Thursday, 29 November 2012

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျင်း၍ သတင်းထုတ်ပြန်ချက်ကို ပြန်လည်ပယ်ဖျက်

သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ညနေ ၄ နာရီခန့်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျင်း၍ သတင်းထုတ်ပြန်ချက်ကို ပြန်လည်ပယ်ဖျက်ကြောင်း ည ၇ နာရီ ၅၁ မိနစ်တွင် နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ထပ်မံသတင်းထုတ်ပြန်သည်။ မူလ သတင်းထုတ်ပြန်ချက်ကို ပယ်ဖျက်သော်လည်း သတင်းထုတ်ပြန်ချက် အသစ်ကိုမူ မထုတ်ပြန်သေးပေ။
သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ညနေ ၄ နာရီခန့်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျင်း၍ သတင်းထုတ်ပြန်ချက်ကို ပြန်လည်ပယ်ဖျက်ကြောင်း ည ၇ နာရီ ၅၁ မိနစ်တွင် နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ထပ်မံသတင်းထုတ်ပြန်သည်။ မူလ သတင်းထုတ်ပြန်ချက်ကို ပယ်ဖျက်သော်လည်း သတင်းထုတ်ပြန်ချက် အသစ်ကိုမူ မထုတ်ပြန်သေးပေ။
7Day News Journal

ရေဒီယို၊ဓာတ်ရောင်ခြည်ကာကွယ်ပေးမည့် ဖုန်း စတစ်ကာ RadiSafe

ရေဒီယို၊ဓာတ်ရောင်ခြည်ကာကွယ်ပေးမည့် ဖုန်း စတစ်ကာ RadiSafe

အိန္ဒိယ ထုတ်ပစ္စည်း ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၀ ကျော် မှာ အောင်အောင် မြင်မြင် ဖြန့်ချိနေတဲ့ ပစ္စည်းလည်း ဖြစ်ပါတယ်။ ဓာတ်ရောင်ခြည်၊ ရေဒီယိုလိုင်း ထုတ်လွတ်မှုကို လျော့ချပေးမယ့် စတစ်ကာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဟန်းဖုန်း၊ တီဗီ၊ ရေခဲသတ္တာ၊ ရေဒီယို၊ လပ်(ပ်)တော့၊ လိုင်းဖုန်း အစရှိသဖြင့်တို့မှာ ကပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်း တစ်မျိုးတည်း ရယ်လို့ မဟုတ်ပါဘူး။ 

ဖုန်းမှာကပ်ထားရင် ဖုန်းရဲ့  အပူထုတ်လွတ်မှု ၈၀ ရာခိုင်နှုန်း လျော့ချ ပေးပါ တယ်။ ဒါကြောင့် ဖုန်းဘက်ထရီ သက်တမ်းလည်း တိုးမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းမှ ထွက်လာတဲ့ radiation တွေကို နား၊ ဦးနှောက် နဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများဆီ ပျံ့ လွင့်မသွားအောင်လည်း ထိန်းပေးပါ တယ်။ သူ့ရဲ့  ရေဒီယိုလိုင်း တားဆီးပေးမှုက ၉၉.၅ ရာခိုင်နှန်းရှိတဲ့ အတွက် မိုဘိုင်းဖုန်းကြောင့် ဖြစ်နိုင်ချေရှိတဲ့ ဦးနှောက်ကင်ဆာနဲ့ အခြားဆက် စပ် ရောဂါများကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ အသုံးပြုဖို့လည်း လွယ်ကူ ပါတယ်။ ဖုန်းမှာ ကပ်မယ်ဆိုရင်လည်း ဖုန်းရဲ့ နောက်ကျော သို့မဟုတ် အင်တာနာ တိုင်နဲ့နီးတဲ့နေရာမှာ ကပ်ထားရုံပဲ ဖြစ်ပါတယ်။ 

အမေရိကန် ဆေးပညာရှင်များရဲ့  လေ့လာချက်များအရ ယနေ့ခေတ် ဦးနှောက်ကင်ဆာ ဖြစ်ပွားမှုရဲ့  ၃၀ ရာခိုင်နှုန်းဟာ လျှပ်စစ်သံလိုင်းစက်ကွင်း များနဲ့ ထိတွေ့နေရမှုများကြောင့်လို့ ဆိုပါတယ်။ EMF, EMR အစရှိသဖြင့် ဓာတ်ရောင်ခြည်အားလုံးကို ယနေ့ခေတ်လူသားများဟာ အမြဲတမ်း ထိတွေ့နေရပါတယ်။ မိုဘိုင်းဖုန်း အသုံးပြုမှုက အဓိကအခန်းကဏ္ဍ ကနေ ပါဝင်နေတာ ဖြစ်ပါတယ်။ 

ဒါကြောင့် သူ့နည်းသူ့ဟန်နဲ့ ယင်း Radiation များကို လျော့ချနိုင်ဖို့အတွက် ကုန်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်လာကြပါတယ်။ သို့ပေမယ့် မြန်မာပြည် အရောက်နည်းပါတယ်။ ယခုတော့ ရှားရှားပါးပါး RadiSafe က မြန်မာပြည်မှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။ 

ဈေးနှန်းနဲ့ အသေးစိတ်အချက်အလက်များကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု မှာယူ နိုင်ပါတယ်။ 

http://www.ads.com.mm/my/for-sale/anything-else/hand-phone-bio-scalar-energy-ion-sticker-6011.html
https://www.facebook.com/ads.com.mm
----
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/radisafe.html
အိန္ဒိယ ထုတ်ပစ္စည်း ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၀ ကျော် မှာ အောင်အောင် မြင်မြင် ဖြန့်ချိနေတဲ့ ပစ္စည်းလည်း ဖြစ်ပါတယ်။ ဓာတ်ရောင်ခြည်၊ ရေဒီယိုလိုင်း ထုတ်လွတ်မှုကို လျော့ချပေးမယ့် စတစ်ကာ ဖြစ်ပါတယ်။

ဒါကြောင့် ဟန်းဖုန်း၊ တီဗီ၊ ရေခဲသတ္တာ၊ ရေဒီယို၊ လပ်(ပ်)တော့၊ လိုင်းဖုန်း အစရှိသဖြင့်တို့မှာ ကပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်း တစ်မျိုးတည်း ရယ်လို့ မဟုတ်ပါဘူး။


ဖုန်းမှာကပ်ထားရင် ဖုန်းရဲ့  အပူထုတ်လွတ်မှု ၈၀ ရာခိုင်နှုန်း လျော့ချ ပေးပါ တယ်။ ဒါကြောင့် ဖုန်းဘက်ထရီ သက်တမ်းလည်း တိုးမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းမှ ထွက်လာတဲ့ radiation တွေကို နား၊ ဦးနှောက် နဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများဆီ ပျံ့ လွင့်မသွားအောင်လည်း ထိန်းပေးပါ တယ်။ သူ့ရဲ့  ရေဒီယိုလိုင်း တားဆီးပေးမှုက ၉၉.၅ ရာခိုင်နှန်းရှိတဲ့ အတွက် မိုဘိုင်းဖုန်းကြောင့် ဖြစ်နိုင်ချေရှိတဲ့ ဦးနှောက်ကင်ဆာနဲ့ အခြားဆက် စပ် ရောဂါများကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ အသုံးပြုဖို့လည်း လွယ်ကူ ပါတယ်။ ဖုန်းမှာ ကပ်မယ်ဆိုရင်လည်း ဖုန်းရဲ့ နောက်ကျော သို့မဟုတ် အင်တာနာ တိုင်နဲ့နီးတဲ့နေရာမှာ ကပ်ထားရုံပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားတဲ့ ဗြိတိ Spitfire လေယာဉ်များကို စတင်ရှာဖွေ

မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားတဲ့ ဗြိတိ Spitfire လေယာဉ်များကို စတင်ရှာဖွေ

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားခဲ့တယ်လို့ ယုံကြည်ရတဲ့ Spitfire ဗြိတိသျှ တိုက်လေယာဉ်တွေကို ရှေ့လာမယ့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ စတင်တူးဖေါ်ရှာဖွေဖို့ ပြင်ဆင်နေပြီလို့ ဗြိတိန် ရှာဖွေရေးအဖွဲ့ကခေါင်းဆောင် မစ္စတာ David Cundall က လန်ဒန်မြို့ စစ်သမိုင်းပြတိုက်မှာ မနေ့က ပြောကြားခဲ့ပါတယ်။

Spitfire လေယာဉ်အသစ်စက်စက်တွေကို မြန်မာနိုင်ငံအတွင်း နေရာ (၃) နေရာမှာ မြှပ်နှံထားပြီး၊ အဲဒီထဲက တစ်နေရာကတော့ ရန်ကုန်နိုင်ငံတကာ လေယာဉ်ကွင်းရဲ့အောက်  အနက် (၃၃) ပေ မှာ အလုံပိတ် သေတ္တာကြီးတွေနဲ့်မြှပ်နှံထားကြောင်း၊ (၃၆) စင်းလောက်ရှိမယ်လို့ ယုံကြည်ရကြောင်း မစ္စတာ Cundall က ပြောပါတယ်။

အဲဒီ ဗြိတိန်နိုင်ငံလုပ် တစ်ယောက်စီး Spitfire လေယာဉ်တွေကို ၁၉၄၅ ခုနှစ် မြန်မာပြည်ကို  ဂျပန်အဝင်မှာ ဂျပန်စစ်တပ်တွေ မတွေ့ရအောင်  ဗြိတိသျှစစ်တပ်က မြေအောက်မှာ လျှို့ဝှက်မြှပ်နှံခဲ့တယ်လို့ ယူဆကြပါတယ်။

ဦးဆောင်ရှာဖွေသူ မစ္စတာ Cundall ဟာ လယ်သမားတစ်ဦးဖြစ်ပြီး၊ လေယာဉ်ဝါသနာအိုး တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလေယာဉ်တွေနဲ့ ပတ်သက်ပြီး မစ္စတာ Cundall က မိမိအနေနဲ့ ဒီလေယာဉ်တွေရဲ့ သဲလွန်စကို (၁၆) နှစ်တိုင်တိုင် စုံစမ်းခဲ့ပြီး၊ (၁၆) ကြိမ်  ခရီးထွက်ခဲ့ရပါတယ်။

မျက်မြင်သက်သေတွေထဲမှာ အမေရိကန်လေတပ်သားဟောင်းတစ်ယောက်နဲ့ လေယာဉ်တွေ်မြှပ်နှံရာမှာ ပါဝင်ခဲ့ကြတဲ့ မြန်မာလူမျိုးတွေ ပါဝင်ကြပါတယ်၊ သူတို့အားလုံးက နေရာတစ်နေရာတည်းကို  ညွှန်ပြခဲ့ကြပါတယ်လို့ ပြောဆိုခဲ့တာပါ။

လက်ရှိအနေနဲ့ တစ်ကမ္ဘာလုံးမှာ Spitfire ဗြိတိသျှ တိုက်လေယာဉ် အစင်း (၅ဝ) လောက်သာ ကျန်ရှိနေပါတယ်။ မစ္စတာ Cundall ရဲ့  ရှာဖွေမှုအောင်မြင်မယ်ဆိုရင် အရေအတွက် နှစ်ဆတက်သွားမယ့်အပြင် ၊ ကမ္ဘာ့လေကြောင်းသမိုင်းမှာလည်း အထင်ကရဖြစ်သွားမယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

ဒီရှာဖွေတူးဖေါ်မှုကနေ ရရှိမယ့်အကျိုးအမြတ်ကို မစ္စတာ Cundall က (၃ဝ) ရာခိုင်နှုန်း၊ သူ့လက်ထောက်တွေက (၂ဝ) ရာခိုင်နှုန်း၊ မြန်မာအစိုးရက ( ၅ဝ) ရာခိုင်နှုန်း ခွဲဝေဖို့ သဘောတူညီထားပါတယ်။ ဒါပေမဲ့ Spitfire လေယာဉ်တွေရဲ့ တန်ဖိုးကိုမသိရသေးပါဘူး။ မစ္စတာ Cundall ကတော့ ငွေအတွက် တူးဖေါ်တာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားခဲ့တယ်လို့  ယုံကြည်ရတဲ့ Spitfire ဗြိတိသျှ တိုက်လေယာဉ်တွေကို ရှေ့လာမယ့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ စတင်တူးဖေါ်ရှာဖွေဖို့ ပြင်ဆင်နေပြီလို့ ဗြိတိန် ရှာဖွေရေးအဖွဲ့ကခေါင်းဆောင် မစ္စတာ David Cundall က လန်ဒန်မြို့ စစ်သမိုင်းပြတိုက်မှာ မနေ့က ပြောကြားခဲ့ပါတယ်။

Spitfire လေယာဉ်အသစ်စက်စက်တွေကို မြန်မာနိုင်ငံအတွင်း နေရာ (၃) နေရာမှာ မြှပ်နှံထားပြီး၊ အဲဒီထဲက တစ်နေရာကတော့ ရန်ကုန်နိုင်ငံတကာ လေယာဉ်ကွင်းရဲ့အောက် အနက် (၃၃) ပေ မှာ အလုံပိတ် သေတ္တာကြီးတွေနဲ့်မြှပ်နှံထားကြောင်း၊ (၃၆) စင်းလောက်ရှိမယ်လို့ ယုံကြည်ရကြောင်း မစ္စတာ Cundall က ပြောပါတယ်။

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင် (Manchineel)

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင် (Manchineel)

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်လို့ အသတ်ခံထားရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင်ပဲ ဖြစ်ပါတယ်။ 

၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။ ပင်လယ် ကမ်းခြေတွေမှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို အဓိက ကာကွယ်ပေး တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ်ကလည်း တော်တော်ပြင်းပါတယ်။ 

သူ့မှာ ပေါက်တဲ့ အသီးဟာ ပန်းသီး ပုံသဏ္ဍန်နဲ့ နီးစပ်ပြီး Manchineel Apple လို့လည်း လူသိများပါတယ်။ ယင်းပန်းသီး တစ်လုံးဟာ လူ အယောက် ၂၀ ကို သေစေနိုင်ပါတယ်။ မိုးရွာနေတဲ့အချိန် ယင်း အပင်အောက် သွားမခိုဖို့ တားမြစ်ထားပါတယ်။ မိုးရွာချိန်သွာခိုမိရင် ခန္ဓာကိုယ် အရေအပြားမှာ မီးလောင်ဒဏ်ရာလို အရေကြည်ဖု များ ပေါက် မှာ ဖြစ်ပါတယ်။ အပင်ကနေ နို့ရည် အရောင် အဆင်းရှိတဲ့ အရည်များ ကျဆင်းလို့ ဖြစ်ပါတယ်။ ပင်စည်ကိုလည်း သွားမကိုင်ဖို့ တားထားပါတယ်။ ပင်စည်ကို ကိုင်မိရင် လက်မှာလည်း အရည်ကြည်ဖု ထပါတယ်။ 

အပင်ကို မီးရှို့  ရင် ယင်းအပင်က အငွေ့ တစ်မျိုးထွက်ပြီး ယင်းအငွေ့က မျက်စိကန်းစေပါတယ်။ ရှုရှိုက်မိရင်လည်း မူးမေ့ပြီး အချိန်မှီ ဆေး မပေးနိုင်ရင် သေပါတယ်။ ဒါကြောင့် လူတိုင်းကြောက်တဲ့ သစ်ပင်လည်း ဖြစ်ပါတယ်။ ယင်း Manchineel (မန်ချင်းနီးလ်) သစ်ပင်များ ပေါက်ရောက်ရာ တောများသို့ မသွားရောက်ရန်လည်း တားမြစ် ထားပါတယ်။ 

မြေဆီလွှာအား ရေတိုက်စားခြင်းကို အဓိကကာကွယ်ပေးတဲ့ လုပ်ငန်း တစ်ခုကြောင့်လည်း ယင်းအပင်များကို မရှင်းလင်းပါဘူး။ ရှင်းလင်းရန်လည်း ခက်ခဲ အန္တရာယ်ကြီးတဲ့ အပင်များ ဖြစ်ပါတယ်။ သဘာဝအတိုင်း ပေါက်ရောက်တာ ဖြစ်တဲ့အတွက်လည်း မပျက်ဆီးစေဖို့ စောင့်ရှောင့်ထားပါတယ်။ 

ဒါကြောင့် Manchineel (မန်ချင်းနီးလ်) သစ်ပင်နဲ့ ပန်းသီးကို ခေတ်သစ် ဧဒင် သစ်ပင် နဲ့ ပန်းသီးလို့ တင်စားခေါ်ဝေါ်ကြကြောင်း သိရပါတယ်။ 
--
Ref: wiki
http://www.innewsmyanmar.com/2012/11/manchineel.html
http://www.ads.com.mm/


----

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်လို့ အသတ်ခံထားရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင်ပဲ ဖြစ်ပါတယ်။

၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။ ပင်လယ် ကမ်းခြေတွေမှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို အဓိက ကာကွယ်ပေး တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ်ကလည်း တော်တော်ပြင်းပါတယ်။


သူ့မှာ ပေါက်တဲ့ အသီးဟာ ပန်းသီး ပုံသဏ္ဍန်နဲ့ နီးစပ်ပြီး Manchineel Apple လို့လည်း လူသိများပါတယ်။ ယင်းပန်းသီး တစ်လုံးဟာ လူ အယောက် ၂၀ ကို သေစေနိုင်ပါတယ်။ မိုးရွာနေတဲ့အချိန် ယင်း အပင်အောက် သွားမခိုဖို့ တားမြစ်ထားပါတယ်။ မိုးရွာချိန်သွာခိုမိရင် ခန္ဓာကိုယ် အရေအပြားမှာ မီးလောင်ဒဏ်ရာလို အရေကြည်ဖု များ ပေါက် မှာ ဖြစ်ပါတယ်။ အပင်ကနေ နို့ရည် အရောင် အဆင်းရှိတဲ့ အရည်များ ကျဆင်းလို့ ဖြစ်ပါတယ်။ ပင်စည်ကိုလည်း သွားမကိုင်ဖို့ တားထားပါတယ်။ ပင်စည်ကို ကိုင်မိရင် လက်မှာလည်း အရည်ကြည်ဖု ထပါတယ်။

Samsung Galaxy S3 က ကမ္ဘာ့အကြမ်းခံဖုန်းတစ်လုံး ဖြစ်ကြောင်း သက်သေပြ

Samsung Galaxy S3 က ကမ္ဘာ့အကြမ်းခံဖုန်းတစ်လုံး ဖြစ်ကြောင်း သက်သေပြသွား

Samsung Galax S3 ကို iPhone 5 နဲ့ ယှဉ်ပြီး အကြမ်းခံမှုမှာ လိုက်မမှီဘူး လို့ ဝိုင်းဝန်းပြောဆိုခဲ့ကြပါတယ်။ ယခုတော့ ယင်းပြောဆိုချက်ကို ပယ်ဖျက် လို့ Samsung တို့ သက်သေပြလိုက်ပြီ ဖြစ်ပါတယ်။ 

အပြင်းဆုံး အကြမ်းခံ စမ်းသပ်မှုလို့ခေါ်တဲ့ (Extreme Test) ကို Samsung Galaxy S3 နဲ့ လုပ်ပြသွားပါတယ်။ ပလပ်စတစ် ကိုယ်ထည်နဲ့ ပြုလုပ်ထားပေ မ့ယ် ဘယ်လောက်ထိ အကြမ်းခံတယ်ဆိုတာကို ဗီဒီယိုထဲမှာ မြင်တွေ့ရ မှာ ဖြစ်ပါတယ်။ 

သာမန် ၁၀၀ ဂရမ်လောက် လူလက်နဲ့ ဖိတဲ့ Buttom ကို ၁၀၀၀ ဂရမ် Pressure နဲ့ အကြိမ် ၂ထောင် ဖိပြပါတယ်။ ပြောင်းဖူးကြိတ်စက်တည်း ထည့်ပြပါတယ်။ ရေစက်ပေါင်း သန်းနဲ့ချီပြီး Screen ပေါ်ကျစေပါတယ်။ မိုးပေါက်များအောက် ထားပြပါတယ်။ Connection ဘယ်လောက်ခံတယ် ဆိုတာကို ပြသပါတယ်။ ဘယ်လောက် ကွေးဆန့်နိုင်မှု ဒဏ်အား ခံနိုင်တယ် ဆိုတာကို ပြသပါတယ်။ ဖိအား ဘယ်လောက်ပေးပေ မယ့် ကွေးမသွားပဲ သူ့နဂိုအတိုင်း ရှိတယ်ဆိုတာကို ပြသပါတယ်။ အပေါ်ကနေ ပစ်ချပြပါတယ်။ Samsung Galaxy S3 တစ်လုံးတည်းနဲ့တင် မဟုတ်ပဲ အလုံးပေါင်းများစွာနဲ့ သက်သေပြထားတဲ့ Samsung ရဲ့  ဗီဒီယို ကို အံ့သြသွားကြပါတယ်။ 

ဒါကြောင့် iPhone 5 ကိုကျော်လွန်ပြီး ကမ္ဘာ့ရောင်းအားအကောင်းဆုံး စမတ်ဖုန်းအဖြစ် စံချိန် တင်နိုင်ခဲ့ခြင်းဟာ အကြောင်းမဲ့ မဟုတ်ဘူး ဆိုတာကို အောက်ပါ ဗီဒီယိုနဲ့ သက်သေပြသွားခဲ့ကြောင်း သိရပါတယ်။ 
--
http://youtu.be/dc9c5YFyovU

Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/samsung-galaxy-s3.html
Samsung Galax S3 ကို iPhone 5 နဲ့ ယှဉ်ပြီး အကြမ်းခံမှုမှာ လိုက်မမှီဘူး လို့ ဝိုင်းဝန်းပြောဆိုခဲ့ကြပါတယ်။ ယခုတော့ ယင်းပြောဆိုချက်ကို ပယ်ဖျက် လို့ Samsung တို့ သက်သေပြလိုက်ပြီ ဖြစ်ပါတယ်။

အပြင်းဆုံး အကြမ်းခံ စမ်းသပ်မှုလို့ခေါ်တဲ့ (Extreme Test) ကို Samsung Galaxy S3 နဲ့ လုပ်ပြသွားပါတယ်။ ပလပ်စတစ် ကိုယ်ထည်နဲ့ ပြုလုပ်ထားပေ မ့ယ် ဘယ်လောက်ထိ အကြမ်းခံတယ်ဆိုတာကို ဗီဒီယိုထဲမှာ မြင်တွေ့ရ မှာ ဖြစ်ပါတယ်။

"လက်ပန်းတောင် သပိတ်ဖြိုခွဲမှုနဲ့ မီးလောင်ဗုံး"

Photo By EMG
နိုဝင်ဘာ ၂၉ ရက်နေ့ မနက်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စခန်းတွေကို ဖြိုခွဲရာမှာ ဓာတုဗေဒဗုံးနဲ့မီးလောင်ဗုံးတွေ အသုံးပြုခဲ့ခြင်း မရှိခဲ့ဘဲ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ အဓိကရုဏ်းတွေကို နှိမ်နှင်းရာမှာ အသုံးပြုတဲ့ သာမန် မျက်ရည်ယိုဗုံးကိုသာ အသုံးပြုခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အတွင်းရေးမှုး ဗိုလ်မှုးကြီးယုလွင်ကို RFA ကသီးသန့် ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားလိုက်ပါတယ်။

"အဲဒါက နိုင်ငံတကာမှာ သုံးနေတဲ့ အဓိကရုဏ်းနှိမ်နှင်းတဲ့ လက်နက်၊မီးခိုးဗုံးပါ၊မျက်ရည်ယိုဗုံးလို့ ခေါ်ပါတယ်။မီိးခိုးဗုံးကျတဲ့ အချိန်မှာ ပေါက်ကွဲမှုနည်းနည်းဖြစ်တယ်။အဲဒီကနေပြီးမှ အဲဒီမီးခိုးဗုံးမှာ မီးလောင်တဲ့ ဥစ္စာရှိပါတယ်။အဲဒါက သူ့Chemical ပေါ့၊အဲဒီ Chemical လေးတွေ စင်တတ်ပါတယ်။"

"မုံရွာကြေးနီတောင် ရောက် ဗိုလ်ကြီးဟောင်းနေမျိုးဇင်၏ ကိုယ်တွေ့ တင်ပြချက် သတင်း"

ဝမ်ပေါင် ကြေးနီ စက်ရုံ ၀င်ပေါက်မှ ပုသိမ်မုံရွာလမ်းဆုံ ထိ ကို သံဆူးကြိုးများ ပိတ်ပြီး ရဲလက်နက်ကိုင်များ အပိတ်ဆို့ထားသည်။ ယဉ်ကျေးမှု ကင်းမဲ့သော တုန့်ပြန်ဆက်ဆံတတ်သူ ရဲ တပွင့် နှင့် ကျနော် ပြသနာ တက်သည်။ ပြည်သူ လူထုကို ၇ိုင်းပြစွာ ဆက်ဆံသောကြောင့် ကျနော်က ယဉ်ကျေးစွာပြောဆိုရန် ပြောပြီး ကျနော် ကိုယ်တိုင် တပ်မတော် အရာရှိဟောင်း ဖြစ်ကြောင်း ပြည်သူ့လစာကို စားပြီး ပြည်သူကို ယဉ်ကျေးစွာဆက်ဆံဖို့ လိုကြောင်း ပြောသော အခါ ထို လ ၂၄၇၆၅၉ ဒုရဲအုပ် မျိုးမင်းနိုင် ( တန့်ဆည်စခန်း မုံရွာခရိုင်) က စစ်ဗိုလ်ဟောင်းလည်း ဖင်ခံ လိုက်ကွာ ဟု ဆိုသည် အထိ ရိုင်းစိုင်းစွာ တုန့်ပြန်သည်ကို ၀မ်းနည်းစွာ တွေ့ရှိရသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)က လက်ပန်းတောင်းတောင်မှ ဒဏ်ရာရရှိသူများကို ဆေးဝါးအကူအညီပေးမည်

နာရေးကူညီမှုအသင်း(ရန်ကုန်)က လက်ပန်းတောင်းတောင်မှ ဒဏ်ရာရရှိသူများကို ဆေးဝါးအကူအညီပေးမည်

ရန်ကုန်၊ နိုဝင်ဘာ-၂၉

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ယနေ့ညနေပိုင်းတွင် လက်ပန်းတောင်းတောင်သို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အများပြည်သူနှင့်ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးကျော်သူက 7day News သို့ ပြောသည်။

“လောလောဆယ်တော့ ကျွန်တော့်တို့ဆိက အသင်းသား ၄၊ ၅ ယောက် အခု လက်ပန်းတောင်းတောင်သွားဖို့ ပြင်နေပြီ။ အဓိကက ဆေးဝါးအကူအညီ ပေးဖို့ပါ။ ဟိုကိုရောက်တော့မှ ကုသပေးနေတဲ့ ဆရာဝန်တွေရဲ့ အကြံပြုချက်အရ လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ဒီကနေ ငွေလွှဲပေးမှာပါ။ ထိခိုက်မှုအတိုင်းအတာကို စုံစမ်းဖို့ ရှေ့ပြေးအဖွဲ့လေးလွှတ်တာပါ။ သူတို့စုံစမ်းရတဲ့အချက်တွေအပေါ် မူတည်ပြီး တတ်နိုင်တဲ့ ဆေးဝါးအကူအညီတောက်လျှောက်ပေးသွားမှာပါ” ဟု နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

အေးချမ်းမွန်မှ  Infinity Power တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Infinity Power
Photo From :Infinity Power
ရန်ကုန်၊ နိုဝင်ဘာ-၂၉

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ယနေ့ညနေပိုင်းတွင် လက်ပန်းတောင်းတောင်သို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အများပြည်သူနှင့်ပူးပေါင်းဆောင်
ရွက်ကြမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးကျော်သူက 7day News သို့ ပြောသည်။

“လောလောဆယ်တော့ ကျွန်တော့်တို့ဆိက အသင်းသား ၄၊ ၅ ယောက် အခု လက်ပန်းတောင်းတောင်သွားဖို့ ပြင်နေပြီ။ အဓိကက ဆေးဝါးအကူအညီ ပေးဖို့ပါ။ ဟိုကိုရောက်တော့မှ ကုသပေးနေတဲ့ ဆရာဝန်တွေရဲ့ အကြံပြုချက်အရ လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ဒီကနေ ငွေလွှဲပေးမှာပါ။ ထိခိုက်မှုအတိုင်းအတာကို စုံစမ်းဖို့ ရှေ့ပြေးအဖွဲ့လေးလွှတ်တာပါ။ သူတို့စုံစမ်းရတဲ့အချက်တွေအပေါ် မူတည်ပြီး တတ်နိုင်တဲ့ ဆေးဝါးအကူအညီတောက်လျှောက်ပေးသွာ
းမှာပါ” ဟု နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။7Day News Journal

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကန့်ကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်က ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့် အစုံ

ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။ အများနဲ့ ညီအောင်လို့ အများကောင်းကျိုးအတွက် တစ်ခါတလေ ကိုယ့်ရဲ့ အကျိုးကို အနောက်မှာ ထားပြီးတော့ လုပ်ရတယ်။ အဲဒီလို လုပ်မှသာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ နိုင်ငံကြီးသား အမြင်နဲ့ ဖြေရှင်းရမယ်။ ကျွန်မတို့ နိုင်ငံကို အပြစ်မရှိတဲ့ နိုင်ငံ၊ အပြစ်မဲ့တဲ့ နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့ နိုင်ငံဖြစ်အောင် ဘယ်လို လုပ်မလဲ၊ ဘယ်လို နေမလဲ၊ ဘယ်လိုထိုင်မလဲ။ ဘယ်လို ပြဿနာတွေကို ကိုင်တွယ်မလဲဆိုတာ ကျွန်မတို့ ဆုံးဖြတ်ရလိမ့်မယ်။

ကိုယ့်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတိုင်း လူတိုင်းမှာ တာဝန်ရှိဖို့ လိုပါတယ်။ နိုင်ငံတစ်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတစ်ယောက်တည်းနဲ့ လည်း မရဘူး။ အဖွဲ့အစည်းတစ်ခုတည်း လုပ်လို့လည်း မရဘူး။ အစိုးရချည်း လုပ်လို့လည်း မရဘူး။ ပြည်သူလူထုအားလုံး ပါဝင်မှ ကျွန်မတို့ နိုင်ငံ သိက္ခာရှိအောင် ကျွန်မတို့ လုပ်နိုင်မှာပါ။ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အခါမှာ ပြည်သူတွေ အကြိုက်ကို ကျွန်မ အမြဲလိုက်ပြီးတော့ လုပ်တာ မဟုတ်ပါဘူး။ ကျွန်မ မှန်တဲ့အတိုင်းပဲ ပြောမယ်။ ပြည်သူတွေက မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောပိုင်ခွင့် ရှိတယ်။ ကြိုက်ရင်လည်း ကြိုက်တယ်လို့ ပြောပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ ကျွန်မ သေသေချာချာ ကတိပေးနိုင်တယ်။ ကျွန်မ ပြည်သူတွေကို လှည်ဖျားတဲ့ နိုင်ငံရေးမျိုး လုပ်လို့ မရဘူး။

၂၀၁၂ ခုနှစ်အတွက် တိုင်းမ်မဂ္ဂဇင်း၏ သြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်လျာထားစာရင်းတွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

Photo: ၂၀၁၂ ခုနှစ်အတွက် တိုင်းမ်မဂ္ဂဇင်း၏ သြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်လျာထားစာရင်းတွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

ကမ္ဘာကျော်တိုင်းမ်မဂ္ဂဇင်းက ၂၀၁၂ ခုနှစ်အတွက် သြဇာအရှိဆုံးပုဂ္ဂိုလ်များ လျာထားစာရင်းတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲပါဝင်လျက်ရှိသည်။

အဆိုပါလျာထားစာရင်းတွင် အမေရိကန်သမ္မတ အိုဘားမား၊ အီဂျစ်သမ္မတ မိုဟာမက်မော်စီ၊ မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအမ်တို့ ပါဝင်သလို တရုတ်သမ္မတနှင့် ၀န်ကြီးချုပ်သစ်၊ ကန်သမ္မတရွေးကောက်ပွဲ စိန်ခေါ်သူ မစ်ရွမ်းနေနှင့် ပေါလ်ရိုင်ယန်တို့လည်း ပါဝင်သည်။ ထို့အပြင် ယင်းစာရင်း၌ 'Gangnam Style' သီချင်းပိုင်ရှင် တောင်ကိုရီးယားအဆိုတော် PSY ၊ ပါကစ္စတန်မှ အမျိုးသမီးပညာရေးလှုပ်ရှားသူ ကျောင်းသူမာလာလာ၊ ရုရှားနိုင်ငံမှ ပန့်ဂီတအဖွဲ့ Pussy Riot တို့လည်း ပါဝင်သည်။

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ လောလောဆယ် မဲပေးထားသော စာရင်းအရ နံပါတ် ၁၄ နေရာတွင် ရောက်ရှိနေသည်။

တိုင်းမ်မဂ္ဂဇင်း စာဖတ်သူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ ပုဂ္ဂိုလ်အား ဒီဇင်ဘာ ၁၂ ရက် ည ၁၁ နာရီ ၅၉ မိနစ်အထိ မဲပေးနိုင်ပြီး လူထုအကြိုက်ဆုကို ဒီဇင်ဘာ ၁၄ ရက်တွင် ကြေညာမည်ဖြစ်သည်။ Person of the Year ဆုကိုမူ တိုင်းမ်မဂ္ဂဇင်း အယ်ဒီတာများက ရွေးချယ်သွားမည်ဖြစ်သည်။

ဓာတ်ပုံ- Time Magazine
ဓာတ်ပုံ- Time Magazine
ကမ္ဘာကျော်တိုင်းမ်မဂ္ဂဇင်းက ၂၀၁၂ ခုနှစ်အတွက် သြဇာအရှိဆုံးပုဂ္ဂိုလ်များ လျာထားစာရင်းတွင် မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲပါဝင်လျက်ရှိသည်။

အဆိုပါလျာထားစာရင်းတွင် အမေရိကန်သမ္မတ အိုဘားမား၊ အီဂျစ်သမ္မတ မိုဟာမက်မော်စီ၊ မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအမ်တို့ ပါဝင်သလို တရုတ်သမ္မတနှင့် ၀န်ကြီးချုပ်သစ်၊ ကန်သမ္မတရွေးကောက်ပွဲ စိန်ခေါ်သူ မစ်ရွမ်းနေနှင့် ပေါလ်ရိုင်ယန်တို့လည်း ပါဝင်သည်။ ထို့အပြင် ယင်းစာရင်း၌ 'Gangnam Style' သီချင်းပိုင်ရှင် တောင်ကိုရီးယားအဆိုတော် PSY ၊ ပါကစ္စတန်မှ အမျိုးသမီးပညာရေးလှုပ်ရှားသူ ကျောင်းသူမာလာလာ၊ ရုရှားနိုင်ငံမှ ပန့်ဂီတအဖွဲ့ Pussy Riot တို့လည်း ပါဝင်သည်။

အမြန်လမ်းမတွင် ကားမှောက်၍ တရုတ်-မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလုပ်ငန်းမှ တရုတ်နိုင်ငံသား သုံးဦး သေ၊နှစ်ဦး ဒဏ်ရာရ


ရန်ကုန်မှ မန္တလေးမြို့သို့ အမြန်လမ်းအတိုင်း မောင်းနှင်လာသောပါဂျဲရိုးယာဉ်တစ်စီးသည် နိုဝင်ဘာ(၂၆)ရက် ညနေ(၄)နာရီကျော်တွင် ကားဘီးပေါက်၍ အရှိန်လွန်ကာ တိမ်းမှောက်သဖြင့် ယာဉ်ပေါ်ပါတရုတ်-မြန်မာ ရေနံနှင့်သဘာဝဓါတ်ငွေ့ ပိုက်လိုင်းလုပ်ငန်းမှ တရုတ်နိုင်ငံသား(၃)ဦးပွဲချင

်းပြီးသေဆုံးခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံသား ငါးဦး စီးနင်းလိုက်ပါလာသည့် ၅ဂ/……..ခဲရောင် ပါဂျဲရိုးယာဉ်တစ်စီးသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၁၈/၂ အနီးတွင်(နွားထိုးကြီးမြို့နယ်အတွင်း) ကားဘီးပေါက်၍ အရှိန်လွန် ကာ တဖက်ယာဉ်ကြောတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြ ထားသည်။

အတည်ပြုပြီး ဥပဒေကြမ်းအပေါ် သမ္မတက မှတ်ချက်ပြုခြင်းအား လွှတ်တော်ကိုယ်စားလှယ်အချို့ ဝေဖန်

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးသော ဥပဒေကြမ်းတစ်ခုအား နိုင်ငံတော်သမ္မတက သ၀ဏ်လွှာ ပေးပို့မှတ်ချက်ပြုခြင်းသည် ဥပဒေပြုခြင်းမဏ္ဍိုင်အား အုပ်ချုပ်ရေးမဏ္ဍိုင်နောက်တွင် ထားလိုသော သဘောဆောင်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်

စုလွှတ်တော်မှ အတည်ပြုပေးပို့လာသော ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက ၁၄ ရက်အတွင်း သဘောထားမှတ်ချက်များပေး၍ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့နိုင်ပြီး ထိုသို့ပေးပို့ခဲ့သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်က ထပ်မံအတည်ပြုလိုက်လျှင် နိုင်ငံတော်သမ္မတအနေဖြင့် မှတ်ချက်ပေးခွင့်မရှိဘဲ လက်မှတ်ရေးထိုး ထုတ်ပြန်ရန်သာရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကဆိုသည်။

“မြန်မာ့ရိုးရာ ယဉ်ကျေးမှု၊ မန္တလေးရဲ့ အရိပ်အငွေ့၊ ရှမ်းတောင်တန်းတွေရဲ့ ကြီးမားလေးနက်မှုတွေကို ပုံဖော်ချင်တာကြောင့် ဒီဇာတ်ကားကို ရိုက်ကူးဖြစ်တာပါ” ဒါရိုက်တာ စင်ရော်မောင်မောင်နှင့် တွေ့ဆုံခြင်း




ha-15-11-2
ရုပ်ရှင်ချစ်ပရိသတ်များ ရင်ခုန်ကြရသည့် အကယ်ဒမီပွဲကျင်းပမည့်အချိန်က နီးကပ်လို့လာခဲ့ပြီ။ ၂၀၁၁ ခုနှစ်အတွက် ပေးအပ်ချီးမြှင့်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီအတွက် ဆန်ခါတင်ရုပ်ရှင်ဇာတ်ကား ၁၅ ကားရှိသည့်အနက် တစ်ကားအပါအ၀င်ဖြစ်သည့် ‘ပန်းကြာဝတ်မှုန်’ ရုပ်ရှင်ဇာတ်ကားသည် အကယ်ဒမီ ရင်ခုန်သံအတွက် ပရိသတ်များကြား ရေပန်းစားသော ဇာတ်ကားတစ်ကားပင် ဖြစ်သည်။ ခင်ခင်ထူး၏၀တ္ထုကို ပုံဖော်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အထင်ကရနေရာများစွာကို နောက်ခံထားကာ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ ဖြတ်သန်းမှုမှသည် ဘ၀ကိုယ်စီ ရှင်သန်နေထိုင်ကြသည်အထိ ခေတ်ပုံရိပ် သုံးခုကို ရိုက်ကူးထားခြင်းဖြစ်သည်။ နန်နင်းရုပ်ရှင်ပွဲတော်၊ ထိုင်းနိုင်ငံရှိ မဟာချိုင်၊ ဖူးခက်၊ ဘန်ကောက်၊ စင်ကာပူနိုင်ငံများတွင် ပြသလျက်ရှိသည့် ‘ပန်းကြာဝတ်မှုန်’ ရုပ်ရှင်ဇာတ်ကား၏ ဖန်တီးသူ ဒါရိုက်တာ အကယ်ဒမီစင်ရော်မောင်မောင်နှင့် တွေ့ဆုံဖြစ်သည့်အခိုက် ဖန်တီးခဲ့သည့် အတွေ့အကြုံနှင့် အကယ်ဒမီအကြိုခံစားမှုများကို မေးမြန်းဖြစ်ခဲ့ပါသည်။

အိုဘားမား ပြန်လျင် ဘာကျန်ခဲ့မည်နည်း( ဒေါက်တာ ရန်မျိုးသိမ်း)





thn-18-11-12-1
ဇာတ်သမားပြန်လျင် မှတ်သားစရာ ကျန်ရမည်ဆိုသည့် စကားအတိုင်း၊ အမေရိကန်သမ္မတ ဘားရက်ဟူစိန် အိုဘားမား မြန်မာနိုင်ငံမှပြန်လျင် ဘာကျန်ခဲ့မည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။ နှစ်နိုင်ငံသမိုင်းတွင် ပထမဆုံးဖြစ်သည့် အမေရိကန် သမ္မတ၏ မြန်မာနိုင်ငံအလည်အပတ် ခရီးစဉ်သည် ပစိဖိတ်၊ ဘင်္ဂလားဒေ့ရှ်၊ နယူးဒေလီ၊ ပေကျင်းတို့နှင့် ဆက်စပ်လျက် သတင်းမျက်နှာစာများတွင် သတင်းကြီးနေသည့်နည်းတူ၊ အိုဘားမားခရီးစဉ်အလွန် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်များတွင် မည်သည့် ပြောင်းလဲတိုးတက်မှုများ ဖြစ်ထွန်းလာမည်ကိုစောင့်ကြည့် လေ့လာရဦးမည်ဖြစ်သည်။

အစ္စရေးနှင့် ရှစ်ရက်ကြာ ပဋိပက္ခအတွင်း ဂါဇာတွင် ဒေါ်လာတစ်ဘီလျံကျော် ပျက်စီးဆုံးရှုံး




ha-28-11-4
ဂါဇာကမ်းမြောင်ကို အစ္စရေးက ရှစ်ရက်ကြာ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် တိုက်ရိုက်နှင့် သွယ်ဝိုက်ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဟားမားစ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက နိုဝင်ဘာလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
အစ္စရေးလေကြောင်းမှ ဗုံးကြဲမှုများကြောင့် တိုက်ရိုက်ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၅၄၅ သန်းနှင့် သွယ်ဝိုက်ပျက်စီးဆုံးရှုံးမှုမှာ ဒေါ်လာသန်း ၇၀၀ အထိရှိကြောင်း ယင်းပြောခွင့်ရပုဂ္ဂိုလ် တာဟာအယ်လ်နူနူက ပြောကြားခဲ့သည်။ လေကြောင်း တိုက်ခိုက်မှုများအတွင်း အိမ်အလုံး ၂၀၀ မှာ လုံးဝပျက်စီးခဲ့ပြီး အခြားအိမ် ၈၀၀၀ မှာ ထိခိုက်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
ဟားမားစ်အစိုးရဌာန အပါအ၀င် လူမနေသော အဆောက်အအုံ ၄၂ ခုလည်း လုံးဝပျက်စီးသွားခဲ့သည်ဟု နူနူက ပြောကြားခဲ့သည်။ ဗလီသုံးခု၊ ကျန်းမာရေးစင်တာ တစ်ခုလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်း ထုတ်ပြန်ချက်

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ )
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်
၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်း ထုတ်ပြန်ချက်

၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် သစ် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်၍ ပြည်သူ လူထုနှင့် လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် မှန်ကန်သော ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားစေရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဋ္ဌာန်း ပေးလျက်ရှိသည်။

ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းလိုက်ခြင်းကို ကန့်ကွက်ကြောင်းနှင့် လက်သင့်မခံနိုင်ကြောင်း နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ တုန့်ပြန်





မြန်မာ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ တန်ဆောင်မုန်း လပြည့်နေ့ည နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီ အချိန်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများကို လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ အကြမ်းဖက် ဖြိုခွင်း ခဲ့ခြင်းသည် ရုပ်ဆိုး အကျည်းတန်သော ဖြစ်ရပ်တစ်ခုအဖြစ် ရှုမြင်ခဲ့ပြီး လက်သင့်ခံနိုင်ဖွယ် မရှိဟု နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များက တုန့်ပြန် ပြောဆို လိုက်သည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား နိုဝင်ဘာလ၂၉ ရက်နေ့  နံနက် ၃နာရီအချိန်မှစတင်၍  လုံခြုံရေး ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ အင်အားသုံးပြီး ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ အင်အားသုံး ဖြိုခွင်းခဲ့ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သပိတ်စခန်း တည်ရှိရာနေရာများသို့ မီးလောင်စေသော ဓါတု ပစ္စည်းပါဝင်သည့် လက်နက် (ဓါတုလက်နက်) ဖြင့် အင်အားသုံးနှိမ်နင်းခဲ့ကြောင်း ယင်းဖြစ်စဉ်တွင် ကိုယ်တွေ့ ကြုံခဲ့သူများ၏ ပြောကြားချက်များအရ သိရသည်။
ယခုကဲ့သို့သော အကြမ်းဖက်မှုများက ဆန္ဒပြသူများဘက်သို့ ပြည်သူလူထုအားလုံး ရောက်ရှိသွားစေသည့် အနေအထား သို့ ရောက်ရှိ သွားနိုင်ကြောင်း ၀ါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြောသည်။
"အကြမ်းဖက်နှိမ်နင်းတယ်ဆိုတာ လုံးဝ ကျွန်တော်တို့ လက်မခံနိုင်တဲ့ ကိစ္စပါ။ မှားယွင်းတယ်လို့ ထင်တယ်။ ဒါတွေအတွက် လည်း ဖြေရှင်းရန် အမြန်ဆုံးလိုအပ်တယ်လို့ ထင်တယ်။ ဖြိုခွင်းတာကတော့ ကြမ်းတယ်။ တော်တော်ကြမ်းတယ်တောင် ထင်တယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သာမန်အားဖြင့်ဆိုရင် မြို့ပေါ်မှာလောက် ဆိုရင်ကို မျက်ရည်ယိုဗုံး သုံးတယ်ဆို တာတောင် အလွန်အကျွံပဲလေ။ အခုဟာက မီးလောင်ဗုံးတို့၊ မီးလောင်ဗုံးသုံးတယ်ဆိုတာကလည်း ငြင်းလို့မရဘူး။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးပြောကြား




  DSC_0091-zyn
လက်ပံတောင်းတောင် ဖြစ်စဉ်မှ ဒဏ်ရာရသံဃာတစ်ပါးအား တွေ့မြင်ရစဉ်


နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် ၃နာရီ ကျော်မှ စ၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ ပြောကြားခဲ့သည်။ 
“ကျွန်တော်ပြောနိုင်တာက ဓာတု လက်နက်လုံးဝ မပါဘူး။ ၁။ မီး သတ်ပိုက်သုံးတယ်။ ၂။ မျက်ရည် ယိုဗုံးသုံးတယ်။ ၃။ မီးခိုးဗုံး။ တဲတွေမှာ မီးလောင်တာက မီးခိုးဗုံး (Smoke Bomb) ကြောင့်ပါ။ ဓာတုပစ္စည်းမပါ ပါဘူး။" ဟု ဦးဇော်ဌေးက ပြောကြားပါသည်။ 
ထို့အပြင် အမှတ်(၂) စစ်လက်နက်ပစ္စည်းစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖေါ်ပြထားချက်မှာလည်း မတိကျ မခိုင်လုံကြောင်း ပြောကြားခဲ့ပါသည်။ 
"ကျွန်တော်တို့ ရှေ့တန်းစစ်မျက်နှာမှာ တပ်မတော်သုံး မှိုင်းကာချတဲ့ဟာ မဟုတ်ဘူး။ နောက် နပမ်းဗုံးတွေလည်း မဟုတ်ဘူး။ " ဟု ဦးဇော်ဌေးက ပြောပါသည်။

လက်ပံတောင်း စီမံကိန်းဧရိယာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားသဖြင့် ဒဏ်ရာရှိသူများကို ကယ်ဆယ်ရေး အခက်ကြုံ

Photo by Y M G



လက်ပံတောင်း စီမံကိန်းဧရိယာ အတွင်း၌ရှိသော သပိတ်စခန်းများအား ယနေ့နံနက် ၃ နာရီတွင် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖြိုခွင်းခဲ့သဖြင့် ဒဏ်ရာရရှိခဲ့သူ အများအပြားရှိခဲ့ရာ နံနက် ၁၀ နာရီအချိန်အထိ ဒဏ်ရာရရှိသူ အများစုသည် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် ပုန်းအောင်းနေရဆဲဖြစ်ပြီး ဆေးကုသမှုခံယူရန် အရေးတကြီး လိုအပ်နေကြောင်း သတင်းရရှိပါသည်။ နံနက် ၃ နာရီအချိန်တွင် ရဲတပ်ဖွဲ့ဝင်များသည် မီးသတ်ပိုက်များဖြင့်စတင်ရှင်းလင်းခဲ့ပြီး လူစုမကွဲဘဲကျန်ရှိနေသူများအား မီးလောင်ဗုံးများဖြင့် နှိမ်နင်းခဲ့ကြောင်း အဆိုပါဒေသတွင် ရောက်ရှိနေသော Eleven Media Group  သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။ မီးလောင်ဗုံးဖြင့် နှိမ်နင်းခြင်းကြောင့် သံဃာတော်အများအပြား မီးလောင်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင် စီမံကိန်းရှိ သပိတ်စခန်းများအား မီးလောင်စေသော ဓါတုပစ္စည်းပါဝင်သည့် လက်နက် (ဓါတုလက်နက်) ဖြင့် အင်အားသုံးနှိမ်နင်းခဲ့ကြောင်း သိရ




 DSC_0086
ကြေးနီစီမံကိန်း ဧရိယာအတွင်း သပိတ်စခန်းများ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်


နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အင်းအားသုံးဖြိုခွင်းရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သပိတ်စခန်း တည်ရှိရာနေရာများသို့  မီးလောင်စေသော ဓါတုပစ္စည်းပါဝင်သည့် လက်နက် (ဓါတုလက်နက်) ဖြင့် အင်အားသုံးနှိမ်နင်းခဲ့ကြောင်း ယင်းဖြစ်စဉ်တွင် ကိုယ်တွေ့ကြုံခဲ့သူများ၏ ပြောကြားချက်များအရ သိရသည်။