Sunday, 27 January 2013

လှံဦးချိုပါသော အာတိဝေလငါးများ

လှံဦးချိုပါသော အာတိဝေလငါးများ

ဦးခေါင်းမှာ လှံလိုမျိုး ဦချိုပါရှိပြီး ၎င်းတို့ကို Narwhal လို့အမည်ပေးထား ပါတယ်။

သဘာဝအလျောက်ကို ချွန်ထက်တဲ့ အချောင်းအတံပါရှိပြီး ရေ ခဲကျောက် ဆောင်တွေကို ထိုးဖောက်ဖြိုဖျက်ဖို့ အသုံးပြုပါတယ်။ ကမ္ဘာ့ ရှားပါး ဝေလငါး စာရင်းထဲမှာ ပါရှိပါတယ်။ ဘာလို့လဲဆိုတော့ ယင်း ငါးတို့ရဲ့  ထက်သော ဦးချိုတံကို အမေရိကန်ဒေါ်လာသန်းချီပေးပြီး ဝယ်ယူနေ ကြလို့ ဖြစ်ပါတယ်။ အာတိတ်ရေခဲပြင်ကလည်း အရည်ပျော်လာမှု ကြောင့် အကောင်အရေအတွက်နေ နည်းလာပါတယ်။

အထီးကော၊ အမကော ၁၃ ပေမှ ၁၈ ပေ ကြားအထိ အရွယ်အစားရှိပြီး Green Land, ကနေဒါ၊ ရုရှားတို့လို အအေးပိုင်းဒေသတွေမှာ ရွှေ့ ပြောင်း ကျက်စားတတ်ပါတယ်။ အင်အားသန်မာပြီး သူတို့ထက်ကြီးတဲ့ ငါးမန်းတွေ ကိုတောင် တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ အစုလိုက် နေထိုင်တတ်တဲ့သူတွေ ဆို တော့ အာတိတ်မှာ အကောင်တိုင်း ကြောက်တဲ့ ရေသတ္တဝါ ပဲ ဖြစ်ပါ တယ်။

Inuit mythology မှာ လှံအထိုးခံရတဲ့ အမျိုးသမီးတစ်ဦး ရေနှစ်မြှုပ်ပြီး ဝေလှ ငါးအဖြစ်သို့ ပြောင်းလဲသွားတာလို့ ဒဏ္ဍာရီပုံပြင်ရှိပြီး ရှေးဥရောပသားတို့ ယုံကြည်ချက်ကတော့ စွမ်းအင်ပါဝါရှိတဲ့ ဝေလငါးများလို့ ဆိုပါတယ်။ ဒါကြောင့် Narwhal ကို တော်ရုံ မဖမ်းဆီးရဲပါဘူး။ အရေအတွက် နည်းနေပြီ ဖြစ်တဲ့ Narwhale ဟာ နောင်နှစ်အနည်းငယ်တွက် ပျောက်ကွယ် သွားတော့မယ့် မျိုးစိတ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
--
Ref: wiki
ရိုးရာလေး ဗဟုသု

အေးချမ်းမွန်မှ YoYarLay  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဦးခေါင်းမှာ လှံလိုမျိုး ဦချိုပါရှိပြီး ၎င်းတို့ကို Narwhal လို့အမည်ပေးထား ပါတယ်။
သဘာဝအလျောက်ကို ချွန်ထက်တဲ့ အချောင်းအတံပါရှိပြီး ရေ ခဲကျောက် ဆောင်တွေကို ထိုးဖောက်ဖြိုဖျက်ဖို့ အသုံးပြုပါတယ်။ ကမ္ဘာ့ ရှားပါး ဝေလငါး စာရင်းထဲမှာ ပါရှိပါတယ်။ ဘာလို့လဲဆိုတော့ ယင်း ငါးတို့ရဲ့  ထက်သော ဦးချိုတံကို အမေရိကန်ဒေါ်လာသန်းချီပေးပြီး ဝယ်ယူနေ ကြလို့ ဖြစ်ပါတယ်။ အာတိတ်ရေခဲပြင်ကလည်း အရည်ပျော်လာမှု ကြောင့် အကောင်အရေအတွက်နေ နည်းလာပါတယ်။

ရန်ကုန် စတော့ အိပ်ချိန်း ဈေးကွက်အတွက် အများပိုင်ဘဏ်များ လုပ်ကိုင်လာ

Photo: ရန်ကုန် စတော့ အိပ်ချိန်း ဈေးကွက်အတွက် အများပိုင်ဘဏ်များ လုပ်ကိုင်လာ

ခင်မျိုးသွယ် | စနေနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၃၁ မိနစ် 

 ရန်ကုန် (မဇ္ဈိမ)။   ။ ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် ရန်ကုန် စတော့ အိပ်ချိန်း ဈေးကွက် (Stock exchange market)အတွက် အများပိုင် ဘဏ်များ ဖွဲ့စည်းလုပ်ကိုင်လာကြောင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များက ဆိုသည်။ 

“အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ် အနေနဲ့ အများပိုင်ဘဏ် လုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီများ မှတ်ပုံတင်ဌာနမှာ တင်ထားပြီးပါပြီ။ ကုမ္ပဏီ ဖွဲ့ခွင့် ရပြီဆိုရင် ပြည်ပက ပညာရှင်တွေကို ခေါ်ပြီး ကုမ္ပဏီရဲ့ပိုင်ဆိုင်မှု၊ လုပ်ငန်း အနေအထားတွေကို သုံးသပ်ပြီး ရှယ်ယာတန်ဖိုး သတ်မှတ်ပြီး ထုတ်ရောင်းပေးမှာပါ” ဟု ၎င်းဘဏ်မှ ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်လွင်ရွှေ က ပြောသည်။

ထို့ပြင် “နိုင်ငံခြားသား လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲတွေ၊ ဆွေးနွေးပွဲတွေ လုပ်ခဲ့ရတာတွေ ရှိပါတယ်။ ပြည်ပက လာရင် အများစုက အများပိုင်ကုမ္ပဏီတွေ များတယ်။ အများပိုင်ဆိုတာက ပုဂ္ဂလိကထက် ပိုခိုင်မာတယ်။ သူတို့ဆီက လာလိုက်ရင်လည်း ရင်းနှီးမြှုပ်နှံမူတွေက အကြီးကြီးတွေ များတယ်။ ဒါကြောင့် ၂၀၁၅ မှာ ရန်ကုန် စတော့အိပ်ချိန်း ဈေးကွက်အတွက် လိုအပ်တဲ့အခါ ရှယ်ယာ ရောင်းနိုင်အောင် အခုကတည်းက ပြင်ဆင်ထားတာပါ” ဟု ၎င်းက ဆက်ပြောသည်။

 ထိုသို့ အများပိုင်ဘဏ် ပြောင်းလဲသည့်အခါ ပထမအဆင့် အနေဖြင့် ဘဏ်ဝန်ထမ်းများကို ရှယ်ယာများ အခမဲ့ ပေးမည်ဖြစ်ပြီး ဒုတိယဆင့် အနေဖြင့် ရှယ်ယာများကို အများပြည်သူများသို့ ရောင်းချပေးသွားမည် ဖြစ်သည်။ 

 “ကုမ္ပဏီဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ လုပ်ငန်းပိုင်ဆိုင်မှု တစိတ်တဒေသကို ဝန်ထမ်းတွေကို ပေးအပ်ဖို့နဲ့ အမြတ်အစွန်းရတဲ့ ဘဏ်လုပ်ငန်းက ရရှိမယ့် အမြတ်ကို အများပြည်သူတွေကို မျှဝေခံစားခွင့်ပြုဖို့နဲ့ နိုင်ငံတကာဘဏ်တွေကို ယှဉ်ပြိုင်တဲ့အခါ အကြီးဆုံး အများပိုင်ဘဏ်အဖြစ် ရပ်တည်နိုင်ဖို့အတွက် ဖြစ်ပါတယ်” ဟု အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ်မှ ဒါရိုက်တာတဦးက ဆိုသည်။ 

ယင်းဘဏ်ကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ပြီး ရုံးချုပ်ကို ပန်းပဲတန်းမြို့နယ်၊ ဆူးလေ ဘုရားလမ်းပေါ်တွင် ဖွင့်လှစ်ထားကာ ဘဏ်ခွဲပေါင်း ၂၅ ခု ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အများပိုင်ဘဏ်များအနေဖြင့် ပထမပုဂ္ဂလိကဘဏ်၊ ရိုးမဘဏ်၊ မြန်မာ နိုင်ငံသားများဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် စသဖြင့် ဖွဲ့စည်းလုပ်ကိုင်ပြီးဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ Mizzima - News in Burmese  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် ရန်ကုန် စတော့ အိပ်ချိန်း ဈေးကွက် (Stock exchange market)အတွက် အများပိုင် ဘဏ်များ ဖွဲ့စည်းလုပ်ကိုင်လာကြောင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များက ဆိုသည်။

“အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ် အနေနဲ့ အများပိုင်ဘဏ် လုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီများ မှတ်ပုံတင်ဌာနမှာ တင်ထားပြီးပါပြီ။ ကုမ္ပဏီ ဖွဲ့ခွင့် ရပြီဆိုရင် ပြည်ပက ပညာရှင်တွေကို ခေါ်ပြီး ကုမ္ပဏီရဲ့ပိုင်ဆိုင်မှု၊ လုပ်ငန်း အနေအထားတွေကို သုံးသပ်ပြီး ရှယ်ယာတန်ဖိုး သတ်မှတ်ပြီး ထုတ်ရောင်းပေးမှာပါ” ဟု ၎င်းဘဏ်မှ ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်လွင်ရွှေ က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဟာဝိုင်ယီ ကျောင်းသားတွေနဲ့ တွေ့ဆုံ

Photo: ဒေါ်အောင်ဆန်းစုကြည် ဟာဝိုင်ယီ ကျောင်းသားတွေနဲ့ တွေ့ဆုံ

မခင်ဖြူထွေး,  ကိုသိန်းထိုက်ဦး
26.01.2013

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဟိုနိုလူလူမှာရှိတဲ့ အထက်တန်း ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံ စကားပြောခဲ့ ပါတယ်။  ဒီတွေ့ဆုံပွဲ အကြောင်း အပြည့်စုံသိရအောင် ဟိုနိုလူလူမှာ ရောက်နေပြီး ဒီတွေ့ဆုံပွဲကို တက်ရောက် သတင်းယူခဲ့တဲ့ ကျမတို့ရဲ့ ဗွီအိုအေ ၀ိုင်းတော်သား ဦးသိန်းထိုက်ဦးကို မေးဖြစ်ခဲ့ ပါတယ်။ ဒီကနေ့ တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ဦးသိန်းထိုက်ဦးက ခုလို ပြောပြပါတယ်။
 
“ဒီကနေ့ တွေ့ဆုံပွဲက ဟိုနိုလူလူမှာရှိတဲ့ Hawaii Community Foundation အောက်မှာရှိတဲ့ ငြိမ်းချမ်းရေးအဖွဲ့ပေါ့နော်၊ ငြိမ်းချမ်းရေးအသင်း၊ Pillars of Peace လို့ ခေါ်တဲ့ ငြိမ်းချမ်းရေး မဏ္ဍိုင်ကြီးများလို့ပဲ ပြောရမှာပေါ့။ အဲဒီအသင်းကနေပြီးတော့ ကမကထ လုပ်ပြီးတော့ ကျောင်းသားလေးတွေနဲ့ ရပ်မိရပ်ဖတွေ၊ ဒေသခံတွေကို တွေ့ဆုံပေးတဲ့ပွဲပါခင်ဗျ။ အဓိက ကတော့ အထက်တန်း ကျောင်းသူကျောင်းသားတွေ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့သိလိုတဲ့ မေးခွန်းတွေကို သူတို့ မေးကြပါတယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ဘက် ကလည်း ပြန်ပြီးတော့ ဖြေပါတယ်။ အရင်တုန်းကလည်း ဒီ Pillars of Peace အဖွဲ့က တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး တို့၊ တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား တို့ကို ဖိတ်ကြားပြီးတော့ ဒီလို ငြိမ်းချမ်းရေးဆိုင်ရာ ဟောပြောပွဲ မျိုးတွေ ကျင်းပပေးခဲ့ဖူးပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကရော ဘာတွေ ပြောဆိုခဲ့ပါလဲရှင့်။ -

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အဓိက ပြောဆိုသွားရင်းနဲ့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် တော်တော်လေး အလေးပေး ပြောသွားတာကို ကျနော် တွေ့ရပါတယ်ခင်ဗျ။ ကချင်ပြည်နယ်မှာ စစ်ပွဲတွေကြောင့်မိုလို့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ အဓိက ဒုက္ခရောက်နေကြတဲ့ အနေအထားတွေကိုလည်း သူ့မိန့်ခွန်းထဲမှာ အဓိက ပြောသွားပါတယ်။ ငြိမ်းချမ်းရေး အတွက်က ငြိမ်းချမ်းရေးကို ရဖို့ဆိုလို့ရှိရင် တယောက်နဲ့တယောက်က စေ့စပ် အပြန်အလှန် ညှိနှိုင်းတာမျိုးတွေ လိုအပ်တယ်။ နောက် ရိုးသားဖို့လိုတယ်။ သင့်မြတ်ဖို့ လိုတယ်ပေါ့နော်။ အဲဒီတော့ ရိုးသားမှုအတွက် အဓိက ဒါတွေအတွက် အရေးကြီးဆုံးကတော့ သတ္တိရှိဖို့ လိုတယ် ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်ခင်ဗျ။ အဓိက ကတော့ ပဋိပက္ခကို ဖန်တီးတဲ့သူတွေက ဒီပဋိပက္ခတွေကို ရပ်ဆိုင်းဖို့အတွက် သတ္တိရှိကို ရှိရမယ် ဆိုတာမျိုး ကိုယ့်ရဲ့အတ္တတွေကို ခ၀ါချဖို့ မဖြစ်မနေ လိုအပ်တယ် ဆိုတာမျိုးကို ဒေါ်အောင်ဆန်းစုကြည် ပြောသွားပါတယ်ခင်ဗျ။”

ကျောင်းသားတွေဘက်ကရော မေးခွန်းမေးမြန်းတာတွေ၊ ဆွေးနွေးတာတွေရော အပြန်အလှန် ရှိခဲ့ပါလားရှင့်။ -

“ကျောင်းသားတွေဘက်ကတော့ အဓိက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ဘ၀ နှစ်ပေါင်းများစွာ နေခဲ့တဲ့အချိန်မှာ ဘယ်လို သူ ကျင့်ကြံနေထိုင်ခဲ့လဲ။ သူ့ကိုယ်သူ ဘယ်လို စည်းကမ်းတည်ဆောက်ခဲ့တယ်၊ နောက် သူ့ဘ၀မှာ ဘယ်သူတွေကို အားကျ အတုယူပြီးတော့ ဒီလို ငြိမ်းချမ်းရေးနဲ့ပြန်လည် သင့်မြတ်ရေးအတွက် စံနမူနာထားရမယ့် ခေါင်းဆောင် တယောက် ဖြစ်အောင် ကြိုးပမ်းနိုင်ခဲ့တယ်။ ဒါတွေကို ကျောင်းသားတွေက အဓိက ထားပြီးတော့မေးသွားပါတယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မိန့်ခွန်းထဲမှာ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် လူတွေအနေနဲ့ အခုဖြစ်နေတဲ့ ဒီပဋိပက္ခတွေ ရပ်စဲဖို့ ဆိုတာမှာ အမုန်းတရားတွေကို အားလုံး အဆုံးသတ်ဖို့၊ နောက်ပြီးတော့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ဒီလိုအဆုံးသတ်ရဲတဲ့ သတ္တိရှိဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတာကိုပဲ သူ အဓိက ပြောသွားတာ တွေ့ရပါတယ်ခင်ဗျ။”

ဒီနေ့ကတော့ ဟိုနိုလူလူမှာ ကျောင်းသူကျောင်းသားတွေကို တွေ့ဆုံတာအပြင် တခြား ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်သူတွေနဲ့ တွေ့ဆုံတာ စကားပြောတာတွေရော ရှိပါလဲရှင့်။ -

“အခု မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကျောင်းသားတွေနဲ့ တွေ့ပြီးတော့ ညနေပိုင်းမှာတော့ Rotary Peace Foundation အဖွဲ့က သူ့ကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားထားပါတယ်။ အဲဒီမှာ သူ မိန့်ခွန်းပြောကြားဖို့ ရှိပြီးတော့ ငြိမ်းချမ်းရေးဆုကိုလည်း လက်ခံရယူမှာ ဖြစ်ပါတယ်။ မနက်ဖြန်မှာတော့ သူ ဟာဝိုင်ယီကနေ တောင်ကိုရီးယားကို သွားမယ်လို့ ကျနော်တို့ သိရပါတယ်ခင်ဗျ။”

ဟိုနိုလူလူက ကျောင်းသူကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေစဉ်။ (ဇန်န၀ါရီလ ၂၇ ရက်၊ ၂၀၁၃)။
 
အေးချမ်းမွန်မှ VOA တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဟိုနိုလူလူက ကျောင်းသူကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေစဉ်။ (ဇန်န၀ါရီလ ၂၇ ရက်၊ ၂၀၁၃)။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဟိုနိုလူလူမှာရှိတဲ့ အထက်တန်း ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံ စကားပြောခဲ့ ပါတယ်။ ဒီတွေ့ဆုံပွဲ အကြောင်း အပြည့်စုံသိရအောင် ဟိုနိုလူလူမှာ ရောက်နေပြီး ဒီတွေ့ဆုံပွဲကို တက်ရောက် သတင်းယူခဲ့တဲ့ ကျမတို့ရဲ့ ဗွီအိုအေ ၀ိုင်းတော်သား ဦးသိန်းထိုက်ဦးကို မေးဖြစ်ခဲ့ ပါတယ်။ ဒီကနေ့ တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ဦးသိန်းထိုက်ဦးက ခုလို ပြောပြပါတယ်။

“ဒီကနေ့ တွေ့ဆုံပွဲက ဟိုနိုလူလူမှာရှိတဲ့ Hawaii Community Foundation အောက်မှာရှိတဲ့ ငြိမ်းချမ်းရေးအဖွဲ့ပေါ့နော်၊ ငြိမ်းချမ်းရေးအသင်း၊ Pillars of Peace လို့ ခေါ်တဲ့ ငြိမ်းချမ်းရေး မဏ္ဍိုင်ကြီးများလို့ပဲ ပြောရမှာပေါ့။ အဲဒီအသင်းကနေပြီးတော့ ကမကထ လုပ်ပြီးတော့ ကျောင်းသားလေးတွေနဲ့ ရပ်မိရပ်ဖတွေ၊ ဒေသခံတွေကို တွေ့ဆုံပေးတဲ့ပွဲပါခင်ဗျ။ အဓိက ကတော့ အထက်တန်း ကျောင်းသူကျောင်းသားတွေ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့သိလိုတဲ့ မေးခွန်းတွေကို သူတို့ မေးကြပါတယ်ခင်ဗျ။

စင်ကာပူသွားမည့်သူများ သတိထားပါ…

Photo: စင်ကာပူသွားမည့်သူများ သတိထားပါ…

ရန်ကုန်လေဆိပ်မှာ လူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး လာ အကူအညီတောင်းတဲ့လူတွေနဲ့ တွေ့ရင် အားနာမနေဘဲ ငြင်းလိုက်တာ ကိုယ့်အတွက် အန္တရာယ်အကင်းဆုံး ဖြစ်ပါလိမ့်မယ်။

ကျွန်တော့် အသိတစ်ယောက် အားနာပြီး လမ်းကြုံ သယ်သွားပေးမိတာ ထည့်ပေးလိုက်တဲ့သူက လက်ဖက်တွေ၊ ငပိကြော်တွေလို့ ပြောပြီး ထည့်ပေးလိုက်ပေမယ့် စင
်ကာပူလေဆိပ်ရောက်လို့ စစ်တော့မှ ဆေးရွက်ကြီးတွေ ၀ှက်ပြီး ထည့်ပေးလိုက်တာ သွားမိပါတယ်။

မြန်မာဘက်က ဆေးရွက်ကြီးသယ်သွားတာ ဘာပြဿနာမှ မရှိပေမယ့် စင်ကာပူမှာကျတော့ ဆေးရွက်ကြီး သယ်လာတာဟာ သေလောက်အောင် ပြဿနာကြီးပါတယ်။

ကျွန်တော့အသိလည်း လေဆိပ်မှာတင် ဘုမသိ ဘမသိနဲ့ ချက်ချင်း လက်ထိပ်ခတ်ခံရပြီး ရဲစခန်းရောက်သွားပါတယ်။ သူက ဟိုမှာ ၁၅ နှစ်လောက် အနေကြာလာပြီး၊ ဟိုမှာလည်း ပတ်ပတ်နပ်နပ် လိုက်လုပ်ပေးနိုင်တဲ့ မြန်မာတွေရယ်၊ သူ့ကုမ္ပဏီရယ် ရှိနေလို့သာ ဂျေးထဲ မရောက်ခင်လေး လက်မတင်လေး ပြန်ထွက်လာနိုင်တာပါ။

စင်ကာပူအထာလည်း မသိ၊ စင်ကာပူနဲ့လည်း စိမ်းသေးတဲ့ လူသစ်လေးတွေ အဲ့လိုများ ခံလိုက်ရရင် ဘ၀ပါ ပျက်သွားပါလိမ့်မယ်။

လူကြုံထည့်ပေးလိုက်ပါရစေဆိုလို့ ကိုယ်က စေတနာနဲ့ သယ်သွားပေးတာဆိုပေမယ့် အထဲမှာ ဆေးရွက်ကြီးလိုဟာတွေ ၀ှက်ပြီးထည့်ပေးလိုက်တာနဲ့ တိုးရင် ကိုယ်က စင်ကာပူကို ဆေးရွက်ကြီး တရားမ၀င် တင်သွင်းမှုနဲ့ သေလောက်အောင် ပြဿနာတက်မယ်၊ ထောင်ပါ ကျနိုင်တယ်ဆိုတာ သတိထားကြပါ။

ရန်ကုန်လေဆိပ်မှာ အဲ့လို လူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး လုပ်စားနေတဲ့ ရုပ်ရည်သန့်သန့်ပြန့်ပြန့် သားသားနားနား အမျိုးသမီးတစ်ယောက်ရှိတယ်လို့လည်း ကျွန်တော့ အသိက ပြောပါတယ်။ ရန်ကုန်လေဆိပ်က သန့်ရှင်းရေးဝန်ထမ်းများအဆုံး ထိုအမျိုးသမီးကို သိကြတယ်လို့လည်း ကျွန်တော့အသိက ဆိုပါတယ်။ သူ့ကိုလည်း အဲ့အမျိုးသမီးကပဲ အကူအညီတောင်းပြီး ထည့်ပေးလိုက်ရာက ပြဿနာဖြစ်ရတယ်လို့ သိရပါတယ်။ ခုထိလည်း အဲ့လို လုပ်နေတုန်းပါပဲ။

ထိုအမျိုးသမီးကို ရဲစခန်းမှာ တိုင်ပေမယ့် မြန်မာနိုင်ငံ ဥပဒေအရ ဆေးရွက်ကြီးထည့်ပေးလိုက်တာကို တရားမ၀င်လုပ်ရပ်အဖြစ် အရေးယူလို့ မရနိုင်ဘူးလို့လည်း သိရပါတယ်။ ဒါကြောင့် စင်ကာပူသွားမယ့်လူများကသာ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ပြီး ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။

ရန်ကုန်ဘက်မှာက ဆေးရွက်ကြီးဟာ တရားမ၀င်ပစ္စည်းမဟုတ်တဲ့အတွက် သူ့ကို ဘယ်လိုမှ အရေးယူလို့ မရနိုင်ဘူးလို့လည်း သိရပါတယ်။ သူ ခိုးထည့်ပေးလိုက်တဲ့ ဆေးရွက်ကြီးက လွတ်သွားပြီး ဟိုဘက်မှာ သူနဲ့ ချိတ်ဆက် လာစောင့်တဲ့လူလက်ထဲ ရောက်သွားရင် စင်ကာပူမှာ ဆေးရွက်ကြီးဟာ မှောင်ခိုဈေး အတော်ကောင်းကောင်းနဲ့ ရောင်းနိုင်ပါတယ်။

စင်ကာပူ သွားမယ့် လူဟောင်းတွေရော၊ လူသစ်တွေရော သတိထားပါ။ ကျွန်တော့ အသိအပါအ၀င် အခြားသော မြန်မာတွေလည်း အဲ့လို လူကြုံထည့်ပေးပါရစေဆိုတာတွေထဲမှာ ဆေးရွက်ကြီးတွေပါလာလို့ စင်ကာပူလေဆိပ်မှာ ဒုက္ခရောက်ကုန်တာ မနည်းဘူးလို့ သိရပါတယ်။

ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ၏ မိတ်ဆွေက ရေးသားထားပါတယ်။

News from : Myanmar Online News
Post by ; အေးချမ်းမွန်
ရန်ကုန်လေဆိပ်မှာ လူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး လာ အကူအညီတောင်းတဲ့လူတွေနဲ့ တွေ့ရင် အားနာမနေဘဲ ငြင်းလိုက်တာ ကိုယ့်အတွက် အန္တရာယ်အကင်းဆုံး ဖြစ်ပါလိမ့်မယ်။

ကျွန်တော့် အသိတစ်ယောက် အားနာပြီး လမ်းကြုံ သယ်သွားပေးမိတာ ထည့်ပေးလိုက်တဲ့သူက လက်ဖက်တွေ၊ ငပိကြော်တွေလို့ ပြောပြီး ထည့်ပေးလိုက်ပေမယ့် စင
်ကာပူလေဆိပ်ရောက်လို့ စစ်တော့မှ ဆေးရွက်ကြီးတွေ ၀ှက်ပြီး ထည့်ပေးလိုက်တာ သွားမိပါတယ်။

မြန်မာဘက်က ဆေးရွက်ကြီးသယ်သွားတာ ဘာပြဿနာမှ မရှိပေမယ့် စင်ကာပူမှာကျတော့ ဆေးရွက်ကြီး သယ်လာတာဟာ သေလောက်အောင် ပြဿနာကြီးပါတယ်။

ကမ္ဘာ့အကြီးဆုံး မြေပေါ် စက်တပ်ယာဉ်

Photo: ကမ္ဘာ့အကြီးဆုံး မြေပေါ် စက်တပ်ယာဉ်

နာဆာက ဂြိုလ်တုနဲ့ ဒုံးပျံသယ်တဲ့ အကြီးဆုံး ယာဉ်တွေထက်တောင် ပိုကြီး လို့ Bagger 288 ကို ကမ္ဘာ့အကြီးဆုံး Land Vehicle လို့ အသိအမှတ်ပြုထား ပါတယ်။

ဂျာမနီနိုင်ငံ၊ Tagebau Hambach ဒေသက ကျောက်မီးသွေးတွင်းမှာ အသုံးပြုဖို့အတွက် ဂျာမနီ Krupp ကုမ္မဏီမှ တည်ဆောက်လိုက်ခြင်း ဖြစ် ပါတယ်။ စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိပါ တယ်။ ပြီးတော့ နေရာတစ်နေရာကနေ တစ်နေရာ ရွှေ့ ပြောင်းခကလည်း အနည်းဆုံး ဂျာမနီ ငွေကြေး Mark ၁၅ သန်း မက ကုန်ကျပါတယ်။

၁၉၇၈ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့ပါတယ်။ အစိတ်အပိုင်း အားလုံးကို ဒီဇိုင်းချ ဖန်တီးဖို့ ၅ နှစ်ကြာပြီး အပြီးအစီး တည်ဆောက်ဖို့ နောက်ထပ် ၅ နှစ်ကြာပါတယ်။ ဒါကြောင့် စုစုပေါင်း ၁၀ နှစ်တောင် အချိန်ယူပြီး တည်ဆောက်ရတဲ့ မိုင်းတွင်းတူးစက်ကြီး ဖြစ်ပါတယ်။

အမြင့် ၃၁၁ ပေ၊ အရှည် ၅၀၇ ပေ အရွယ်အစားရှိပြီး စုစုပေါင်း တန်ချိန် ၁၃၅၀၀ တန် ဝိတ်လေးပါတယ်။ ကျောက်မီးသွေးရယ်လို့မဟုတ်ပဲ တွင်းရဲ့  အပြင်ကျောက်တောင်ကို ဖြိုဖို့အတွက် ပိုမို အသုံးဝင်တဲ့ စက် ဖြစ်ပါတယ်။ သူ့ရဲ့  တစ်ရက်တူးနိုင်တဲ့ ကျောက်မီးသွေးပမာဏက တန်ပေါင်း ၂ သိန်း ၄ သောင်း ရှိပြီး ဘောလုံးကွင်း တစ်ကွင်းထဲက မြေ အနက် ၉၈ ပေ တူးတဲ့ ပမာဏနဲ့အတူတူပဲ ဖြစ်ပါတယ်။ သူတစ်ရက်တူးစာက ဝက်ဂွန်ကားကြီး အစီး ၂၄၀၀ တင်စာ ပမာဏနဲ့ အတူတူပါပဲ။ တော်တော်ကို အလုပ်တွင်တဲ့ စက် ဖြစ်ပါတယ်။

တစ်နေရာကနေ တစ်နေရာကိုရွှေဖို့လို့လည်းရပါတယ်။ သူ့ရဲ့  သွားနှုန်းက တစ်မိနစ်ကို ၃၃ ပေ (တစ်နာရီ ၀.၆ ကီလိုမီတာ) ပဲ ရှိပါတယ်။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလက ၂၄ မိုင်ကွာဝေးတဲ့ နောက်ထပ် ကျောက်မီးသွေး တစ်တွင်းကိုရွှေ့ ပြောင်း လုပ်သားအင်အား ၇၀ နဲ့ အခြားစက်ကြီးများလည်း အသုံးပြုရပါတယ်။ မြစ်ကိုဖြတ်ကူးဖို့အတွက် အောက်မှာ ဧရာမစတီးချောင်း များစွာ ခင်းပေးရပြီး ပြောင်းရွှေ့ စရိတ် စုစုပေါင်းက ဂျာမနီ Mark ၁၅ သန်း ကုန်ကျခဲ့ပါတယ်။ ဒါကြောင့် ထိုင်နေရုံမက ခရီးသွားရင်လည်း အတော် ဈေးကြီးတဲ့ စက်ဖြစ်ပါတယ်။

သူ့အတွက် တစ်ရက်အသုံးပြုဖို့ လျှပ်စစ်ဓာတ်အားက ၁၆.၅၆ မီဂါဝတ် လိုအပ်ပါတယ်။ လျှပ်စစ်မော်တာကြီးများနဲ့လည်ပတ်တဲ့ စက်ပဲ ဖြစ်ပါတယ်။ Bagger 288 ဟာ အခြားသော Bagger များနဲ့ စီးရီးအလိုက် ထွက်ရှိ ထားမှု ဖြစ်ပြီး လက်ရှိမှာ သူဟာ ကမ္ဘာ့အကြီးဆုံး မြေပေါ် စက်တပ် ယာဉ် ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_2286.html

အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်