတာဝန်ကို ကျေပွန်စွာ ထမ်းရွက်ခဲ့သူဖြစ်ပါတယ်။

ပြည်သူ့ ခေတ်စာမျက်နှာ (၃) မှာဆရာပင်တိုင်ရေးနေတဲ့ “ပြောချင်လွန်းလို့ ” ခေါင်းစဉ်နဲ့ ရေးသားချက်တွေကို ဘယ်တော့မှဖတ်ရတော့မှာ မဟုတ်တော့ပါဘူး။

ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဠ် က “ကြယ်ကြွေလေပြီ” ဟု သူ၏ဖေ့ဘုတ်စာမျက်နှာမှ ဆရာမောင်ဝံသအတွက် ဝမ်းနည်းစကား ဆိုထားပါတယ်။

မန္တလေးခေတ်

ရန်ကုန်၊ သြဂုတ် - ၁၁။

ရေကြောင်းသွားလာ မီးကျောင်းကြီး အန္တရာယ်သတိပြုပါ

ဘိုကလေး သြဂုတ် ၁ဝ

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် တွင် ရေလမ်းခရီးဖြင့်သွားလာကြသော ဒေသခံပြည်သူများအနေဖြင့် ယခုရက်ပိုင်းအတွင်း ကြားသိနေရ သော မိကျောင်းအန္တရာယ်ကို သတိပြု သင့်ပါသည်။ ယခုရက်ပိုင်းအတွင်း ဘိုကလေးမြို့နယ် ရေဝင်ကျေးရွာနှင့် ဆတ်ကျွန်းကျေးရွာများတွင် မိကျောင်း အဝါကြီးတစ်ကောင် မကြာခဏ သွားလာနေသည်ကို ဒေသခံများ တွေ့ရှိခဲ့ရသည်။ ငယ်သူကျေးရွာမှ ဘိုကလေးမြို့သို့ နေ့ချင်းပြန် ပြေးဆွဲနေသော အောင်ထိန်လင်း ရေယာဉ်မှ ပြောကြားရာတွင် ရေယာဉ် ညအိပ်ဂိတ်ထိုးသည့် ရေဝင်ကျေးရွာ နေရာတွင် သိန်းသန်းပိုရေယာဉ် ဘေး၌ မိကျောင်းအဝါကျားကြီး ပေါ်လာရာ အလွန်ကြီးမားကြောင်း ပြောပြသည်။

သြဂုတ် ၄ ရက်က ဆတ်ကျွန်း ရန်မခကျေးရွာ ဘုန်းတော်ကြီးကျောင်း တံတားဆိပ်တွင် ကိုရင်ကလေးရေချိုး နေစဉ် မိကျောင်း ကိုက် ချီပြီး ရေပေါ်တွင်ကူးနေ၍ ရွာလေးရွာမှ ရွာသားများ ဝိုင်းဝန်းဖမ်းဆီးရာ မိကျောင်းမှာ သေပြီးမြုပ်သွားသဖြင့် ရွာသားများက ဝိုင်းဝန်းဆွဲတင် ကြပြီး ဗိုက်ခွဲကြည့်ရာ