Thursday, 1 November 2012

" ဗမာ ကဗျာဆရာတစ်ယောက်ရဲ့ ပျဉ်းတွဲတွဲ အက်ဆေး "(ခင်အောင်အေး)

အက်ဆေး ဖော်ပြခံရသောစာအုပ်...

အက်ဆေးတပုဒ် ရေးရမယ်လို့ ကိုယ့်ကိုယ်ကို စေခိုင်းတော့
ထုံးစံအတိုင်း စိတ်တွေ တိမ်းတိမ်းပွေပွေ ဖြစ်တဲ့အခါ လုပ်နေကျအတိုင်း ဝရံတာကို ထွက်လိုက်တယ်။
အက်ဆေး တပုဒ်ရေးမယ့်အစား..........
ဝရံတာ ပေါ်က ခုန်ချပြီး ဘဝကို အဆုံးစီရင်လိုက်တာက ပိုကောင်းမယ်လို့...........
တယောက်ယောက်က (အသံ တစ်ခုခုက) ဖျားယောင်းတာခံနေရသူလို ဝရံတာစွန်းမှာရပ်မိတယ်။
ခက်တာက ကိုယ်က ပထမထပ်မှာ နေတာ ဆိုတော့....
အောက်ခြေသံမံသလင်းနဲ့ ခေါင်းနဲ့ ခွပ်ကနဲ ပစ်ဆောင့်ပြီး ကိစ္စပြီးဖို့က ဖြစ်နိုင်ချေ နည်းလွန်းနေတယ်။
ကိုယ်ဘာကောင်လဲ၊
ကိုယ်ဘယ်က လာသလဲ
ကိုယ်ဘယ်ရောက်နေတာလဲ (ဝရံတာအစွန်းတခုမှာလို့ ပြောဖို့ကတော့ တိမ်လွန်းလှပါတယ်)
ကိုယ် ဘယ်ကိုဆက်သွားမှာလဲ၊ (တုန်လှုပ်ခြောက်ခြားစရာ) ။

ဘန်ဂါဇီ ရှိ အမေရိကန် သံရုံး တိုက်ခိုက်မှု သံသယ ရှိသူ အီဂျစ် တွင် အသေဖမ်းဆီး နိုင်ခဲ့


ap_us_north_africa_terror_52141333-4_3_r560
လစ်ဗျားနိုင်ငံ ဘန်ဂါဇီ မြို့  ရှိ အမေရိကန် ကောင်စစ်ဝန် ရုံး ကို စက်တင်ဘာလ က ရော့ကတ်
လောင် ချာ ဖြင့် တိုက်ခိုက် မှု တွင် ပါဝင် ခဲ့ သည် ဟု သံသယရှိသူ တစ်ဦး မှာ အီဂျစ် နိုင်ငံ
ကိုင်ရို မြို့ တွင် လုံခြုံရေးတပ် ဖွဲ့  ၀င်များ နှင့် အပြန် အလှန် ပစ်ခတ် မှု တွင် သေဆုံး သွား ခဲ့
သည် ဟု အီဂျစ် အစိုးရမှ တရား ၀င် သတင်း ထုတ် ပြန်သည်။
စက်တင်ဘာလ ၁၁ ရက်နေ့ က စစ်သွေးကြွ အုပ်စု မှ ရော့ကတ် ဖြင့် တိုက် ခိုက် မှု ကြောင့်
အမေရိကန် သံ အမတ် ကြီး J. Christopher Stevens အပါအ၀င် သံရုံး ၀န်ထမ်းလေးဦး
သေဆုံး ခဲ့ ရသည်။
သံရုံး တိုက်ခိုက်မှု တွင် ပါဝင်သည့် ဟာဇမ် ဟု အီဂျစ် အစိုးရ က သတင်း ထုတ် ပြန်ထား သူ
သည် အီဂျစ် ရဲတပ် ဖွဲ့  အား ဗုံးဖြင့် ပစ်ခတ် စဉ် ဗုံးပေါက်ကွဲ မှု ကြောင့် သေဆုံးရသည် ဟု
ဆိုသည်။

သီချင်းများနဲ့ ခရီးသွားတဲ့ လေးဖြူနဲ့ တွေ့ဆုံ မေးမြန်းခြင်း




ခဏလေးများ  စီးရီး ထွက်ပြီးတဲ့ နောက်မှာ စင်မြင့် သီဆိုပွဲ များက နှစ်အတန် ကြာနား နေခဲ့တဲ့ လေးဖြူက သဘာဝ ဘေးအန္တရာယ် ဖြစ်တဲ့ နာဂစ် မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များ အတွက် ရန်ပုံ ငွေရှာ တဲ့ပွဲက စပြီး စင်မြင့်ပေါ်ကို ပြန်လည် ရောက်ရှိ လာခဲ့ပါတယ်။
အဲဒီကနေ တောက်လျှောက် ဖျော်ဖြေပွဲများ သီဆိုရင်း ၂၀၀၈ ခုနှစ်မှာ BOB (ဘင်္ဂလားပင်လယ်အော်) အယ်လ်ဘမ် အသစ်ထွက် ခဲ့ပြီးနောက် နောက်ထပ် သီချင်းသစ် ထွက်မလာ ခဲ့ပါဘူး။

၂၀၁၂ ခုနှစ် အတွင်းမှာ ပြည်ပ ဖျော်ဖြေပွဲများ သွားရောက်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု ခရီးစဉ် မှာတော့ သီချင်းသစ် ၃ ပုဒ် သီဆို အသံ သွင်းခဲ့ တယ်လို့ သိရတဲ့ အတွက် ရွှေအမြုတေ မဂ္ဂဇင်းရဲ့ ဂီတ ပရိသတ်များ အတွက် လေးဖြူနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ငြိမ်းချမ်းရေးနှင့် သယံဇာတ(ကိုရင်လှ)

 
 
   နိုင်ငံဖွံ့ဖြိုးရေးနှင့် ပြည်သူများစားဝတ်နေရေးဖူလုံကြွယ် ၀ရန် မရှိမဖြစ်လိုအပ်သော အချက်များတွင် သဘာဝသယံဇာတ များ ပေါများကြွယ်ဝခြင်းနှင့် နိုင်ငံအတွင်း ပဋိပက္ခများကင်းဝေးလျက် တည်ငြိမ်သောနိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးအခြေအ နေတို့လည်း ပါဝင်ပါသည်။

          ပဋိပက္ခများဆိုရာတွင် စစ်မက်ဖြစ်ပွားခြင်းသာမက နိုင်ငံ အတွင်းရှိ လူမျိုးတစ်စုနှင့်တစ်စု၊ အဖွဲ့အစည်းတစ်ဖွဲ့နှင့်တစ်ဖွဲ့၊ ယုံ ကြည်ကိုးကွယ်ရာဘာသာ မတူညီကြသူတစ်ဖက်နှင့်တစ်ဖက်၊ နိုင်ငံရေးပါတီတစ်ခုနှင့်တစ်ခု၊ အုပ်ချုပ်သူအစိုးရနှင့် အုပ်ချုပ်ခံ ပြည်သူပြည်သားတို့အကြား အပြန်အလှန်လေးစားမှု ပျက်ပြား ခြင်း၊ ယုံကြည်မှုလျော့ပါးခြင်း၊ သံသယများနေခြင်းတို့်ဖြစ်ပါ သည်။ ထိုပဋိပက္ခများတည်ရှိနေသမျှ ရုပ်ပိုင်းဆိုင်ရာအခြေ အနေများ မည်မျှတည်ငြိမ်နေပါစေ စိုးရိမ်ကြောင့်ကြမှုများ ဖြစ် ပေါ်လျက် ငြိမ်းချမ်းမှုပျက်ပြားရပါသည်။ ထို့ကြောင့် ငြိမ်းချမ်း ခြင်းဆိုသည်မှာ လူသားတိုင်း၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှစ်ရပ်လုံး တည်ငြိမ်အေးချမ်းစွာ ဖြစ်တည်နေခြင်း နှင့် စိုးရိမ်ကြောင့်ကြမှုမရှိခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုလို ပါသည်။

ကွာခြားခဲ့သည် (ကြည်အေး)

(Three Girls, by Amrita Sher-Gil - 1935)

(၁)

လွန်ခဲ့သော အနှစ် တရားငါးဆယ်ခန့်က ဒလမှာ ဘယ်တော့မှမတည့်သော ညီအစ်မနှစ်ယောက် ရှိသည်။ အကြီးဖြစ်သူမှာ အရုပ်လည်းမလှ ဥာဏ်လည်း အချည်းနှီး။ သည်အထဲက မိန်းမတကာနှင့် ပြိုင်ချင်၍ မပြိုင်ရလျှင် ညီအစ်မချင်း ပြိုင်ချင်သောစိတ်ရှိသည်။ သူ့မှာ အားကိုးပြုစရာဆို၍ ဖအေရွာသူကြီးက ခွဲပေးခဲ့သည့် လယ်ဧက တထောင်ခန့်ရှိကာ ဒါကို အမှီပြု၍ မာနတလူလူ တက်ကာ ကျေနပ်နေတတ်သည်။ အငယ်ဖြစ်သူမှာ ရုပ်အဆင်း ထယ်ဝါသည်။ စိတ်နေလည်း ကြီးမြင့်သည်။ ဒလမှနေ၍ ရွံ့ရောင်ဝါသည့် တစ်နေ့တစ်နေ့ တက်ကာကျကာနေသော ရန်ကုန်မြစ်ကျယ်ကို ကျော်ဖြတ်ကာ မြို့တော်သို့ မျှော်လေ့ရှိသည်။ သူ၌လည်း အဖေ့အမွေ လယ်ဧက တထောင် ရှိပြန်သည်။

သီးလေးသီးအဖွဲ့မှ ပန်းသီး ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေမည်

Photo: သီးလေးသီးအဖွဲ့မှ ပန်းသီး ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေမည်

ရန်ကုန်၊ အောက်တိုဘာ ၁

ပြည်တော်ပြန် သီးလေးသီးအဖွဲ့မှ လူရွှင်တော် ပန်းသီး ပထမဆုံး အကြိမ်အဖြစ် တစ်ကိုယ်တော် ဟာသဖျော်ဖြေပွဲအား နိုဝင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဟု သိရသည်။
...
''အဓိက ကတော့ ပွဲလုပ်ဖို့ ငွေကြေး အခက်အခဲပါ။ ဒီပွဲမှာ ထောက်ပံ့ပေးမယ့် စပွန်ဆာ မရှိပါဘူး။ တစ်ပိုင်တစ်နိုင်နဲ့ လုပ်ချင်လွန်းလို့ လုပ်ကြတာ ပါ။ နောက်ပြီး ပွဲခွင့်ပြုမိန့်ကလည်း ဒီပွဲပြုလုပ်မယ့်ရက်နဲ့ ကပ်ပြီးမှ ကျတော့ ပြင်ဆင်ချိန်မှာနည်းနည်းအခက်အခဲတွေ ရှိပါတယ်'' ဟု ကိုပန်းသီးက ပြောသည်။

လူရွှင်တော်ပန်းသီးမှ ဟာသပျက်လုံးများအား တစ်နာရီနီးပါးခန့် တစ်ကိုယ်တော် တင်ဆက်မည်ဖြစ်သည်။ ထို့အပြင် ပန်းသီးက အငြိမ့်ခန်း၌လည်း ဇာတ်မင်းသမီးအဖြစ်နှင့် နှစ်ပါးခွင်၌လည်း ဇာတ် မင်းသားအဖြစ် အခြားလူရွှင်တော်များနှင့်ပါတင်ဆက်သွားမည်ဟုလည်း သိရသည်။

သီးလေးသီးအဖွဲ့မှ လူရွှင်တော် ကြယ်သမီးမှလည်း ရာမဇာတ်တော် အား ခေတ်နှင့်လျော်ညီမည့် တီးဝိုင်းများ၊ အကများဖြင့်ပါ တင်ဆက်ကပြ သွား မည်ဟု သိရသည်။

''ခေတ်နဲ့ညီအောင် ဆိုတဲ့နေရာမှာ ရှေ့က ကခဲ့တဲ့ ရာမဇာတ်တွေ ကို စော်ကားမှာ မဟုတ်ပါဘူး။ စိတ်ကူးထဲက ရာမကို ကမှာဆို ပိုမှန်ပါလိမ့်မယ်။ ကိုယ်တိုင်က ဒဿနေရာကနေ ကမှာပါ။ ဒီပွဲအတွက် ဇာတ်တိုက်ချိန် သုံးရက်ပဲ ရပါတယ်။ အဲ့ဒီအတွက်လိုအပ်ချက်တွေတော့ ရှိမှာပါ'' ဟု ကိုကြယ် သီးမှ ၄င်းကပြမည့် ရာမဇာတ်နှင့် ပတ်သက်၍ ဖြေကြားခဲ့သည်။

အဆိုပါပွဲအတွင်း သီးနှစ်သီးသာ ပါဝင်ကပြမည် ဖြစ်ခြင်းကြောင့် ၄င်းတို့၏ သီးလေးသီး ဆေးရောင်စုံအဖွဲ့ စုစည်းမှု မရှိတော့ပြီဟု မထင်မြင်စေ လိုကြောင်း၊ ကျန်ရှိနေသည့် စိန်သီး၊ ဇီးသီးနှင့် ကိုဂေါ်ဇီလာတို့အနေဖြင့် တမူးမြို့၌ကပြဖျော်ဖြေနေ၍သာဖြစ်ကြောင်း ကိုကြယ်သမီးမှ အဖွဲ့နှင့် ပတ် သက်၍ ရှင်းပြခဲ့သည်။

''ပွဲက ဒီဘက်မှာ တိုက်ဖို့ ရက်သိပ်နည်းနေတာရယ် နောက်ပြီး ဟိုဘက် မှာလည်း ကနေရတာရယ်ကြောင့်ပါ။ ပြီးတော့ တစ်ကိုယ်တော် ဟာသ ဖျော်ဖြေပုံမျိုးလေး လုပ်ကြည့်ချင်တာလည်း ပါပါတယ်။ ဒါပေမဲ့ သီးလေးသီး ညီအစ်ကို အားလုံး အဖွင့်မှာသီချင်းတွေ ဆိုကြမှာပါ'' ဟု တစ်ကိုယ် တော် ဟာသ တင်ဆက်မည့် ကိုပန်းသီးက ပေါ်ပြူလာနယူးစ် သို့ ပြောကြားသည်။

၎င်းဖျော်ဖြေပွဲအတွက် လက်မှတ်များကိုမူ ယနေ့ နိုဝင်ဘာ ၁ ရက်နေ့မှ စ၍ ရောင်းချမည် ဖြစ်ပြီး အမျိုးသားကဇာတ်ရုံ၊ ဗိုလ်အောင်ကျော်လမ်းရှိ Homeမီဒီယာနှင့် ဖုန်း-ဝ၉-၄၃၁၇၇၂၇၊ ဝ၉-၇၂ဝ၆ဝ၅၉၃ တို့ထံ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

သုတလင်း

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Myanmar News Journal
ပြည်တော်ပြန် သီးလေးသီးအဖွဲ့မှ လူရွှင်တော် ပန်းသီး ပထမဆုံး အကြိမ်အဖြစ် တစ်ကိုယ်တော် ဟာသဖျော်ဖြေပွဲအား နိုဝင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဟု သိရသည်။
...
''အဓိက ကတော့ ပွဲလုပ်ဖို့ ငွေကြေး အခက်အခဲပါ။ ဒီပွဲမှာ ထောက်ပံ့ပေးမယ့် စပွန်ဆာ မရှိပါဘူး။ တစ်ပိုင်တစ်နိုင်နဲ့ လုပ်ချင်လွန်းလို့ လုပ်ကြတာ ပါ။ နောက်ပြီး ပွဲခွင့်ပြုမိန့်ကလည်း ဒီပွဲပြုလုပ်မယ့်ရက်နဲ့ ကပ်ပြီးမှ ကျတော့ ပြင်ဆင်ချိန်မှာနည်းနည်းအခက်အခဲတွေ ရှိပါတယ်'' ဟု ကိုပန်းသီးက ပြောသည်။

လူရွှင်တော်ပန်းသီးမှ ဟာသပျက်လုံးများအား တစ်နာရီနီးပါးခန့် တစ်ကိုယ်တော် တင်ဆက်မည်ဖြစ်သည်။ ထို့အပြင် ပန်းသီးက အငြိမ့်ခန်း၌လည်း ဇာတ်မင်းသမီးအဖြစ်နှင့် နှစ်ပါးခွင်၌လည်း ဇာတ် မင်းသားအဖြစ် အခြားလူရွှင်တော်များနှင့်ပါတင်ဆက်သွားမည်ဟုလည်း သိရသည်။

‘နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်တစ်ခုပဲ ရှိရမှာပါ။ အဲဒီတပ်မတော်သည် ပြည်ထောင်စု တပ်မတော်ဖြစ်ရပါမယ်’ ၊ KIO ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ဝင် ဦးဂျီးနောင်နှင့် တွေ့ဆုံခြင်း




5313 ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း ကော်မတီနှင့် KIO ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့၏ ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သော KIO ကိုယ်စားလှယ်အဖွဲ့ဝင် ဦးဂျီးနောင်နှင့် ဆွေးနွေးပွဲအပြီး တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
 မေး - အခုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအရ နိုင်ငံရေးနည်းလမ်းအရ ဆက်လက်ဆွေးနွေးဖို့ သဘောတူညီမှု အပြည့်အ၀ရခဲ့ ပြီလို့ ပြောနိုင်ပြီလား။
ဖြေ - ဟုတ်ကဲ့။ သဘောတူညီမှု ရပါပြီ။ ဆက်ဆွေးနွေးရမှာပါ။ တိုး တက်မှုရှိပါတယ်။
 မေး - အခုဆွေးနွေးပွဲမှာ နှစ်ဖက်တပ် တွေ ကိစ္စဆွေးနွေးဖို့ အဓိကလို့ သိရပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ဂွမ်မော် မလာတဲ့အတွက် ကာကွယ်ရေးဝန်ကြီး ဌာနက ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးလည်း မတက်ရောက်ခဲ့ပါဘူး။ လိပ်ခဲတည်း လည်းဖြစ်ခဲ့တဲ့ တပ်ကိစ္စကြောင့် စစ်ရှိန် တွေလျော့သွားနိုင်သလား။ တိုးလာနိုင်သလား။

ဗြောက်မဖောက်ရန် တားမြစ်သည့် မန္တလေးမှ ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရ

မန္တလေးမြို့တွင် ဗြောက်မဖောက်ရန် တားမြစ်သည့် ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရသည့်ဖြစ်ရပ်တစ်ခု သီတင်းကျွတ်လပြည့်ညက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
...
သီတင်းကျွတ်လပြည့်ည ၈ နာရီခွဲအချိန်က မန္တလေးမြို့ အမှတ်(၅)ရဲစခန်းမှ နယ်မြေလှည့်ကင်းအဖွဲ့ ကင်းလှည့်စဉ် မန္တလေးမြို့၊ အောင်မြေသာစံ

မြို့နယ်၊ မေဃဂိရိရပ်၊ လမ်း-၂၀၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြား အရောက်တွင် ဗြောက်အိုးပစ်ဖောက်ရန် ကြိုးစားနေသည့် လူငယ်တစ်ဦးအား ဗြောက်မဖောက်ရန် လှည့်ကင်းအဖွဲ့မှ ရဲတပ်ကြပ်ကြီးက တားမြစ်ခဲ့ရာမှ လူငယ်မှ လက်မခံဘဲ ကိုယ်ထိလက်ရောက် ထိုးကြိတ်ကန်ကျောက်မှု ပြုလုပ်ခဲ့ရာ ထိုးကြိတ်ခံရမှုကြောင့် ရဲတပ်ကြပ်ကြီးမှာ ရုတ်တရက် စကားမပြောနိုင်တော့ဘဲ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ တားမြစ်သည်ကို လက်မခံဘဲ ရဲအရာရှိအား ထိုးကြိတ်သူ ပြည့်စုံ (၂၂ နှစ်) မန္တလေးမြို့နေသူအား ပြစ်မှုပုဒ်မ ၂၉၄/၃၃၃ ဖြင့် အမှတ်(၅)ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကြေးနီစီမံကိန်း တင်းမာမှု ပွင့်လင်းမြင်သာမှုဖြင့်သာ ဖြေရှင်းနိုင်မည်

Photo: ကြေးနီစီမံကိန်း တင်းမာမှု ပွင့်လင်းမြင်သာမှုဖြင့်သာ ဖြေရှင်းနိုင်မည်

ဇွဲထက်| November 1, 2012 |

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းတွင် ဖြစ်နေသည့် ပြဿနာများအတွက် ပွင့်လင်းမြင်သာမှုရှိသော “သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်း” (EIA) ဖြင့်သာ ဒေသခံပြည်သူများနှင့် ရင်ကြားစေ့ရေး လုပ်နိုင်မည်ဟု ကျန်းမာရေးဝန်ကြီးဌာနက တရုတ်ဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်တို့သို့ တင်ပြထားကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီလုပ်ကွက်၌ အောက်တိုဘာလ ၂၃ ရက်နေ့က ကျင်းပသည့် မုံရွာကြေးနီ သတ္တုတွင်းစီမံကိန်းနှင့် ပတ်သက်ပြီး ကဏ္ဍစုံ ပါဝင်သော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၊ လုပ်ငန်းခွင် ကျန်းမာရေးဌာန ဒု ညွှန်ကြားရေးမှူး ဦးကြည်လွင်ဦးက “ကုမ္ပဏီတွေ ဘယ်လောက်ကောင်းအောင် ISO တွေရပြီး လုပ်နေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီမှာရှိနေတဲ့ ပြည်သူ လူထုတွေနဲ့ ကြားထဲက ရင်ကြားစေ့ပေးမယ့်ဟာက အဲ့ဒီ ကွာလတီ မဟုတ်ပါဘူး။ တကယ်တမ်း ရင်ကြားစေ့ပေးရမယ့်ဟာက EIA ပါ” ဟု ပြောဆိုခဲ့သည်။

စီမံကိန်းမှထွက်သည့် စွန့်ပစ်၊ ရေ၊ အမှုန့်၊ အက်စစ်များကို နိုင်ငံတကာအဆင့်မီ စစ်ဆေးထားသည် ဆိုသော်လည်း အများပြည်သူ သိရှိရန် တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။

လုပ်သက်အနှစ် ၂၀ ရှိပြီး ယင်းကြေးနီမိုင်းတွင် လုပ်ကိုင်သူ မိုင်းချုပ် ဦးသိန်းထွန်းက “EIA တရားဝင်ထုတ်ပြန်တာ မရှိခဲ့ဘူး။ ကုမ္ပဏီက အရင်တုန်းက အစိုးရနဲ့ တွဲလုပ်ခဲ့တာ၊ ဒါတွေက အစိုးရက တာဝန်ယူရမယ့် အနေအထားတွေရှိတယ်။ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို အမြဲတမ်းထုတ်ပြန် သတင်းပို့တာတွေ ရှိတယ်” ဟု ပြောသည်။

ကြေးနီစီမံကိန်း မိုင်းအဟောင်းနှင့် မိုင်းအသစ်တို့၏ စွန့်ပစ်ပစ္စည်း စုပုံမှု၊ ဦးပိုင် ကုမ္ပဏီ၏ ဆာလဖြူရစ် အက်စစ် စက်ရုံတို့ကြောင့် ဒေသတွင် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများကို ဒေသခံ ရွာသူရွာသားများက အဓိက စိုးရိမ်မကင်း ဖြစ်နေကြကြောင်း မုံရွာပွင့်လင်း လူ့အဖွဲ့အစည်းမှ တာဝန်ခံတဦးက ဆိုသည်။

“အရင် မိုင်းအဟောင်းက တနေ့ကို တန် ၁၀၀ ထုတ်တယ်။ အခု မိုင်းသစ်က တနေ့ကို တန် ၇၀၀ ထိ ထုတ်မှာဆိုတော့ စွန့်ပစ် ဧရိယာက အင်မတန်များလာမှာ” ဟု သူက ဆက်ပြောသည်။

ကြေးစီမံကိန်းနှင့် ပတ်သက်၍ ဆက်တိုက် တင်းမာနေသည့်အတွက် တိုင်းဒေသကြီး သတ္တုတွင်းဝန်ကြီး၊ တိုင်းဒေသကြီး လယ်/ဆည် ၀န်ကြီး၊ ဆရာဝန်တဦး၊ ဦးပိုင်ကုမ္ပဏီမှ ဦးမြင့်အောင် အပါအ၀င် တာဝန်ရှိသူများက စီမံကိန်း ရပ်တန်းရေး လှုပ်ရှားသည့် ဒေသခံများ၊ ဒေသခံရွာ ပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်များ၊ သံဃာတော်များကို တွေ့ဆုံဆွေးနွေးရန် အောက်တိုဘာ ၂၉ ရက်နေ့တွင် ဖိတ်ခေါ်ခဲ့သည်။

ဒေသခံများဘက်က လက်ရှိ ကျေးရွာ ပတ်ဝန်းကျင်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှု ရုပ်သိမ်းရေး၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများနှင့် ကျန်းမာရေး ဘေးသင့်သည့် သောက်သုံးရေ ပြဿနာများတင်ပြကာ ဒေသခံ ပြည်သူများ၏ ဆန္ဒကို လေ့လာပြီး ပြည်ထောင်စု အစိုးရအနေဖြင့် စီမံကိန်း ရပ်တန့်ရေး စဉ်းစားရေး၊ မတရားသိမ်း ပိုက်ခံထားခဲ့ရသည့် ဘိုးဘွားပိုင် လယ်ယာမြေများ ကိစ္စ ပြေလည်ရန် ညှိနှိုင်းဆွေးနွေးရေး စသည်တို့ တင်ပြခဲ့သည်ဟု သိရသည်။

သို့သော် တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူများနှင့် ဦးပိုင်ကုမ္ပဏီ တာဝန်ရှိသူများက စီမံကိန်းကို ပြည်ထောင်စု အစိုးရမှ ရပ်တန့်ခိုင်းမှသာ ရပ်ဆိုင်းနိုင်ပြီး လက်ရှိ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိ၍ စီမံကိန်းကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ဒေသခံ ရဟန်းတော် ဦးနန္ဒစာရက ဧရာဝတီသို့ မိန့်ကြားသည်။

“ဆွေးနွေးမှုက မပြေလည်ခဲ့ဘူး။ ဟိုဘက်ကလည်း စီမံကိန်း ဆက်လုပ်မယ်ပြောတယ်။ ရွာသားတွေကလည်း သောက်ရေကအစ ထိခိုက်နေတာတွေပြောတော့ အဆင်မပြေဘူး” ဟု ဦးနန္ဒစာရက မိန့်သည်။

ဦးပိုင်လီမိတက်မှ ဌာနကြီးမှူး ဦးဝင်းကြည်က တိုင်းဒေသကြီး အစိုးရအနေဖြင့် စီမံကိန်းကြောင့် နစ်နာသည်ဟု ယူဆချက်များအပေါ် အလေးအနက်ထား စီမံခန့်ခွဲနေကြောင်း၊ တိုင်းဒေသကြီး အစိုးရ၏ လမ်းညွှန်ချက်နှင့် အညီ လုပ်ဆောင်နေကြောင်း ပြောသည်။

သဘာဝပေါက်ပင်နှင့် တောရိုင်းတိရစ္ဆာန်များ စစ်တမ်းကောက်ယူရေး အဖွဲ့ဖြစ်သည့် Environment Myanmar Cooperative ကုမ္ပဏီမှ ဒေါက်တာ ၀င်းမောင်က “၀မ်ပေါင်ကုမ္ပဏီသည် လက်ပံတောင် ကြေးနီစီမံကိန်းကို ဆောင်ရွက်တဲ့အခါမှာ အင်တာနေရှင်နယ် ကုမ္ပဏီကြီးအနေနဲ့ လုပ်ပုံလုပ်နည်း EIA, SIA (လူမှုဝန်းကျင် ထိခိုက်မှု စစ်တမ်း) စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သေသေချာချာ လိုက်နာပြီးတော့ စံပယ်တောင်၊ ကြေးစင်တောင်မှာ လုပ်ခဲ့တဲ့ စံအတိုင်းလုပ်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်” ဟု ပြောသည်။

အဆိုပါ ကြေးနီစီမံကိန်းကိစ္စနှင့် ပတ်သက်၍ ဒေသခံရွာသူ ရွာသားများနှင့် တရုတ် ၀မ်ပေါင် ကုမ္ပဏီ၊ ဦးပိုင် ကုမ္ပဏီနှင့် တိုင်းဒေသကြီးအစိုးရတို့အကြား တင်းမာမှုများ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ကြေးနီစီမံကိန်း ရပ်တန့်သည်အထိ ဒေသခံ ရွာသူရွာသားများက ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ သတင်းထောက် လင်းသန့် ပူးပေါင်းရေးသားသည်။

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း (ဓာတ်ပုံ – ဇွဲထက် / ဧရာဝတီ)

အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : ဧရာဝတီ
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းတွင် ဖြစ်နေသည့် ပြဿနာများအတွက် ပွင့်လင်းမြင်သာမှုရှိသော “သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်း” (EIA) ဖြင့်သာ ဒေသခံပြည်သူများနှင့် ရင်ကြားစေ့ရေး လုပ်နိုင်မည်ဟု ကျန်းမာရေးဝန်ကြီးဌာနက တရုတ်ဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်တို့သို့ တင်ပြထားကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီလုပ်ကွက်၌ အောက်တိုဘာလ ၂၃ ရက်နေ့က ကျင်းပသည့် မုံရွာကြေးနီ သတ္တုတွင်းစီမံကိန်းနှင့် ပတ်သက်ပြီး ကဏ္ဍစုံ ပါဝင်သော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၊ လုပ်ငန်းခွင် ကျန်းမာရေးဌာန ဒု ညွှန်ကြားရေးမှူး ဦးကြည်လွင်ဦးက “ကုမ္ပဏီတွေ ဘယ်လောက်ကောင်းအောင် ISO တွေရပြီး လုပ်နေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီမှာရှိနေတဲ့ ပြည်သူ လူထုတွေနဲ့ ကြားထဲက ရင်ကြားစေ့ပေးမယ့်ဟာက အဲ့ဒီ ကွာလတီ မဟုတ်ပါဘူး။ တကယ်တမ်း ရင်ကြားစေ့ပေးရမယ့်ဟာက EIA ပါ” ဟု ပြောဆိုခဲ့သည်။

တူမီး လုပ်သေနတ် ၁၈၀ ရခိုင်အရေးအခင်းတွင် သိမ်းဆည်းရ

Photo: တူမီး လုပ်သေနတ် ၁၈၀ ရခိုင်အရေးအခင်းတွင် သိမ်းဆည်းရ


လွန်ခဲ့သော အပတ်က ဖြစ်ပေါ်ခဲ့သော ရခိုင် ဆူပူမူအတွင်း တူမီး လုပ်သေနတ် ၁၈၀ ခန့်  သိမ်းဆည်း ရမိသည်ဟု နိုင်ငံတော် သမ္မတ ညွှန်ကြားရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီး သိမ်းဆည်းရမိသော သေနတ်များမှာ ဒေသလုပ် တူမီး ယမ်းထောင်း အမျိုးအစားများ ဖြစ်သည်ဟု ဆိုသည်။

ဒေသခံများသည် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူများ ဖြစ်ပွားပြီးနောက် ဒေသအတွင်း သေနတ် လုပ်တတ်သူများဖြင့် အဆိုပါ လက်လုပ်သေနတ်များကို ပြုလုပ်ခဲ့ကာ များမကြာခင်က ဖြစ်ပွားခဲ့သော နှစ်ဘက် တိုက်ခိုက်မူများ တွင် အသုံးပြုခဲ့ကြသည်ဟု သိရသည်။

ယခုအခါ စစ်တွေမြို့ အပါအ၀င် မြို့တိုင်းတွင် သံထည်ဆိုင်များကို အာဏာပိုင်များက အနီးကပ် စောင့်ကြည့်နေပြီး စစ်တွေတွင်မူ သံထည် အရောင်းဆိုင် တချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှောင်တခင် ၀င်ရောက် စစ်ဆေးမူများ ပြုလုပ်ခဲ့သည်ဟု စစ်တွေ မြို့နယ်  ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောသည်။

“ ဟုတ်တယ်။ လွန်ခဲ့သော ရက်အနည်းငယ် သံထည် ပစ္စည်းတွေ ရောင်းတဲ့ ဆိုင် သုံးလေးဆိုင်ကို စစ်တွေမှာ အာဏာပိုင်တွေက ၀င်ရောက် စစ်ဆေးတာကို တွေ့ရတယ်။ အဓိကတော့ သံပိုက်လုံးတွေနဲ့  လက်နက်လုပ်တဲ့ သံထည်တွေကို ၀င်ရောက် စစ်ဆေးတာ ဖြစ်တယ်လို့ သိရတယ်။ ဖမ်းဆီး အရေးယူတာတော့ မရှိဘူး” ဟု သူက ဆိုသည်။

ဇွန်လအရေးအခင်း ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ် အတွင်း ဓါး၊လှံနှင့် တူမီး ယမ်းထောင်သေနတ်များ ပြုလုပ်ရာတွင် အသုံးပြုသော သံပိုက်လုံးများကို ၀ယ်ယူသူ များပြားခဲ့ပြီး ယခုအခါ သံထည်ဆိုင်များမှ သံထည်များကို အကန့်အသတ်များဖြင့် ရောင်းချနေကြရသည်ဟု သိရသည်။

ယခုအချိန်ထိ ရခိုင်ပြည်နယ် ကျေးလက် တောရွာများတွင် စစ်တပ်မှ လုပ်သေနတ် တူမီးများကို လိုက်လံ ရှာဖွေ သိမ်းဆည်းနေပြီး တူမီးသေနတ်များရှိသည်ဟု စွပ်စွဲကာ ကျေးရွာများမှ ငွေကောက်ခံနေသည်ဟုလည်း သတင်း ရရှိသည်။

ပြည်တွင်းမှ သတင်းဌာန တစ်ခု ဖြစ်သော Rakhine Straight Views ဖေါ်ပြသော သတင်း တစ်ခုတွင်  အောက်တိုဘာလ ၂၈ ရက်နေ့က  ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ခမရ (၃၇၅) တပ်ရင်းမှ ဗိုလ်ကြီး သက်နိုင်မောင်နှင့် တပ်သားအချို့သည် ရခိုင်ကျေးရွာများ ဖြစ်ကြသော ဆင်အိုးချေ ကျေးရွာမှ ၅၀၀၀၀ ကျပ် ၊ ဆင်အိုးချေ ရွာသစ်မှ ၃၀၀၀၀ ကျပ်၊ ဗျာလ္လကျေးရွာမှ ၃၀၀၀၀ ကျပ်၊ ပိုက်ဆိုက်ကျေးရွာမှ ၅၀၀၀၀  ကျပ်တို့ကို တူမီး သေနတ်ရှိသည်ဟု စွပ်စွဲကာ အသီးသီး ကောက်ယူခဲ့သည်ဟု ဖေါ်ပြသည်။

မြောက်ဦးမြို့နယ်တွင်သာမက ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်တို့တွင်လည်း စစ်တပ်က လုပ်သေနတ်များ ရှိသည်ဟု အကြောင်းပြကာ ကျေးရွာ အလိုက် ခြိမ်းခြောက်ငွေတောင်းမူများ ပေါ်ပေါက်နေကြောင်း သိရသည်။

များမကြာမှီ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ရခိုင်အရေးအခင်းတွင် ရခိုင်ဘက်မှ သေဆုံးသူ အများစုမှာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်မူကြောင့် သေဆုံးခဲ့ကြရပြီး ကျောက်တော်မြို့နယ် တောင်ဘွေ ကျေးရွာ တစ်ခုတည်းတွင် ၄ ဦး ပွဲချင်းပီး သေဆုံးကာ ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖြစ်ပွားခဲ့သော အရေးအခင်းအတွင်း သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦးနှင့် လူနေအိမ် ၅၃၅၁ လုံး မီးရှို့ခံရပြီး လူပေါင်း၃၂၂၃၁ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ စာရင်းမှာ သမ္မတ ညွှန်ကြားရေးမှူးရုံးက အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ထုတ်ပြန်သောစာရင်း ဖြစ်သည်။

အေးချမ်းမွန်မှ Narinjara တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara
လွန်ခဲ့သော အပတ်က ဖြစ်ပေါ်ခဲ့သော ရခိုင် ဆူပူမူအတွင်း တူမီး လုပ်သေနတ် ၁၈၀ ခန့် သိမ်းဆည်း ရမိသည်ဟု နိုင်ငံတော် သမ္မတ ညွှန်ကြားရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီး သိမ်းဆည်းရမိသော သေနတ်များမှာ ဒေသလုပ် တူမီး ယမ်းထောင်း အမျိုးအစားများ ဖြစ်သည်ဟု ဆိုသည်။

ဒေသခံများသည် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူများ ဖြစ်ပွားပြီးနောက် ဒေသအတွင်း သေနတ် လုပ်တတ်သူများဖြင့် အဆိုပါ လက်လုပ်သေနတ်များကို ပြုလုပ်ခဲ့ကာ များမကြာခင်က ဖြစ်ပွားခဲ့သော နှစ်ဘက် တိုက်ခိုက်မူများ တွင် အသုံးပြုခဲ့ကြသည်ဟု သိရသည်။

မလေးသွားခိုးလှေနစ်၊ ပျောက်ဆုံးနေသူများ ၁၂၀ ကျော် ယခုတိုင် ရှာမတွေ့သေး

Photo: မလေးသွားခိုးလှေနစ်၊ ပျောက်ဆုံးနေသူများ ၁၂၀ ကျော် ယခုတိုင် ရှာမတွေ့သေး


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့နယ် ဆားပြင်ကျေးရွာကနေ မလေးမှာ အလုပ်သွားလုပ်မယ့် လူပေါင်း ၁၃၀ ကျော်ကို တင်ဆောင်ပြီး ခုတ်မောင်းလာတဲ့ စက်လှေ တစ်စီးဟာ ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ အတွက် လူ ၁၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ဒေသအတွင်းက သတင်းမှာရော၊ ဒေသခံ ပြည်သူတွေကပါ ပြောကြပါတယ်။

ဒါပေမယ့်လည်း ပျောက်ဆုံးနေတဲ့သူ အလောင်းတစ်လောင်းကိုမှ ယခုအချိန်ထိ ရေထဲက ရှာဖွေတွေ့ရှိတာ မရှိသေးဘူးလို့ ရခိုင်အခေါ် အုန်းကျွန်း (ဘင်္ဂလီ အခေါ် စိန့်မာတင်ကျွန်း)မှ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ စက်လှေနစ်တာက ကုရင်ဘင်နီ အိဒ်ပွဲ အပြီးမှာ နစ်တာပါ။ ၆ ယောက်ဘဲ အသက်ရှင်တယ်။ ကျန်တဲ့ ၁၂၆ ယောက်က ခုအချိန်ထိ ရှာဖွေ မတွေ့သေဘူး။ စက်လှေ နစ်တာက အုန်းကျွန်းတောင်ဘက် ၅ မိုင်ခန့် အကွာမှာ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

လူတင်လာတဲ့ စက်လှေဟာ မောင်တောမြို့နဲ့ တဘက်တကမ်း ဘင်္ဂလာဘက်ခြမ်း နတ်မြစ်အတွင်းကနေ ထွက်ခွာလာရာမှာ အိုဟောင်းနေတာကြောင့် တင်ဆောင်လာတဲ့ လူရဲ့ အလေးချိန်ကို မခံနိုင်ဘဲ ရုတ်တရက် နစ်မြုပ်သွားတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့က မွတ်ဆလင် ဘာသာဝင်တို့၏ အိဒ်ပွဲတော် ဖြစ်ပါတယ်။ အဲဒီး ပွဲတော် အပြီး မလေးရှားသို့ ခိုးထွက်စဉ်မှာ အဆိုပါ လှေမှာ နစ်မြုပ်သွားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ ဘင်္ဂလာရေတပ်ကတော့ ရှာဖွေနေပါတယ်။ ဒီကနေ့ထိ တစ်ယောက်ကိုမှ ရှာဖွေ တွေ့ရှိတာ မရှိသေးဘူး။ ကျွန်းတွေကို ကပ်လာတာလည်း မတွေ့ရပါဘူး” လို့သူက ဆိုပါတယ်။

လှေပေါ်မှာ လိုက်ပါသွားတဲ့ သူတွေဟာ မြန်မာနဲ့ ဘင်္ဂလာဒေခ်ျ့ ဘက်က လူတွေ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ မြန်မာနိုင်ငံသားတွေကတော့ မွတ်ဆလင်တွေ ဖြစ်ကြပြီး သူတို့ဟာ ဘင်္ဂလာဒေခ်ျ့ကို အခုမှ ရောက်တာလား၊ မဟုတ်ရင် အရင်ကတည်းက ရောက်နေတာလားဆိုတာကိုတော့ သဲကွဲစွာ မသိရသေးပါဘူး။

တက်ကနက်မြို့နယ် ရဲစခန်းမှူး မူဟာမတ် ဖါဟေကလည်း ခုလို မလေးသွားတဲ့ ခိုးလှေ တနင်္ဂနွေနေ့က နစ်သွားတာကို အတည်ပြု ပြောကြားပေမယ့် အသေးစိတ်တော့ ပြောကြားတာ မရှိပါဘူး။

အခုလို မိုးအကုန် ဆောင်းအကူး အထူး သဖြင့် လသာသော ညဉ့်များတွင် လရောင်ကို အမှီပြုကာ ဘင်္ဂလာဒေခ်ျ့မှ အလုပ်သွားလုပ်လိုသူတွေဟာ မလေးရှားသို့ ခိုးလှေများနဲ့ ထွက်ခွာ သွားလေ့ ရှိတတ်ကြပါတယ်။ အဲသလို သွားတဲ့ နေရာမှာ မလေးးကို ရောက်သွားတဲ့ သူတွေလည်း ရှိသလို ဘုတ်ပျက်ပြီး သေသွားတဲ့သူတွေလည်း ရှိပါတယ်။ ဒါ့အပြင် အိန္ဒိယ၊ မြန်မာ၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကိုလည်း ရောက်သွားတာတွေ ရှိတယ်လို့ သိရပါတယ်။

အေးချမ်းမွန်မှ Narinjara  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့နယ် ဆားပြင်ကျေးရွာကနေ မလေးမှာ အလုပ်သွားလုပ်မယ့် လူပေါင်း ၁၃၀ ကျော်ကို တင်ဆောင်ပြီး ခုတ်မောင်းလာတဲ့ စက်လှေ တစ်စီးဟာ ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ အတွက် လူ ၁၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ဒေသအတွင်းက သတင်းမှာရော၊ ဒေသခံ ပြည်သူတွေကပါ ပြောကြပါတယ်။

ဒါပေမယ့်လည်း ပျောက်ဆုံးနေတဲ့သူ အလောင်းတစ်လောင်းကိုမှ ယခုအချိန်ထိ ရေထဲက ရှာဖွေတွေ့ရှိတာ မရှိသေးဘူးလို့ ရခိုင်အခေါ် အုန်းကျွန်း (ဘင်္ဂလီ အခေါ် စိန့်မာတင်ကျွန်း)မှ ဒေသခံ တစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်ဆူပူမှု နောက်ကွယ်ကကြိုးကိုင်သူတွေကို အရေးယူမည်

Photo: ရခိုင်ပြည်နယ်ဆူပူမှု နောက်ကွယ်ကကြိုးကိုင်သူတွေကို အရေးယူမည်

ကိုဝင်းမင်း
31.10.2012

ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှု ပဋိပက္ခတွေရဲ့နောက်ကွယ်ကနေ ကြိုးကိုင်နေသူတွေရဲ့ အထောက်အထားတွေ ရထားပြီးတော့ ဒါကို စတင်အရေးယူတော့မယ်လို့ မြန်မာသမ္မတရုံးက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက် ၂/၂၀၁၂ ကပဲ ဒီတခေါက်ပြန်ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုထဲမှာ ဒေသန္တရလက်နက်တွေနဲ့အတူ အချိန်ကိုက် ကြိုတင်စီစဉ်ခဲ့တာတွေ တွေ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ အသေးစိတ်ကိုတော့ ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

အောက်တိုဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ သမ္မတရုံးကြေညာချက်ထဲက အဓိက အရေးအကြီးဆုံးကြေညာချက်ကို မေးရာမှာ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက အရင်ကြေညာချက်နဲ့ကွာပုံကို အခုလို ရှင်းပြပါတယ်။

“အခု နောက်ဆုံးအပိုဒ်မှာတော့ ကျနော်တို့က အရေးယူမယ်လို့တောင် ပြောထားတာ၊….”

ဒါ့အပြင် ဒီကြေညာချက်ထဲမှာ နောက်ထပ် အရေးကြီးတဲ့အချက်ကို မေးရာမှာလည်း ဦးဇော်ဌေး က နောက်ကွယ်ကနေ အချိန်ကိုက် ကြိုတင်စီစဉ်ခဲ့တဲ့ အထောက်အထားတွေ တွေ့ထားရတာ ကို ပြောထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“အပိုဒ်လေးမှာ ကျနော်တို့ ဖော်ပြထားတယ်၊ လူစုလူဝေးနဲ့ ခြိမ်းခြောက်တာ၊ အကြမ်းဖက်တာ၊ တိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတဲ့ကိစ္စတွေမှာ ကြိုတင်ပြင်ဆင်တာတွေ၊ အသေးစိတ် စီစဉ် တာတွေ၊ ဒေသန္တရလုပ် လက်နက်တွေနဲ့ ခြိမ်းခြောက်တာ၊ ဆူပူအောင်လှုပ်ရှားတာတွေ- အဲဒါတွေ တွေ့ရတဲ့အပြင် နောက်ထပ် တခြားသောအဖွဲ့အစည်းတွေကလည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေ တွေ့တယ်ဆိုတာ ဖော်ပြထားပါတယ်။”

ဒါ့အပြင် လက်နက်တွေ ပါလာတဲ့ အထောက်အထား အသေးစိတ်ကိုလည်း ဦးဇော်ဌေးကပဲ အခုလို ဆက်ပြောပြီး ဒီအကြမ်းဖက်သူတွေကို စပြီး အရေးယူနေပြီလို့ ဆိုပါတယ်။

“အပိုဒ် (၃) မှာ လက်နက် အားလုံးပေါင်း ၁၈၀ သိမ်းမိတဲ့အခါမှာ သက်သေခံ ပစ္စည်း အထောက်အထားတွေလည်း ဖမ်းဆီးရမိထားတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ အရေးယူဖို့ ဆောင်ရွက်နေတယ်။”

အဲဒီတော့ လက်ရှိ အရေးယူထားတဲ့သူတွေ ရှိနေပြီလားဆိုတာ မေးရာမှာ ဦးဇော်ဌေးက -

“အခုလက်ရှိ အရေးယူ၊ ဖမ်းဆီးထားတာတွေ ရှိတယ်။ အထောက်အထားတွေအရ ထိန်းသိမ်းထား တာတွေ ရှိတယ်။ အတိအကျတော့ မမှတ်မိဘူးဗျ။ ပြီးခဲ့တဲ့ တခုမှာကောဆိုရင် ဖမ်းထားတဲ့လူတွေ၊ အခု ဖြစ်စဉ်အရဆိုရင် ဆက်ပြီးတော့ သက်သေခိုင်လုံတယ်ဆိုရင် ဖမ်းတာဆီးတာတွေ ရှိလာမယ် ဆိုတာ ဒီကြေညာချက်အရ သိနိုင်ပါတယ်။”

တချိန်တည်းမှာ မကြာခင်ရက်ပိုင်းအတွင်းက မြန်မာအစိုးရပိုင် သတင်းစာတွေထဲမှာလည်း အခုလို သံသယရှိလို့ ဖမ်းဆီးထားတဲ့သူ ၁,၀၀၀ ကျော် ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီတခေါက် အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာရတဲ့အကြောင်းရင်းကို မေးရာမှာ ဦးဇော်ဌေးက-

“မီးခဲပြာဖုံးဖြစ်နေတဲ့ အနေအထားမှာ နောက်ကွယ်က အစတစဖြစ်လိုက်တာနဲ့ စလောင်သွားတဲ့ သဘောပါ။”

အဲဒီတော့ အခုလို အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာပြီး တစုံတရာ စထိန်းလာနိုင်ချိန်မှာ နောက်တခေါက် ထပ်မဖြစ်ရအောင် ဘာတွေလုပ်ဖို့ လိုပါလဲလို့ မေးရာမှာတော့ ဘက်ပေါင်းစုံကနေ ဝိုင်းလုပ်ဖို့ လိုတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

“ဒါကတော့ ကျနော်တို့အမြင်မှာတော့  ၂ လမ်းရှိတယ်။  သီးခြား လွတ်လပ်တဲ့ကော်မရှင်ကနေ သမ္မတကြီးဆီ တင်ပြထားတဲ့ အစီရင်ခံစာရှိတယ်။ အဲဒီအစီရင်ခံစာမှာ အကြံပြုတင်ပြချက်၊ အရေးကြီးတဲ့ အချက်ကတော့ ရှိပါတယ်။ အဲဒီတော့ လောလောဆယ် ရခိုင်ပြည်နယ်တခုလုံးကို တည်ငြိမ်သွားတဲ့အခြေအနေကိုရအောင်လုပ်ဖို့ဆိုရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အင်အားတိုးမြှင့်တာ ရယ်၊ လုံခြုံရေးအဆင့်အတန်းတိုးမြှင့်တာရယ်က ဆက်ပြီးတော့ အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားရမယ် လို့ မှန်းပါတယ်။ နောက်တခုက ခုနကလို သွေးထိုး လှုံ့ဆော်တဲ့ နောက်ကွယ်က ကြိုးကိုင်တဲ့ အဖွဲ့အစည်းတွေကို ဖော်ထုတ်တာလည်း တချိန်တည်းလုပ်ရပါလိမ့်မယ်။ တချိန်တည်းမှာပဲ ဘေးသင့် တဲ့ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့တာတွေ၊ အမိုးအကာတွေနဲ့ ပုံမှန်အနေအထား ကို ပြန်ရောက်ဖို့ ကြိုးပမ်းတာကလည်း တချိန်တည်းလုပ်သွားရမှာပါ။ အဲဒီတော့ ဒီ Process ကြီးကတော့ အကြီးကြီးပါ။”

ပြီးခဲ့တဲ့ ဂျွန်လမှာ ရခိုင်အမျိုးသမီးငယ်တစ်ဦးကို မူဆလင်သုံးဦးက အဓမ္မကျင့်ခဲ့ပြီးတဲ့နောက် စဖြစ် လာခဲ့တဲ့ အကြမ်းဖက်မှုတွေအပြီး ပြီးခဲ့တဲ့နှစ်ပတ်မှာ တကျော့ပြန်ဖြစ်လာခဲ့တဲ့ အကြမ်းဖက် မှုတွေကြောင့် လူပေါင်တရာနီးပါး သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရကာ အိမ်ပေါင်း ၅ ထောင်ကျော် မီးလောင်ပျက်စီးခဲ့သလို လူဦးရေစုစုပေါင်း ၃ သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ တယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ ကြေညာခဲ့ပါတယ်ခင်ဗျာ။

အေးချမ်းမွန်မှ VOA တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :VOA
ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှု ပဋိပက္ခတွေရဲ့နောက်ကွယ်ကနေ ကြိုးကိုင်နေသူတွေရဲ့ အထောက်အထားတွေ ရထားပြီးတော့ ဒါကို စတင်အရေးယူတော့မယ်လို့ မြန်မာသမ္မတရုံးက ဒီကနေ့
ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက် ၂/၂၀၁၂ ကပဲ ဒီတခေါက်ပြန်ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုထဲမှာ ဒေသန္တရလက်နက်တွေနဲ့အတူ အချိန်ကိုက် ကြိုတင်စီစဉ်ခဲ့တာတွေ တွေ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ အသေးစိတ်ကိုတော့ ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

အောက်တိုဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ သမ္မတရုံးကြေညာချက်ထဲက အဓိက အရေးအကြီးဆုံးကြေညာချက်ကို မေးရာမှာ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက အရင်ကြေညာချက်နဲ့ကွာပုံကို အခုလို ရှင်းပြပါတယ်။

ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တပ်မတော်ခေါင်းဆောင်များ၌လည်း အဓိကတာဝန်ရှိဟု UNA ပြော

Photo: ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တပ်မတော်ခေါင်းဆောင်များ၌လည်း အဓိကတာဝန်ရှိဟု UNA ပြော

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 31 ရက် 2012 ခုနှစ် 

ရဲမွန် – ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာ၌ တပ်မတော် အကြီးအကဲများသည်လည်း အဓိက တာဝန်ရှိသူများ ဖြစ်သည်ဟုဆိုပြီး လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရာတွင် ပူးပေါင်း ပါဝင်သွားရန် လိုကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က အောက်တိုဘာ ၂၈ ရက် တနင်္ဂနွေနေ့တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

“သမ္မတကြီး ဦးဆောင်သော အစိုးရအဖွဲ့နှင့် တပ်မတော် ခေါင်းဆောင်ကြီးများသည် တိုင်းပြည်၏ စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အဓိက တာဝန်ရှိသူများ ဖြစ်သည့်အတွက် လက်ရှိ ကချင်ပြည်နယ် စစ်ပွဲများ အပါအဝင် လက်နက်ကိုင် ပဋိပက္ခများကို အမြန်ဆုံး ရပ်စဲရန်နှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမြန်ဆုံး ထုတ်ပြန်ကြေညာပေးရန် လိုအပ်နေပါသည်” ဟု အဖွဲ့ဝင် ၅ ဖွဲ့ ပါဝင်သည့် UNA ၏ သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် နိုင်ငံတော် သမတ ဦးဆောင်သည့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အနေနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နေသည်ဟု ဆိုသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပြည့်အဝ မအောင်မြင်ခြင်း၏ အကြောင်းမှာ တပ်မတော်ခေါင်းဆောင်များ ပါဝင်မှု အားနည်းခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

“အခုသမ္မတကြီးရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်ဟာ လုပ်လိုက် သေနတ်သံတွေ ထွက်လိုက် ဖြစ်နေတယ်၊ တကယ်လို့ တပ်မတော်ကလည်း ပါလာမယ် ဆိုရင် ဒီငြိမ်းချမ်းရေးဟာ ပိုပြီးတော့ ခိုင်မြဲလာနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်၊ ဒါ့ကြောင့် တပ်မတော်ကနေ တတပ်တအား ပါဝင်ဖို့ ကျနော်တို့ တိုက်တွန်းလိုတယ်” ဟု UNA အဖွဲ့ဝင် ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့် ရှိသူ စိုင်းလိတ် က ပြောသည်။

ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် နှစ်ဦးနှစ်ဘက်ကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန်နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝ ရှိရန်လည်း လိုအပ်ကြောင်းကို UNA က အကြံပြုထားသည်။

စိုင်းလိတ်က “ဘယ်တပ် အဖွဲ့အစည်းမဆို ငြိမ်းချမ်းရေး လိုချင်ကြတာပဲ၊ ဒါပေမဲ့ သူတို့အတွက် အာမခံချက် ပေးနိုင်မယ့် နိုင်ငံရေး ပလက်ဖောင်းတခု၊ နိုင်ငံရေး စကားဝိုင်းတခုကို ဖန်တီးပေးပြီး၊ နှစ်ဦးနှစ်ဖက် တရားမျှတစွာ ဖြေရှင်းမှသာလျှင် အောင်မြင်နိုင်မယ်လို့ ကျနော်တို့ ရှုမြင်တယ်” ဟု ဆက်ပြောသည်။

ထိုထုတ်ပြန်ကြေညာချက်ကို သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများသို့ အီးမေးလ်မှတဆင့် ပို့ထားသည်ဟု သိရသည်။

၎င်းပြင် ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာသည် နိုင်ငံတော် ဖွဲ့စည်းပုံ ဥပဒေ၏ မပြည့်စုံချက်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုပြီး ပြည်တွင်း ငြိမ်းချမ်းရေးမှတဆင့် တိုင်းရင်းသား ပေါင်းစုံ ပါဝင်သည့် ညီလာခံတရပ် ကျင်းပသင့်သည်ဟုလည်း ဆိုသည်။

“တိုင်းရင်းသားတွေ ခေတ်အဆက်ဆက် တောင်းဆိုလာတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှခွင့်နဲ့ သူတို့ရဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ အချက်တွေ အားလုံးဟာ အဓိက အရင်းအမြစ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ပုံစံ မကျမှုကြောင့်ပဲ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသာလျှင် တိုင်းရင်းသားအားလုံးရဲ့ လိုအပ်ချက် တိုင်းရင်းသား အားလုံးရဲ့ ဆန္ဒကို အာမခံ ပေးနိုင်တယ်၊ ကိုယ်စားပြုနိုင်တယ် ဆိုရင် ဒီတိုင်းရင်းသား ပြဿနာဟာ အလိုလို ပြေလည်သွားမှာပဲ” ဟု စိုင်းလိတ်က ပြောသည်။

၎င်းပြင် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် သမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုများ အားလုံး အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်တွင် ပါဝင်ရန်နှင့် အမြန်ဆုံး အကောင်အထည်ဖော်ရန်လည်း UNA က တောင်းဆိုထားသည်။

UNA မဟာမိတ်အဖွဲ့ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းတွင် ရွေးကောက်ပွဲဝင် တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။ လက်ရှိတွင် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ ၅ ဖွဲ့သာ ကျန်ရှိပြီး လေ့လာဆဲ မဟာမိတ်ပါတီ ၃ ခု ရှိကြောင်း သိရသည်။

UNA ထုတ်ပြန်ချက်

အေးချမ်းမွန်မှ  လွတ်လပ်သော မွန်သတင်းအေဂျင်စီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : လွတ်လပ်သော မွန်သတင်းအေဂျင်စီ
ရဲမွန် – ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာ၌ တပ်မတော် အကြီးအကဲများသည်လည်း အဓိက တာဝန်ရှိသူများ ဖြစ်သည်ဟုဆိုပြီး လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရာတွင် ပူးပေါင်း ပါဝင်သွားရန် လိုကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က အောက်တိုဘာ ၂၈ ရက် တနင်္ဂနွေနေ့တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

“သမ္မတကြီး ဦးဆောင်သော အစိုးရအဖွဲ့နှင့် တပ်မတော် ခေါင်းဆောင်ကြီးများသည် တိုင်းပြည်၏ စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အဓိက တာဝန်ရှိသူများ ဖြစ်သည့်အတွက် လက်ရှိ ကချင်ပြည်နယ် စစ်ပွဲများ အပါအဝင် လက်နက်ကိုင် ပဋိပက္ခများကို အမြန်ဆုံး ရပ်စဲရန်နှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမြန်ဆုံး ထုတ်ပြန်ကြေညာပေးရန် လိုအပ်နေပါသည်” ဟု အဖွဲ့ဝင် ၅ ဖွဲ့ ပါဝင်သည့် UNA ၏ သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်ခိုင်ဖြိုး ပါတီ ညီလာခံ အလံပြောင်းပြန် လွှင့်ထူမှု ဥပဒေနှင့်ငြိစွန်း

Photo: ‎ပြည်ခိုင်ဖြိုး ပါတီ ညီလာခံ အလံပြောင်းပြန် လွှင့်ထူမှု ဥပဒေနှင့်ငြိစွန်း

31 OCTOBER 2012  

ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ သမ္မတဦး သိန်းစိန် တက်ရောက် ခဲ့သော အောက် တိုဘာ ၁၄ရက်နေ့တွင် ကျင်းပသည့် ပြည်ခိုင်ဖြိုးပါတီ ညီလာခံဖွင့်ပွဲတွင် အလံ ပြောင်းပြန်လွှင့်ထားမှုမှာ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၁ ရက်နေ့ တွင်ပြဋ္ဌာန်းခဲ့သော နိုင်ငံတော်အလံ ဥပဒေပါ အချက်အလက်များနှင့် ငြိစွန်း နေ၍ တရားဥပဒေ အရအရေးယူနိုင် ကြောင်း ဝါရင့်ရှေ့နေကြီးများက သုံး သပ်ပြောကြားသည်။
ယင်းကဲ့သို့ အာဏာရပါတီ၏ အ ကြီးကျယ်ဆုံးသော ညီလာခံကြီးတွင် အလံပြောင်းပြန်လွှင့်ထူမှုနှင့် ပတ်သက် ၍ ပြည်သူလူထုအကြား လာမည့် ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအ တွက် ယတြာချေခြင်းဖြစ်နိုင်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုများရှိနေ သော်လည်း ပါတီဗဟို အလုပ်အမှု ဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ သူရ ဦးအေးမြင့်က " ယတြာချေတာမဟုတ် ပါဘူး၊ ဖျော်ဖြေရေးအဖွဲ့က ကလေး တွေ လွှဲပြီးလုပ်တာပါ၊ပိတ်ခိုင်းတာ မရ တော့ဘူးဖြစ်သွားလို့ပါ။ ပွဲပြီးမှ သတိ ထားမိတယ်။ သူတို့ကလည်း ထွက် နေပြီ၊ သူတို့ရဲ့အမှားပါ၊ ဘာမှမဟုတ် ပါဘူး၊ စိတ်ထဲက လုပ်ချင်လို့လုပ်တာ မဟုတ်ပါဘူး၊ မထင်မှတ်ပဲမှားတဲ့အမှား ပါ၊ သူတို့မှားတာလို့ ယူဆကြတယ်၊ ယတြာချေတာမဟုတ်လောက်ပါဘူး" ဟု လူထုပုံရိပ်၏ မေးမြန်းမှုအပေါ် ဖြေ ဆိုထားသည်။ "ဥပဒေမှာ မတော်တဆဆိုတာ မရှိဘူး၊ ဒါက ဥပဒေပုဒ်မ ၁၃ နဲ့ ငြိတယ်။ ပြည်ခိုင်ဖြိုးပါတီ ညီလာခံ ဖွင့်ပွဲမှာ အလံကို ပြောင်းပြန်ဖြစ်နေတာ နိုင်ငံတော်အလံကို မလေးမစားလုပ် တာပဲ၊ ခေါင်းကမိုးလုံမှ ရေစီးရတာက လည်း အဆင်ပြေမယ်၊ ဒါကြောင့် နိုင်ငံ တော်အကြီးအကဲတွေက ဥပဒေကို လေးစားလိုက်နာသင့်တယ်၊ ဒီအခမ်း အနားကို တာဝန်ယူကျင်းပတဲ့သူ ဦး ဆောင်လုပ်ကိုင်တဲ့အဖွဲ့မှာ တာဝန်ရှိ တယ်။ကြီးကြပ်ရမဲ့တာဝန်ရှိတယ်"ဟု ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က အလံ ပြောင်းပြန် လွှင့်ထူထားသည့်အပေါ် ပြောဆိုသည်။ မိမိတို့နိုင်ငံတွင် အလံ ဥပဒေရှိ၍ မည်သည့်အဖွဲ့အစည်း မည် သည့်ပုဂ္ဂိုလ်မဆို ယင်းဥပဒေအတိုင်း လိုက်နာရန်လိုအပ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ကော့ကရိတ်ဦးသိန်း ညွန့်က သုံးသပ်ပြောကြားခဲ့သည်။
" ဒါက မတော်တဆဖြစ်တာ ဖြစ် နိုင်တယ်၊ မလေးမစားလုပ်ရင်တော့ အပြစ်ရှိတယ်"ဟု ရှေ့နေ မောင်ကိုနီ က ပြောသည်။ အမှတ်တမဲ့ဖြစ်သွားနိုင်ကောင်း ဖြစ်သွားနိုင်သော်လည်း တစ်ယောက် တည်းလုပ်ရသည့်အရာ မဟုတ်၍၊ အလံ အားဝိုင်းတင်စဉ်ကပင် ကြည့်ရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော် အလံ သည် အရေးကြီးသောအရာဖြစ်၍ ပေါ့လျော့မှုမရှိသင့်ကြောင်း၊ သဘောရိုး နှင့် တစ်ဖက်မှမှားသော်လည်း အခမ်း အနားပြုလုပ်သူများအပေါ်တွင် တာဝန် ရှိကြောင်း၊ တမင်လုပ်ယူပါက အရေး ယူရကြောင်း၊ ယခုကိစ္စသည် အထူး သတိထားရမည်ဖြစ်၍ မဖြစ်သင့် ကြောင်း ဗဟိုဥပဒေ အထောက်အကူ အဖွဲ့မှ ရှေ့နေဦးအောင် သိန်းက သုံး သပ်ပြောဆိုထားသည်။ နိုင်ငံတော်အလံအား မလေးမစား ပြုလုပ်ခဲ့သည့်အတွက် မြန်မာပြည်တွင် ပြစ်ဒဏ်များကျခံခဲ့ရသည့် သာဓက များစွာရှိခဲ့ကြောင်း၊ ၁၉၈၆ ခုနှစ်တွင် အစိုးရဌာနမှ အရာရှိတစ်ဦး နိုင်ငံတော် အလံဖြင့် စားပွဲအား ဖုန်သုတ်ခဲ့သည့် အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ကျခံခဲ့ရပြီး ၁၉၆၈ ခုနှစ် အာဇာနည်နေ့ တွင်အမှတ် ၃၂၉ ဗိုလ်ချုပ် အောင် ဆန်းလမ်းတွင် နေထိုင်သူ တစ်ဦး အလံအား ဇောက်ထိုးလွှင့်ထူ ခဲ့သော ကြောင့် ထောင်ဒဏ် ၂၁ ရက် ကျခံခဲ့ရ ကြောင်း ရှေ့နေဦးခင်ဇော် (မရမ်းကုန်း) က ဆိုသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ၂၀၁၀ ပြည့်နှစ် ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်များ နှင့် ကြေညာချက်များစာအုပ်တွင် နိုင်ငံတော်အလံနှင့်ပတ်သက်၍ ပုဒ်မ ၁၃၊ ၁၄၊ ၁၅ စသည်ဖြင့် ပြဌာန်း ထားပြီး ထိုပုဒ်မတို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပို သော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟုဖော်ပြပါရှိ သည်။ 

အေးချမ်းမွန်မှ THE PUBLIC IMAGE တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :THE PUBLIC IMAGE‎
ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ သမ္မတဦး သိန်းစိန် တက်ရောက် ခဲ့သော အောက် တိုဘာ ၁၄ရက်နေ့တွင် ကျင်းပသည့် ပြည်ခိုင်ဖြိုးပါတီ ညီလာခံဖွင့်ပွဲတွင် အလံ ပြောင်းပြန်လွှင့်ထားမှုမှာ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၁ ရက်နေ့ တွင်ပြဋ္ဌာန်းခဲ့သော နိုင်ငံတော်အလံ ဥပဒေပါ အချက်အလက်များနှင့် ငြိစွန်း နေ၍ တရားဥပဒေ အရအရေးယူနိုင် ကြောင်း ဝါရင့်ရှေ့နေကြီးများက သုံး သပ်ပြောကြားသည်။
ယင်းကဲ့သို့ အာဏာရပါတီ၏ အ ကြီးကျယ်ဆုံးသော ညီလာခံကြီးတွင် အလံပြောင်းပြန်လွှင့်ထူမှုနှင့် ပတ်သက် ၍ ပြည်သူလူထုအကြား လာမည့် ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအ တွက် ယတြာချေခြင်းဖြစ်နိုင်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုများရှိနေ သော်လည်း ပါတီဗဟို အလုပ်အမှု ဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ သူရ ဦးအေးမြင့်က " ယတြာချေတာမဟုတ် ပါဘူး၊ ဖျော်ဖြေရေးအဖွဲ့က ကလေး တွေ လွှဲပြီးလုပ်တာပါ၊ပိတ်ခိုင်းတာ မရ တော့ဘူးဖြစ်သွားလို့ပါ။ ပွဲပြီးမှ သတိ ထားမိတယ်။ သူတို့ကလည်း ထွက် နေပြီ၊ သူတို့ရဲ့အမှားပါ၊ ဘာမှမဟုတ် ပါဘူး၊ စိတ်ထဲက လုပ်ချင်လို့လုပ်တာ မဟုတ်ပါဘူး၊ မထင်မှတ်ပဲမှားတဲ့အမှား ပါ၊ သူတို့မှားတာလို့ ယူဆကြတယ်၊ ယတြာချေတာမဟုတ်လောက်ပါဘူး" ဟု လူထုပုံရိပ်၏ မေးမြန်းမှုအပေါ် ဖြေ ဆိုထားသည်။

ဗဟိုစည် ဆေးရုံ မှားယွင်း ကုသသည်ဟု ဆိုကာ သမ္မတ ထံတိုင်ကြား

Photo: ဗဟိုစည် ဆေးရုံ မှားယွင်း ကုသသည်ဟု ဆိုကာ သမ္မတ ထံတိုင်ကြား

31 OCTOBER 2012  

အောက်တိုဘာ ၁၃ ရက်နေ့က ကြီးမားသော ဆေးကုသမှု မှားယွင်း ပေါ့လျော့မှုကြောင့် ဟုဆိုကာ ဗဟိုစည် ဆေးရုံအား ကာယကံရှင် လူနာမိသား စုက သမ္မတထံတိုင်ကြားခဲ့ကြောင်း လူ ထုပုံရိပ်မှ စုံစမ်းသိရှိရသည်။ ကာယကံရှင်လူနာ ဒေါ်လှစိန် အသက်၆၉နှစ်သည် မြိတ်မြို့မှ လာ ရောက်၍ ဗဟိုစည်ဆေးရုံဒုတိယ အ လွှာ၊ အခန်းအမှတ် ၂၁၁ ၌ ကျောက် ကပ်ပိုင်းဆိုင်ရာ ဆေးကုသမှုအား အောက်တိုဘာ ၁၁ ရက်တွင် ကုသမှု ခံယူရာ အောက်တိုဘာ ၁၃ ရက်တွင် အကြောထဲဆေးသွင်းမှုကြောင့် ဆေး ထိုးခံရသည့်လက်တွင် အရည်ကြည်ဖု များ ဖောင်းပွလာပြီး လက်မှာညိုပုပ် လာကြောင်း ကာယကံရှင် ဒေါ်လှစိန် ၏ သားဖြစ်သူက ဖြစ်စဉ်ကို လူထုပုံရိပ် သို့ပြောသည်။
"၁၁ ရက်နေ့မှာ ဒီဆေး ပဲ ၅ လုံးထိုးတယ်၊ ၁၂ ရက်နေ့မှာ လည်း ၅ လုံးထိုးတယ်၊ ၁၃ ရက်နေ့ကျ တော့ တစ်ဖက်ပဲထိုးနေရလို့ဆိုပြီး လက်ပြောင်းထိုးတယ်၊ ထိုးထိုးချင်း နှစ် မိနစ်လောက်မှာ အမေကနာတယ် ပြောတယ်၊ ဆေးထိုးပေးတဲ့ဆရာမက ဒီဆေးက ဒီလိုပဲ နာတတ်တယ်လို့ပြော တော့ အမေက ကြိတ်ခံတယ်၊ ဒါပေမဲ့ မိနစ် ၂၀ လောက်လဲရောက်ရော အမေကမခံနိုင်တော့လို့ ကျူကျူပါ အောင်ငိုတော့မှ ရပ်လိုက်တယ်၊ ဆေး ကလည်း အဲဒီနေ့က သုံးလုံးပဲထိုးလိုက် ရတယ်၊ ပြီးတော့လက်က ဓာတ်ပုံထဲ မှာ မြင်တဲ့အတိုင်းဖြစ်သွားတာပဲ"ဟု ၄င်းကပင် ဆက်လက်ရှင်းပြသည်။ မိမိတို့အနေဖြင့် မိခင်ဖြစ်သွားသည့် အပေါ် သက်ဆိုင်သည့်ဆရာဝန်များ အနေဖြင့် ဆေးပညာရှင်များသို့ အ ကြောင်းကြားသော်လည်း ချက်ချင်း ရောက်မလာနိုင်ဘဲ အချိန်အတော် ကြာမှ ရောက်လာကြောင်း၊ ထို့နောက် မိခင်၏ လက်အားထောင်ထားပါက ပျောက်သွားမည်ဟု ဆရာဝန်မက ပြောကြောင်း၊ အမှန်တကယ်ဆိုလျှင် ၄င်းတို့အနေနှင့် သိသင့်ပြီး ချက်ချင်း ဆေးကုသမှုပိုင်းဆိုင်ရာကို ပြုလုပ်ပေး သင့်ကြောင်း၊ မိမိတို့၏ မိခင်မှာ ရောဂါ ဝေဒနာခံစားနေရသည့်ကြားမှ ဆေးရုံ ၏ ပေါ့လျော့မှုကြောင့် လက်ထိခိုက် သွားသည့် ဝေဒနာခံစားနေရသည်ကို ရင်နာကြောင်း ၄င်းက ဆိုသည်။
" အသည်းအထူးကုဆရာဝန်ကြီး ဦးခင်မောင်ဝင်းရောက်လာတော့မှ ဒါ ဘာလုပ်နေတာလဲ၊ မြန်မြန်ခွဲစိတ်၊ ဘယ်သူ့အမိန့်ကိုမှ မစောင့်နဲ့၊ ငါလုပ် ခိုင်းတာဆိုမှ ၁၅ ရက်နေ့က ခွဲစိတ် လိုက်တယ်၊ ကျွန်တော့်အထင် လက် က အကောင်းပကတိအတိုင်းဖြစ်ဖို့ မ လွယ်တော့ဘူး၊ တော်တော်ကြီးဖြစ် သွားတာပါ၊ ဆရာဦးခင်မောင်ဝင်းက တော့ ဒါမဖြစ်သင့်ဘူး၊ ပထမပိုင်းနာ တယ်ဆိုကတည်းကရပ်သင့်တယ်၊ မရပ်ဘဲ ဆက်ထိုးလိုက်တော့ သွေး ကြောမျှင်တွေပေါက်ပြီး ဖြစ်သွားတာ၊ အရင်ဆုံး check လုပ်သင့်တယ်၊ အတင်းထိုးလို့ ဖြစ်သွားတယ်ဆိုပြီး ပြောတယ်။ ၁၈ ရက်နေ့မှ ဗဟိုစည် MD ဦးကျင်ထွန်းကလည်းဝန်ခံတယ်၊ လူနာရဲ့ ရောဂါကြောင့်ဆိုပြီး အဖြစ်မှန် ကို လိုက်ဖုံးတယ်"ဟု လူနာရှင် ဒေါ်မြ စိန်၏သားကပင်ပြောသည်။ မိမိတို့အနေဖြင့် လျော်ကြေးတောင်း ယူမှုမရှိသလို ရယူမှုဆန္ဒလည်းမရှိ ကြောင်း၊ မိခင်ဖြစ်သွားသည့်အပေါ် နစ်နာသည်ဟု ယူဆသဖြင့် မှားယွင်း စွာ ကုသခြင်း၊ အဖြစ်မှန်ဖျောက်ကွယ် ထားခြင်းကြောင့် ယခုကိစ္စအား သမ္မတ ထံတိုင်ကြားလိုက်ပြီဖြစ်ကြောင်း၊ မိခင် အား ယင်းဆေးရုံတွင်ပင် ဆေးကုသ စရိတ်ပေး၍ ဆေးကုသမှုခံယူနေ ကြောင်း၊ မိခင်ဖြစ်သွားသည့်နေ့က သူနာပြုနှင့် တာဝန်ရှိဆရာဝန်၏ အမည်အား လုံးဝစုံစမ်း၍မရကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ လူထုပုံရိပ်မှ ဗဟိုစည်ဆေးရုံသို့ အောက်တိုဘာ ၂၂ ရက်နေ့တွင် သွားရောက်မေးမြန်းရာ အစပထမပိုင်း တွင် တာဝန်ရှိသူများမရှိဟု ဒေါက်တာ ဒေါ်စန်းဝင်းကဆိုသောကြောင့် တိကျ သည့်အဖြေမရရှိခဲ့သော်လည်း ယင်း နေ့ ညနေတွင်ပင် ဆက်သွယ်မေး မြန်းရာ ဒေါက်တာဒေါ်စန်းဝင်းကပင် အ ထက်လူကြီးများ၏ ညွှန်ကြားချက်အရ ယခုကိစ္စအား လူနာရှင်နှင့် လူနာရှင် အားကုသသည့်ဆရာဝန်မှ လွဲ၍ ပြင်ပ သို့ပြောမည်မဟုတ်ကြောင်း ဖြေဆို ထားသည်။  

အေးချမ်းမွန်မှ THE PUBLIC IMAGEတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :THE PUBLIC IMAGE
အောက်တိုဘာ ၁၃ ရက်နေ့က ကြီးမားသော ဆေးကုသမှု မှားယွင်း ပေါ့လျော့မှုကြောင့် ဟုဆိုကာ ဗဟိုစည် ဆေးရုံအား ကာယကံရှင် လူနာမိသား စုက သမ္မတထံတိုင်ကြားခဲ့ကြောင်း လူ ထုပုံရိပ်မှ စုံစမ်းသိရှိရသည်။ ကာယကံရှင်လူနာ ဒေါ်လှစိန် အသက်၆၉နှစ်သည် မြိတ်မြို့မှ လာ ရောက်၍ ဗဟိုစည်ဆေးရုံဒုတိယ အ လွှာ၊ အခန်းအမှတ် ၂၁၁ ၌ ကျောက် ကပ်ပိုင်းဆိုင်ရာ ဆေးကုသမှုအား အောက်တိုဘာ ၁၁ ရက်တွင် ကုသမှု ခံယူရာ အောက်တိုဘာ ၁၃ ရက်တွင် အကြောထဲဆေးသွင်းမှုကြောင့် ဆေး ထိုးခံရသည့်လက်တွင် အရည်ကြည်ဖု များ ဖောင်းပွလာပြီး လက်မှာညိုပုပ် လာကြောင်း ကာယကံရှင် ဒေါ်လှစိန် ၏ သားဖြစ်သူက ဖြစ်စဉ်ကို လူထုပုံရိပ် သို့ပြောသည်။
"၁၁ ရက်နေ့မှာ ဒီဆေး ပဲ ၅ လုံးထိုးတယ်၊ ၁၂ ရက်နေ့မှာ လည်း ၅ လုံးထိုးတယ်၊ ၁၃ ရက်နေ့ကျ တော့ တစ်ဖက်ပဲထိုးနေရလို့ဆိုပြီး လက်ပြောင်းထိုးတယ်၊ ထိုးထိုးချင်း နှစ် မိနစ်လောက်မှာ အမေကနာတယ် ပြောတယ်၊ ဆေးထိုးပေးတဲ့ဆရာမက ဒီဆေးက ဒီလိုပဲ နာတတ်တယ်လို့ပြော တော့ အမေက ကြိတ်ခံတယ်၊ ဒါပေမဲ့ မိနစ် ၂၀ လောက်လဲရောက်ရော အမေကမခံနိုင်တော့လို့ ကျူကျူပါ အောင်ငိုတော့မှ ရပ်လိုက်တယ်၊ ဆေး ကလည်း အဲဒီနေ့က သုံးလုံးပဲထိုးလိုက် ရတယ်၊ ပြီးတော့လက်က ဓာတ်ပုံထဲ မှာ မြင်တဲ့အတိုင်းဖြစ်သွားတာပဲ"ဟု ၄င်းကပင် ဆက်လက်ရှင်းပြသည်။

ရခိုင်ပြည်နယ်ဒုက္ခသည်များအရေး ကုလ အထူးစိုးရိမ်

Photo: ရခိုင်ပြည်နယ်ဒုက္ခသည်များအရေး ကုလ အထူးစိုးရိမ်

ကိုဝင်းမင်း
31.10.2012

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့သီတင်းနှစ်ပတ်အတွင်း တကျော့ပြန် ဖြစ်ပွားခဲ့ တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်ကြရသူ အရေအတွက် သောင်းနဲ့ချီ ရှိခဲ့တဲ့အပေါ် အထူး စိုးရိမ်မကင်းဖြစ်ရတယ် လို့ ကုလ သမဂ္ဂ၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောဆိုလိုက် ပါတယ်။ အခုလို မပြောခင်တရက်မှာပဲ အရင်ဂျွန်လက ပထမဦးဆုံးအကြမ်းဖက်မှုတွေကို စတင်စေခဲ့တဲ့ ရမ်းဗြဲမြို့ ကျောက်နီမော်ရွာမှာ ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ မူဆင်တွေကို နေရာပြောင်းရွှေ့ပေးရေး ဆန္ဒပြပွဲ ဖြစ်ခဲ့တာကို ထိန်းသိမ်း လိုက်နိုင်ပြီလို့ အရာရှိတဦးက ဆိုပါတယ်။ အသေးစိတ်ကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

ဒီလ ၂၁ ရက်နေ့မှာ ပြန်စဖြစ်လာခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည်အရေအတွက် တိုးပွားလာနေတဲ့အပေါ် အခြေအနေကို အမြန်ဆုံး မထိန်းနိုင်မှာကို အထူးစိုးရိမ်မိတယ်လို့ UNHCR ခေါ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရသူ အေဒရီယံ အက်ဒဝပ်က ဆိုလိုက်ပါတယ်။

"လွန်ခဲ့တဲ့သီတင်းပတ်ကုန်က မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ အကြမ်းဖက်မှု အသစ်တွေ ပြန်ဖြစ်ခဲ့တဲ့ အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက လွန်စွာ စိုးရိမ်မကင်းဖြစ်ပါတယ်။ အစိုးရရဲ့ခန့်မှန်းချက်အရ လူပေါင်း ၂၈,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ အကြမ်းဖက်မှုကို ဟန့်တားနိုင်ဖို့၊ တရားဥပဒေစိုးမိုးရေး ပြန်ရှိဖို့၊ အမြန်ဆုံးဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်ဆိုတာ ရှင်းပါတယ်။ ဒါမှလည်း ဒုက္ခရောက်နေကြသူတွေအတွက် အကူအညီတွေကို အရောက်ပို့နိုင်အောင် ဆောင်ရွက်ပေးသွားနိုင်မှာဖြစ်ပါတယ်။"

အင်္ဂါနေ့က ဂျနီဗာမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ အဒ်ဝပ်ကပဲ ဆက်ပြီးပြောရာမှာ ဒီအကြမ်းဖက်မှုကြောင့် ထပ်မံထွက်ပြေးလာရတဲ့ ဒုက္ခသည်အသစ်တွေဆီ လက်လှမ်းမီနိုင်ရေး သွားလာခွင့်ပြုဖို့ကိုလည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေဆီကို တောင်းဆိုလိုက်ပါတယ်။

"ဘေးကင်းရာကို ထွက်ပြေးခိုလှုံနေကြသူတွေအတွက် အိမ်နီးချင်းနိုင်ငံတွေကလည်း နယ်စပ်တွေကို ဖွင့်ပေးဖို့ UNHCR အနေနဲ့ မေတ္တာရပ်ခံပါတယ်။ ဒါ့အပြင် ဒီဆက်ပြီးဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေကို ဖြေရှင်းတာမှာ အစိုးရတွေကိုလည်း UNHCR က အကူအညီပေးဖို့ အဆင်သင့်ပါပဲ။"

ဒါ့အပြင် ဂျွန်လက ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို စတင်ဖြစ်စေခဲ့တဲ့ ရခိုင်အမျိုးသမီးတစ်ဦးကို မူဆလင်သုံးဦးက မတရားပြုကျင့်ခဲ့တဲ့  ရမ်းဗြဲမြို့၊ ကျောက်နီမော် ကျေးရွာမှာလည်း မနေ့က အင်္ဂါနေ့ကပဲ မူဆလင်တွေကို နေရာရွှေ့ပြောင်းပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြရာမှာ အစိုးရ လုံခြုံရေးတပ်တွေက ဝင်ရောက်ရှင်းလင်းစဉ် တစ်ဦးသေပြီး တဦးဒဏ်ရာရခဲ့ပေမဲ့ နေ့တွင်းချင်းပဲ အခြေအနေကို ထိန်းသိမ်းနိုင်လိုက်တယ်လို့ ရခိုင်ပြည်နယ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ဆိုပါတယ်။

"မနေ့က ညနေပိုင်းမှာ အေးအေးဆေးဆေး ပြန်ဖြစ်သွားပါတယ်ခင်ဗျ။ ထပ်ပြီး သေတာ ဘာညာ မရှိပါဘူး ခင်ဗျ။ တားဆီးတာကို မနာခံဘဲ လုပ်လို့ ပစ်ခတ်တယ်လို့ သိရတယ်ခင်ဗျ။"

အခုအချိန်မှာ မြန်မာအစိုးရအနေနဲ့ စစ်တပ်ရော ရဲတွေကိုပါ လုံခြုံရေး တိုးချထားပေမဲ့ နောက်တခါ ထပ်ဖြစ်လာမှာကို စိုးရိမ်ရသလားလို့ မေးတဲ့အခါမှာတော့ ရခိုင်အစိုးရရဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်ကပဲ

"မရှိတော့ပါဘူး ခင်ဗျ။ အကုန်လုံးလူစုကွဲပြီး တချို့လည်း ပြန်ကုန်ကြပါပြီခင်ဗျ၊ လုံခြုံရေးတပ်ဖွဲ့နဲ့ ဗုဒ္ဓဘာသာ သံဃာ့နာယက ဆရာတော်တွေ သွားပြီး ထိန်းပါတယ်။ အဲဒီက လုံခြုံရေးအအဖွဲ့တွေနဲ့ အဲဒီက စုလာတဲ့ လူထုထဲက လူတွေနဲ့ ဆွေးနွေးတယ်လို့တော့ သိရတယ်။"

အခုလို အင်္ဂါနေ့က နှိမ်နင်းမှုမှာ သေဆုံးခဲ့ရသူနဲ့ ဒဏ်ရာရခဲ့သူတွေ အကြောင်းကိုတော့ ရခိုင်တိုးတက်ရေးပါတီရဲ့ ကျောက်ဖြူမြို့နယ်အမတ် ဦးဘရှင်က အခုလို ပြောပါတယ်။

"ဦးမောင်ဟန်ရွှေ၊ အသက် (၅၇) နှစ်၊ ရေမြုပ်ဝရွာသား၊ ကိုသန့်ဇင်၊ အသက် (၄၂) နှစ်၊ သပြေချောင်ရွာက သေနတ်ဒဏ်ရာရတယ်။"

ဦးဘရှင်ကပဲ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ဖို့ ရခိုင်ပြည်သူတွေကို အခုလို တိုက်တွန်းလိုက်ပါတယ်။

"ရခိုင်ပြည်နယ်မှာ ပြဿနာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်ကို အများဆုံးထိခိုက်တာပေါ့ဗျာ။ ထိခိုက်တဲ့အတွက်ကြောင့် ငြိမ်းချမ်းမှုရအောင် ကြိုးစားရင် ဒီလို ကြိုးစားမှုအပေါ်မှာ ကျနော်တို့ ရခိုင်လူထုကလည်း သဘောပေါက်ဖို့လိုတယ်။ အစိုးရက အကြမ်းဖက်မှုတွေဖြစ်အောင် လုပ်တဲ့သူတွေကို ဖော်ထုတ်မယ်။ ကိုယ်က အကြမ်းဖက်မှုတွေ မဖြစ်အောင်၊ ပြီးတော့ နိုင်ငံတကာက ကဲ့ရဲ့ပြစ်တင်မှုတွေ မခံရအောင်၊ တယောက်နဲ့တယောက် ရန်ဖြစ်နေတယ်ဆိုလို့ရှိရင်  ရန်ဖြစ်တဲ့အိမ်ပေါ့ဗျာ"


ဒါပေမဲ့ ရခိုင်ပြည်နယ်၊ ကျောက်နီမော်ဒေသက အမည်မဖော်လိုတဲ့ ကမာတိုင်းရင်းသားတဦးကတော့ သူ့ရွာမှာ မူဆလင်တွေ ရှိတယ်ဆိုပေမဲ့ သူအပါအဝင် အများစုက ဘင်္ဂါလီမဟုတ်ဘူး၊ ရိုဟင်ဂျာဆိုတာလည်း မသိဘူး၊ ဒါပေမဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေ ပြန်ဖြစ်လာမှာကိုတော့ စိုးရိမ်နေရသေးတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ဘက်ကတော့ အခြေအနေက လုံးဝအေးသွားပြီဆိုပေမဲ့ စိတ်ချလက်ချ နေလို့ မရသေးပါ။ အခုက စစ်တပ်ရှိတယ်၊ ပင်လယ်မှာ ရေတပ်ရှိတယ်။ စစ်တပ်ရှိလို့ သူတို့က ဝင်လို့ မရနိုင်လို့ အခြေအနေက အခုလို ရပ်တန့်နေတယ်လို့ ကျနော်တို့က ယုံကြည်နေရပါတယ်။"

တချိန်တည်းမှာ ASEAN အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ကလည်း ဒီ အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာ တဲ့အပေါ် ဒေသတခုလုံးအပေါ် ထိခိုက်မှာစိုးရိမ်ပြီး နိုင်ငံတကာကနေ ကြားဝင်ဆောင်ရွက်ပေး ဖို့ တောင်းဆိုလိုက်ချိန်မှာ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာသံရုံး ယာယီတာဝန်ခံကို ဒီအကြမ်းဖက်မှုကိစ္စဆွေးနွေးဖို့ ခေါ်ယူခဲ့ပါတယ်ခင်ဗျား။

အေးချမ်းမွန်မှ VOA တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :VOA
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့သီတင်းနှစ်ပတ်အတွင်း တကျော့ပြန် ဖြစ်ပွားခဲ့ တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်ကြရသူ အရေအတွက် သောင်းနဲ့ချီ ရှိခဲ့တဲ့အပေါ် အထူး စိုးရိမ်မကင်းဖြစ်
ရတယ် လို့ ကုလ သမဂ္ဂ၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောဆိုလိုက် ပါတယ်။ အခုလို မပြောခင်တရက်မှာပဲ အရင်ဂျွန်လက ပထမဦးဆုံးအကြမ်းဖက်မှုတွေကို စတင်စေခဲ့တဲ့ ရမ်းဗြဲမြို့ ကျောက်နီမော်ရွာမှာ ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ မူဆင်တွေကို နေရာပြောင်းရွှေ့ပေးရေး ဆန္ဒပြပွဲ ဖြစ်ခဲ့တာကို ထိန်းသိမ်း လိုက်နိုင်ပြီလို့ အရာရှိတဦးက ဆိုပါတယ်။ အသေးစိတ်ကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

ဒီလ ၂၁ ရက်နေ့မှာ ပြန်စဖြစ်လာခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည်အရေအတွက် တိုးပွားလာနေတဲ့အပေါ် အခြေအနေကို အမြန်ဆုံး မထိန်းနိုင်မှာကို အထူးစိုးရိမ်မိတယ်လို့ UNHCR ခေါ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရသူ အေဒရီယံ အက်ဒဝပ်က ဆိုလိုက်ပါတယ်။

Miss Diaspora Models International 2012-2013 ပြိုင်ပွဲတွင် အင်တာနက်မှ မဲပေးရွေးချယ်မှု၌ မြန်မာအလှမယ် ထိပ်ဆုံးမှ ဦးဆောင်နေ




e5313 Miss Diaspora Models International 2012-2013 ပြိုင်ပွဲတွင် မြန်မာအလှမယ် တစ်ဦး ဖြစ်သည့် နီဒါတေလာမိုး (မြန်မာအမည် ယမုံမိုး) သည် မြန်မာကိုယ်စားပြုအဖြစ် ၀င်ရောက်ယှဉ်ပြိုင်လျက် ရှိရာ အင်တာနက်မှတစ်ဆင့် မဲပေးရွေးချယ်ရာတွင် အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်းအထိ မဲစုစုပေါင်း ၁၇၀၀၀ကျော်ဖြင့် ထိပ်ဆုံးမှဦးဆောင်လျက် ရှိသည်ဟု သိရှိရသည်။ အဆိုပါပြိုင်ပွဲကို အမေရိကန်နိုင်ငံ နယူးရောခ့်မြို့တွင်  နိုဝင်ဘာလ ၃ရက်နေ့၌ စတင်ပြုလုပ်မည်ဖြစ်ပြီး လက်ရှိတွင်မူ အင်တာနက် မှတစ်ဆင့် မဲပေးရွေးချယ်သည့် အဆင့်ဖြင့် ယှဉ်ပြိုင်လျက်ရှိကာ အောက်တိုဘာလ ၃၀ ရက်နေ့ည ၁၂ နာရီ ကျော် နောက်ဆုံးထား မဲပေးခွင့်ရှိခဲ့ ကြောင်းသိရသည်။

ဖားကန့်ဒေသ ဆိုင်းတောင်နှင့်တာမခံကြားတွင် ကားတစ်စီးသေနတ်ဖြင့်အပစ်ခံရပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ




ကချင်ပြည်နယ် ဖားကန့်ဒေသ ဆိုင်းတောင်နှင့်တာမခံအကြား နန့်မော် ဘုန်းကြီးကျောင်းအနီးတွင် အောက်တိုဘာလ ၃၁ရက်မွန်းလွဲ ၁ နာရီခန့်က ကေအိုင်အေနှင့် တပ်မတော်အကြားပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ဗင်ကားတစ်စီး သေနတ်ဖြင့် အပစ်ခံရပြီး လူနှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့သည်ဟုဒေသခံများထံမှ သိရှိရသည်။
အဆိုပါ ပစ်ခတ်မှုသည် မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲအထိ ကြာမြင့်ခဲ့သည်ဟု သိရသည်။ ''စစ်သားတွေက တာမခံ ဘက်ကနေလာတယ်။ ကျွန်တော်တို့ ကားက ဆိုင်းတောင်ကနေ တာမခံကို သွားတာပါ။ ပထမတော့ ကျွန်တော်တို့ကားကို ရပ်စောင့်နေသေးတယ်။ ပစ်ကြခတ်ကြတာ ၁၅ မိနစ်လောက်ကြာတော့ စစ်သားတွေက ကျွန်တော်တို့ကားကို ကာဗာယူပြီး ပစ်ကြတယ်။ ပစ်ကြတာက ကာကွယ်စရာ နေရာမရှိတော့ ကျွန်တော်တို့က ကြောက်လို့ မောင်းပြေးတော့မောင်းရင်းနဲ့ လာထိ တာပါ။ စစ်သားတွေကတော့ တိုက်ပွဲအတွင်းမှာဘယ်နှစ်ယောက်ကျတယ်ဆိုတာ မသိရဘူး။

တစ်ကျော့ပြန် ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ်များသည် လက်နက်ကိုင်အကြမ်းဖက်မှုအခြေအနေသို့ ကူးပြောင်းမည့် အသွင်ဆောင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှထုတ်ပြန်ကြေညာ




thn-1-11-2
ရခိုင်ပြည်နယ် မြေပုံမြို့ရှိ လူနေအိမ်အချို့ မီးလောင်မှုဖြစ်ပွားပြီးနောက် ကျန်ရှိသည့် အပျက်အစီးများအား အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်

တစ်ကျော့ပြန် ရခိုင်ပြည်နယ် ပဋိပက္ခများသည် လက်နက်ကိုင် အကြမ်းဖက်မှုအခြေအနေသို့ ကူးပြောင်းမည့်အသွင်ဆောင်ခဲ့ကြောင်း  အောက်တိုဘာလ ၃၁ ရက်နေ့ညတွင် နိုင်ငံတော်သမ္မတရုံးက နိုင်ငံပိုင်ရုပ်မြင် သံကြားမှ တစ်ဆင့်ထုတ်ပြန်ခဲ့ပါသည်။
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများရှိနေကြောင်းသိရှိရသဖြင့် ၎င်းတို့ကိုဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက် စွာ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ် ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ တစ်ကျော့ပြန်ဖြစ်ပွားလာသော ပဋိပက္ခ ဖြစ်စဉ်များတွင် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၂၁ ရက်မှစ၍ အောက်တိုဘာလ ၃၀ရက်အထိ သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦး၊ မီးလောင်ပျက်စီးသည့် လူနေအိမ် ၅၃၅၁ လုံးနှင့် လူဦးရေ ၃၂၂၃၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်သော သတင်း ကြေညာချက်တွင် ပါဝင်ပါသည်။