လက်မထောင်နိုင်တဲ့ အဆိုတော် တစ်ယောက် မဖြစ်သေးပါဘူး ဆိုတဲ့ Bobby Soxer




အနုပညာ ရပ်ဝန်းကြီးမှာ အောင်မြင် ကျော်ကြားတဲ့ အနုပညာရှင် ဆိုတာ ပုံသေ မရှိနိုင်ပါဘူး။ ရပ်တန့် မနေတဲ့ ခေတ်ကြီးမှာ ငယ်ရာက ကြီးလာတဲ့ လူကြီးတွေက နောက်တက်လာတဲ့ လူငယ်တွေ အတွက် နေရာ ဖယ်ပေးကြ ရစမြဲပါပဲ။
အရည်အချင်း ရှိတဲ့ လူငယ်တွေ အတွက်တော့ နေရာတစ်ခုက အမြဲ အဆင်သင့် ရှိလို့နေပါတယ်။ ယနေ့ခေတ် လူငယ်တွေ ဘာကြိုက်နေသလဲ။ ဘာကို လိုအပ်နေသလဲ။ ဘာကို လိုချင်ကြသလဲ။ ဒါတွေကိုဖြည့်ဆည်း ပေးနိုင်တဲ့သူက အောင်မြင်သူပါပဲ။ ဒီနေရာမှာ အသက် ငယ်တာကြီးတာ၊ အတွေ့အကြုံ ရင့်ကျက်တာ၊ မရင့်ကျက်တာနဲ့ တိုင်းတာလို့ မရဘဲ သူ့ရဲ့အနုပညာ စွမ်းအားကိုသာ အနုပညာ ပေတံနဲ့ တိုင်းတာကြရတာပါ။

ဂီတရပ်ဝန်းမှာလည်း  Next Generation တွေများစွာ ပေါ်ထွက် လာနေတာပါ။ ယနေ့မှာ အဲဒီများစွာတွေထဲက အသံအကျယ်ဆုံး ထိုးဖောက်ထွက်လာနိုင်တဲ့  လူငယ် မိန်းကလေး အဆိုရှင်တစ်ဦးက Bobby Soxer (ထက်ထက်)ပါ။ Bobby Soxer (ထက်ထက်)က လွှမ်းပိုင်နဲ့စုံတွဲ တေးစီးရီးခွေ ဒုံးပျံ ကို မကြာခင်ကမှ ထွက်ထားပါတယ်။ အဲဒီ မတိုင်ခင်ကတည်း က Hip Hop Show ပွဲတွေမှာ အသံစာစာလေးနဲ့ ပရိသတ် ရထားပြီး ဖြစ်သလို အတွဲ တေးစီးရီး ခွေထဲက သူမရဲ့သီချင်းတွေကလည်း ပရိသတ်ကို အကြိုက် တွေ့စေခဲ့ပါတယ်။ မြူးမြူးကြွကြွနဲ့ သီဆို ရတဲ့ သီချင်း ပုံစံတွေနဲ့ အတွဲတေးစီးရီးထဲက လက်လက်ကိုထလို့ သီချင်း အောင်မြင်လာချိန်မှာပဲ ဒုံးပျံ စုံတွဲ တေးစီးရီး ထပ်မံ ထွက်နိုင်ခဲ့ပြီး စွာတေးလန် သီချင်းက ပရိသတ်ကြားထဲ ထပ်မံလွင့်ပျံလာခဲ့တာပါ။ ဆယ်ကျော်သက် အရွယ်သာ ရှိသေးတဲ့ ဒီကောင်မလေးက  အနုပညာ တစ်ခုတည်းမှာ စိတ်နှစ်ပြီး အောင်မြင် ကြိုးစားနေရတဲ့သူ မဟုတ်ဘဲ ပထမ အရွယ် ဖြစ်တဲ့အတွက် ပညာလည်း ရှာဖွေနေရတဲ့ လူငယ် တစ်ဦးပါ။

သမိုင်းတကွေ့မှ သခင်ထွန်းအုပ် (ရဲဘော်သုံးကျိပ်)

ထက်မြက်သော တို့ဗမာအစည်းအရုံးခေါင်းဆောင်ဖြစ်ပြီး ဂျပန်ပြည်၌ အုပ်ချုပ်ရေးပညာကိုသာ သင်ယူ၍ ဗိုလ်ဘွဲ့မခံယူခဲ့သော ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်သည် နောင်တွင် မိမိအခွင့်အရေးရရှိရေးအတွက် လက်မောင်းသွေးဖောက်၍ သစ္စာပြုထားသည့် လုပ်ဖော်ကိုင်ဖက်ဗိုလ်ချုပ်အောင်ဆန်းအပေါ် အဆိုးရွားဆုံးသစ္စာဖောက်ပြီး  နယ်ချဲ့အလိုတော်ရိဖြစ်သွားသောကြောင့် နောက်ပိုင်း မြန်မာနိုင်ငံရေးသမိုင်းတွင် တဖြည်းဖြည်းတိမ်မြှုပ်သွားခဲ့ရသော နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သည်။


သခင်ထွန်းအုပ်ကို ၁၉၀၇ခုနှစ်ဒီဇင်ဘာလ၇ရက် စနေနေ့နံနက် ၁နာရီတွင် ပြည်ခရိုင် သဲကုန်းမြို့နယ် သိုက်တောရွာ၌ မြေပိုင်ရှင် ဦးရွှေ၊ ဒေါ်ရွှေသားတို့မှ ဖွားမြင်ခဲ့သည်။ အမည်အရင်းမှာ ကိုထွန်းအုပ်ဖြစ်ပြီး တို့ဗမာအစည်းအရုံးအဖွဲ့သို့ ဝင်သောအခါ သခင်ထွန်းအုပ် ဖြစ်လာသည်။ ဂျပန်၌ အုပ်ချုပ်ရေးပညာသင်စဉ်က ဂျပန်အမည်မှာ အိချီဟာရအိရှိရော (Ishihara Ishiyo)ဖြစ်သည်။ အသက်၎နှစ်အရွယ်တွင် မိခင်ကွယ်လွန်၍ အသက်၁၄နှစ်အရွယ်တွင် ဖခင်ကွယ်လွန်ခဲ့သည်။

KIO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဆိုပါက နိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု အောင်မြင်ပြီဟု ဆိုနိုင်ကြောင်း နိုင်ငံတော် သမ္မတ ပြောကြား




uts
နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ စက်တင်ဘာလ ၇ ရက် မွန်းလွဲပိုင်းက တွေ့ဆုံစဉ် (ဓါတ်ပုံ-နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်)
KIO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက် နိုင်မည်ဆိုပါက နိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု  အောင်မြင်ပြီဟု ဆိုနိုင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က စက်တင်ဘာလ ၇ရက်နေ့တွင် နေပြည်တော်၌ ပြောကြားခဲ့ပါသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နေပြည်တော်ရှိ သမ္မတ အိမ်တော်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ၀န်ကြီးများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
ငြိမ်းချမ်းရေး ရရှိရန်အတွက် လုပ်ငန်းစဉ်များ လုပ်ဆောင်နေရာတွင် ကျန်သည့် အဖွဲ့များနှင့် အထိုက်အလျောက် အောင်မြင်မှုများ ရရှိရှိနေပြီ ဖြစ်ကြောင်း၊ KIO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဆိုပါက မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ပတ်သက်၍ တော်တော်များများ အောင်မြင်မှု ရပြီဟု ဆိုရမည် ဖြစ်ကြောင်း၊ သို့သော်လည်း ရာနှုန်းပြည့် ရရှိရန်အတွက် အချိန်ယူ ဆွေးနွေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

Freedom of expression ၏ တရားကိုယ်သဘော( ဇော်ဇော်အောင် )




Photo: blogs.constantcontact.com
'ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း' အပိုဒ် (၁၉) မှာ 'လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်' ကို ထည့်သွင်းကြေညာထားပါတယ်။ အများသိပြီး ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ သို့သော်လည်း နိုင်ငံရေးလိုက်စားတဲ့ လူငယ်ကလေးများ အတွက် ရည်ရွယ်ပြီး မူရင်းကို ဖော်ပြခွင့်ပြုပါ။ အပိုဒ် (၁၉) မှာ ဒီလိုဆိုပါတယ်။ Everyone has the right to freedom of opinion and expression; this right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media and regardless of frontiers. (Article 19) တိုက်ရိုက် ဘာသာပြန်တာမျိုးမဟုတ်ဘဲ အလွတ်ပြန်ဆို ရှင်းလင်းပါရစေ။
လူတိုင်းလူတိုင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ရှိတယ်။ ဆိုလိုတာက မိမိစိတ်ထဲမှာရှိတဲ့ အတွေးအခေါ် အယူအဆ စိတ်ကူးစိတ်သန်းတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ရှိတယ်။ ထုတ်ဖော်ပြသတယ်ဆိုတာ အလွယ်ဆုံး ဖော်ပြရရင် 'ပြော' တာပါပဲ။ လွတ်လပ်စွာ ပြောခွင့်ရှိတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုမြအေး၏ ‘မိုးကောင်းကင်၌ တိမ်တိုက်များ’၀တ္ထုကို ဗီဒီယိုရိုက်ကူး




e5234 ၈၈ မျိုးဆက်ကျောင်းသား တစ်ဦးဖြစ်သည့် ကိုမြအေး၏ ‘မိုးကောင်းကင်၌ တိမ်တိုက်များ’ ၀တ္ထုကို ဒါရိုက်တာ ကြည်ဖြူသျှင်က ဗီဒီယို ဇာတ်ကားအဖြစ် ရိုက်ကူးလျက်ရှိကြောင်း သိရှိရသည်။
“၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် အစ်ကိုအစ်မတွေနဲ့ ဗိုလ်ချုပ်ရုပ်ရှင် ရုံးခန်းဖွင့်ပွဲမှာစပြီး ရင်းနှီးခဲ့တယ်။ သူတို့ဆီမှာရှိတဲ့ အနုပညာတွေက သူများနဲ့မတူတဲ့ အတွေးအမြင်နဲ့ခံစားမှုတွေ ရှိနေတယ်။ ကိုမြအေးက သူထောင်ထဲမှာတုန်းက ရေးထားတဲ့ဝတ္ထုရှိတယ်ဆိုတော့ စိတ်ဝင်စားပြီး ဖတ်ကြည့်တယ်။ ဇာတ်လမ်းက ဇာတ်ကားမရိုက်ရင် မနေနိုင်လောက်အောင်ဇာတ်က ဆွဲဆောင်ခဲ့တယ်။ ဒါကြောင့် ကိုယ်တိုင်ဇာတ် ညွှန်းရေးပြီး ရိုက်ကူးဖြစ်တာပါ” ဟု ဒါရိုက်တာကြည်ဖြူသျှင်ကဆိုသည်။
‘မိုးကောင်းကင်၌ တိမ်တိုက်များ’ ၀တ္ထုကို စာရေးသူပေးလိုသည့် အကြောင်းအရာများကို ထိမိစွာ တင်ပြနိုင်ရန်ကြိုးစားထားပြီး ပရိသတ်များအကြား အမြန်ရောက်ရှိစေရန်အတွက် ဗီဒီယိုအဖြစ် ရိုက်ကူးထားခြင်း ဖြစ်ကြောင်း ဒါရိုက်တာက ဆိုပါသည်။

မန္တလေး-မြစ်ကြီးနား ရထားလမ်း၌ တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ရထားခရီးစဉ်များ ရပ်ဆိုင်း



မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မန္တလေးမြို့နှင့် မြစ်ကြီး နားမြို့အကြား ပြေးဆွဲသော ရထားခရီးစဉ်များ ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိပါသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ် ခန့်တွင် ကာလူနှင့် မော်ဟန်အကြား မိုင်တိုင်အမှတ် ၆၂၂/၈၉ အကြား တွင် ကေအိုင်အေနှင့် တပ်မတော်တို့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ သံတံတားအမှတ် ၅၅၅ တွင် သံပေါင် သုံးပေပျက်စီးခဲ့ကာ သံလမ်း နှစ်ဖက် လေးပေခန့် ပျက်စီးခဲ့သည့် အတွက် ယင်းနေ့ ည ၇ နာရီခန့်မှစတင်၍ ရထားလမ်း အသွားအလာမရှိ ပိတ်လိုက်ကြောင်း မြစ်ကြီးနားမြို့တွင် ထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရသည်။
“တိုက်ပွဲက မနေ့ညက ရထား လမ်းတစ်ဝိုက်မှာ ဖြစ်တယ်။ မော် ဟန်၊ ကာလူဘက်မှာ ဖြစ်တယ်။ မြစ်ကြီးနားနဲ့ဆို သိပ်ပြီး မဝေးတော့ဘူးပေါ့။ ရထားက မနေ့ညကစပြီး မလာတော့တာ”ဟု မြစ်ကြီးနားမြို့မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်ဆီက နိုဗဲလ်ဆု ပြန်သိမ်းသင့်သလား?

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗဲလ်ငြိမ်းချမ်းရေးဆု ပြန်ရုပ်သိမ်းသင့်သလား လို့ ပညာရှင်တယောက်က အမေရိကန်အခြေစိုက်
အွန်လိုင်းသတင်းစာ huffingtonpost.com မှာ ဗုဒ္ဓဟူးနေ့က ဆောင်းပါးရေးပြီး မေးခွန်းထုတ်ထားပါတယ်။

သူကတော့ အာဇင်အီဘရာဟင် ဖြစ်ပါတယ်။ ကိန်းဘရစ်တက္ကသိုလ်က PhD ဘွဲ့ရ ပုဂ္ဂိုလ်ပါ။

(ရခိုင်ဒေသမှာ) ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရပ်သွားအောင် လုပ်ဖို့ ဆိုတာ မြန်မာပြည်တွင်းမှာ အရေးယူဆောင်ရွက်မှ ဖြစ်မယ်၊

Human Rights Watch, ကုလသမဂ္ဂ နဲ့ အကူအညီပေးရေးအဖွဲ့ကြီးတွေ ပြောဆိုနေတဲ့ကြားက ရိုဟင်ဂျာတွေဟာ နယ်စပ်ဒေသမှာ (ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နှစ်နိုင်ငံလုံးမှာ) အကြီးအကျယ် ဒုက္ခရောက်နေကြတယ်၊ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း နိုင်ငံမဲ့ဒုက္ခသည်တွေဆီကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို မရောက်အောင် ပိတ်ပင်တားဆီးနေတယ်

ကိုရီးယားနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ အလုပ်သမား တစ်ထောင်ကျော် ဆန္ဒပြ

ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်အမှတ် (၄) မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် မူးအန်ဆူး (MYUE & SUE) အထည်ချုပ် စက်ရုံက အလုပ်သမား တစ်ထောင်ကျော်ဟာ အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ အတွက် စက်ရုံရှေ့ကနေ လေးမိုင်လောက် အကွာအဝေးရှိတဲ့ မရမ်းကုန်းမြို့နယ်က ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရုံးကို ဒီကနေ့ မနက်ပိုင်းက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၇ ရက်က ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန် (၄) ရှိ ကိုရီးယားနိုင်ငံသားပိုင် မူးအန်ဆူး (MYUE & SUE) အထည်ချုပ် စက်ရုံ အလုပ်သမား တစ်ထောင်ကျော် လုပ်ခလစာ တိုးမြှင့်ရေးအတွက် ဆန္ဒပြနေကြစဉ်။
မြန်မာအလုပ်သမားတွေက လုပ်ခလစာ တိုးမြှင့်ပေးဖို့အတွက် တောင်းဆိုတဲ့အခါ ကိုရီးယား အလုပ်ရှင်ဘက်က အလုပ်ဖြုတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်လေ့ ရှိတယ်လို့ ဆန္ဒပြ အလုပ်သမား ကိုယ်စားလှယ်တစ်ဦးက RFA ကို ပြောပါတယ်။

ဘာမြူဒါသို့ လက်စလီမုန်းတိုင်း ဖြတ်သန်းတိုက်ခတ်မည် သမိုင်းတွင် အဆိုးဝါးဆုံး မုန်းတိုင်းဖြစ်လာမည်ဟု ခန့်မှန်းထား

ဗြီတိန်ပိုင်းနက်ရှိ ဘာမြူတာဒေသသို့ ဟာရီကိန်းမုန်းတိုင်း လက်စလီဖြတ်ကျော်တိုက်ခိုက်နိုင်ခြေရှိသောကြောင့် ထိုဒေသရှိ စာသင်ကျောင်းများနှင့် အစိုးရရုံးများအား ပိတ်ထးရသည်ဟု သိရသည်။

ယမန်နေ့က ဘာမြူဒါဒေသမှ မိုင်းပိုင်း ၄၃၀ အကွာတွင် စတင်ဖြစ်ပေါ်လာသော လက်စလီမုန်းတိုင်းသည် ဘာမြူဒါဒေသသို့ ယနေ့ (သော

ကြာနေ့) တွင် ဖြတ်သန်းတိုက် ခတ်ဖွယ်ရှိသောကြောင့် ဒေသခံများအား အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြရန် အာဏာပိုင်များက သတိပေးချက်ထုတ်ပြန်ထားသည်။

ဘန်ကောက်တွင် စိတ်ကြွဆေးပြား ၃ သန်းကျော် ဖမ်းဆီး


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၂၂ နှစ်အရွယ် လူငယ် တစ်ဦးအား စိတ်ကြွဆေးပြား သုံးသန်း သုံးသိန်းနှင့် အတူရဲက ဖမ်းဆီးလိုက်သည်ဟု အေပီ သတင်း တစ်ပုဒ်တွင် ဖေါ်ပြထားသည်။

ဘန်ကောက်မြို့ အနောက်ဘက် အစွန်းအဖျား နေအိမ်တလုံးအား ရဲတပ်ဖွဲ့က ၀င်ရောက် ရှာဖွေစဉ် အဆိုပါ ဆေးပြားများကို လူငယ် တစ်ဦးနှင့်အတူ စက်တင်ဘာ ၅ရက် နေ့က ဖမ်းဆီ ရမိခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံမှ ထုတ်လုပ်သော စိတ်ကြွဆေးပြားများ ၀င်ရောက် လမ်းကြောင်းနှင့် အရှေ့တောင် အာရှ၏ ဈေးကွက် တစ်ခု ဖြစ်နေသည်ဟု ဆိုသည်။
ယခုနှစ်အတွင်း စိတ်ကြွဆေးပြား အမျိုးမျိုး ၄ သန်းခန့် ထိုင်းနိုင်ငံ အတွင်း တင်သွင်းလာခြင်းကို ထိုင်းရဲအဖွဲ့က တားဆီး နိုင်ခဲ့ပြီး  ယခု ဖမ်းဆီးရရှိမူသည် အရေအတွက်  အားဖြင့် ဒုတိယ အကြိမ် အများဆုံးဖြစ်သည်ဟု ပြောသည်။

“ လမ်းမတော် (၁) လမ်း အိမ်သုံးဂတ်စ်အိုး အရောင်းဆိုင် မီးလောင်”

ရန်ကုန်မြို့၊လမ်းမတော်မြို့နယ်၊ မော်တင် (၁) လမ်း၊ ကမ်းနားလမ်းပေါ်ရှိ CHO အိမ်သုံးဂတ်စ်အရောင်းဆိုင်တွင် ယနေ့နေ့လည် ၂နာရီ၃၀မိနစ်ဝန်းကျင် ခန့်က မီးလောင်ကျွမ်းခဲ့ရာ လက်ရှိအချ
ိန်အထိ ဆက်လက်လောင်ကျွမ်းဆဲဖြစ်ကြောင်းသိရသည်။
မီးလောင်ကျွမ်းရာသို့ မီးသတ်ယာဉ် အစီး ၁၅လာရောက်၍ငြှိမ်းသတ်နေသော်လည်း ဂတ်စ်အိုးများလောင်ကျွမ်းနေမှုကြောင့် ဆက်လက်မကူးစက်စေရန်အတွက် မီးညွန့်ထိန်းသိမ်းနိုင်ရေးကြိုးစားနေဆဲဖြစ်ကြောင်းသိရသည်။
လက်ရှိအခြေအနေအရ ဂတ်စ်အိုးသိုလှောင်ထားသည့်ဂိုဒေါင်တစ်လုံး၊ တစ်ထပ်တိုက်ခံအိမ်တစ်လုံးနှင့် တစ်ထပ်သစ်သားအိမ်တစ်လုံးလောင်ကျွမ်းနေကြောင်း သိရသည်။
မီးလောင်ကျွမ်းရာသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေရောက်ရှိနေကြောင်းလည်း သိရသည်။
Popular Myanmar News

လမ်းမပေါ်မှ အတွေးများ(ဘာရာဒွါဂျာ (မြန်မာပြည်))

ပူပြင်းလှတဲ့ နေရောင်အောက်မှာ ချွေးတွေကဖြင့် ဒီးဒီးကျလို့ပါ။ လိုချင်တောင့်တသော အရိပ်ကို ရှာလိုက်တော့ ဟိုးခတ်လှမ်းလှမ်းမှာ သစ်ပင်တစ်ပင်။ လျှောက်သွားလျှင်ဖြင့် ရောက်နိုင်ပါရဲ့။ အိုး …….. မဖြစ်နိုင်သေးပါ။ စောင့်နေရမယ့် နေရာက ဒီနေရာမို့ခြေလှမ်းကို မရွှေ့ရဲပါ။ ပြင်းလှတဲ့နေရောင်အောက်မှာပဲ ရပ်နေရတော့မှာပေါ့။

ဟောင်းနွမ်းနေတဲ့ နာရီလေးကို ကြည့်လိုက်တော့ ရော် ... အချိန်လေး နည်းနည်းရလောက်ပါရဲ့။ ဘစ်ကားက ခတ်ကျဲကျဲလာနေပါလား။ ရုံးဆင်းချိန် လှုပ်ရှားသွားလာရတာမဟုတ်လို့ တော် တော်ပါသေးရဲ့။
ရုံးဆင်းချိန်၊ တက်ချိန်များဆို ကားဂိတ်မှာက လူပင်လယ်ကြီးက တစ်မျှော်တစ်ခေါ်။ အိမ်ကထွက်ချိန်ကတော့ ရုံးချိန်နဲ့ တိုက်နေတော့ ကားကျပ်တဲ့ ဒုက္ခ္ခကိုကြောက်တော့ အိပ်ရာက အစောကြီးထ၊ ၀ီရိယက ကားကြပ်တဲ့ ဒုက္ခကို လေ့ကျင့်ပေးလို့ အခုတော့ ၀ီရိယကြီးသူပေါ့လေ။

လှည့်ကင်းရဲ အဖွဲ့၏ ထိန်းသိမ်း ခံရသူ လူငယ်တစ်ဦး ဦးခေါင်းသွေးယိုစီး ဒဏ်ရာဖြင့် သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့တွင် စက်တင်ဘာလ ၁ ရက်နေ့ ည ၁၀ နာရီခန့်က သောက်စားမူးယစ်နေသော လူငယ်တစ်ဦးအား လှည့်ကင်းရဲအဖွဲ့က ရဲစခန်းသို့ ခေါ်ဆောင်သွားရာမှ ဦးခေါင်းသွေးယိုစီး ဒဏ်ရာဖြင့် သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖြူးဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။


အဆိုပါ လူငယ်မှာ
ဖြူးမြို့နယ်ရှိ လောကနတ် စားသောက်ဆိုင်ရှေ့တွင် လဲကျလျှက်ရှိပြီး ရမ်းကားနေသည့် အနေအထားရှိသည့်အတွက် စားသောက်ဆိုင်ပိုင်ရှင်က ည ၉ နာရီခွဲ ခန့်တွင် ရဲတပ်ဖွဲ့သို့ အကြောင်းကြားကာ လှည့်ကင်းရဲအဖွဲ့က လာရောက်ပြီး ဆိုက္ကားဖြင့် ခေါ်ဆောင်သွားသည်ကို တွေ့ရှိရကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့မှာ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး တစ်ဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် တစ်ဦး၊ ၀န်ကြီးဌာနများ ပြည်ထောင်စု ၀န်ကြီး ၁၀ ဦး နဲ့ ပြည်ထောင်စုအဆင့် တာဝန် ပေးထားတဲ့ ပြည်ထောင်စုရုံး အဖွဲ့ဝင် တစ်ဦး စုစုပေါင်း ၁၃ ဦးကို တာဝန် ပေးအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ကြေညာခဲ့ပါတယ်။
RFA
၂၀၁၂ စက်တင်ဘာလ ၇ ရက်က ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်ခံရသူများ ပြည်ထောင်စုလွှတ်တော် နာယက ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်။
"နိုင်ငံတော်သမ္မတက တင်ပြလာသော ဦးအေးမြင့်ကြူ၊ ဗိုလ်ချုပ် ဇေယျာအောင်၊ ဒေါက်တာ မြင့်အောင်၊ ဦးကျော်လွင်၊ ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးမော်မြင့်၊ ဒေါက်တာ ကိုကိုဦး၊ ဦးဋ္ဌေးအောင်၊ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်တို့အား ပြည်ထောင်စု ဝန်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်က သဘောတူကြောင်း ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၉ အရ ကြေညာပါတယ်"
တာဝန်ပေးခံရတဲ့ ပြည်ထောင်စု ၀န်ကြီးတွေနဲ့ တခြား အရာရှိတွေဟာ ပြည်ထောင်စု လွှတ်တော်က သဘောတူ အတည်ပြုချက် ရရှိပြီးတဲ့နောက် ပြည်ထောင်စုလွှတ်တော် နာယက ရှေ့မှောက်မှာ ကတိသစ္စာ ပြုကြပါတယ်။

ယာဉ်မယ် - အမျိုးသမီးတို့အတွက် အလုပ် အခွင့်အလမ်း

ယာဉ်မယ် သို့မဟုတ် အဝေးပြေးကားတွေထဲ ခရီးသည် ၀န်ဆောင်မှုပေးတဲ့ အမျိုးသမီးဝန်ထမ်းအလုပ်ကို စိတ်ဝင်စားသူများပြားလာနေပြီး ကားလိုင်းတွေများလည်း ယာဉ်မယ်ခန့်ထားမှုနှုန်းတိုးလာပါပြီ။

အဆင့်မြင့် အဝေးပြေး ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းတစ်ခု ဖြစ်တဲ့ JJ Express ယာဉ်လိုင်းက တာဝန်ရှိသူ တစ်ဦးက ''Bus Attendant ကို ကျွန်တော်တို့ ယာဉ်လိုင်းက စတင် အကောင်အထည် ဖော်ခဲ့တာပါ'' လို့ ဧရာဝတီကို ပြောပါတယ်။

''လေယာဉ်ပေါ်မှာ ပေးတဲ့ ဝန်ဆောင်မှုမျိုးကို ပေးချင်တယ်။ လေယာဉ်ပေါ်မှာတော့ လေယာဉ်မယ်ပေါ့။ (ကားမှာ) ယာဉ်မယ် ထားရှိပြီး ဝန်ဆောင်မှု ကောင်းမွန်စွာ ပေးနိုင်ဖို့ သေသေချာချာကို သင်တန်းတွေ ပေးပြီး ခန့်ထားတာပါ'' လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း ပြည်ထောင်စု လွှတ်တော် အတည်ပြု

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို ဒီကနေ့ အတည်ပြုလိုက်ပါတယ်။ လွှတ်တော်အတွင်း သဘောထား ကွဲလွဲတဲ့ အချက်တွေကို ပြန်လည်ပြင်ဆင်ပြီး အတည်ပြုလိုက်တာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။
Photo: Pyithu Hluttaw
နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော် အဆောက်အဦး
"ကျွန်မတို့ ဒီနေ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI law ကိုတော့ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးလိုက်ပါတယ်။ အဓိက ကတော့ အဲဒီမှာ အပြင်မှာလည်းပေါ့နော်၊ ဆွေးနွေးနေကြတဲ့ သဘောတူညီမှု မရှိတဲ့ အချက် နှစ်ချက်ကို ပြင်လိုက်တယ်။ နံပါတ်တစ်ကတော့ ပုံသေ မသတ်မှတ်ဘူး။ လုပ်ငန်းသဘာဝပေါ် မူတည်ပြီးတော့ပဲ ရင်းနှီးမြုပ်နှံရမဲ့ ငွေပမာဏကို သတ်မှတ်မယ်။ နောက်တစ်ခုကတော့ ဖက်စပ် လုပ်မယ်ဆိုတဲ့ နေရာမှာလည်း စုစုပေါင်း နိုင်ငံခြား မတည်ငွေရင်း၏ ၅၀-၅၀ အချိုးအတိုင်း ဆောင်ရွက်ရန် ဖြစ်သည်လို့ တင်ထားပါတယ်"
အရင် ဥပဒေ မူကြမ်းမှာပါရှိတဲ့ ကနဦး ရင်နှီးမြှုပ်နှံမှု ပမာဏ အနည်းဆုံး အမေရိကန် ဒေါ်လာ ၅ သန်း ပါဝင်ရမည် ဆိုတဲ့အချက်ကို အခု ပယ်ဖျက်လိုက်ပါတယ်။

ဗိုလ်မှူးချုပ်ကျော်ဇော် မြန်မာနိုင်ငံပြန်ခွင့်ပြု

ရန်ကုန်၊ စက်တင်ဘာ ၇

မြန်မာနိုင်ငံပြန်လာ၍ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လိုသည်ဟု ထုတ်ဖော်ပြောဆိုလာသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော ကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မြန်မာနိုင်ငံပြန်လာရန် ခွင့်ပြုလိုက်ပြီး ပြန်လာပါကကြိုဆိုပါကြောင်း ၎င်း၏မိသားစု ကိုအကြောင်း ပြန်ကြားထားသည်ဟု နိုင်ငံတော်သမ္မရုံး ၀န်ကြီး ဦးအောင်မင်းက The Voice Weekly ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။


နေပြည်တော်ရှိ သမ္မတရုံးတွင် ယနေ့(စက်တင်ဘာလ ၇ရက်)ကျင်းပနေသော Peace Donor Support Group ၏ဒုတိယအကြိမ် ဆွေးနွေးပွဲကျင်းပနေစဉ် The Voice Weekly ၏မေးမြန်းမှုကို ၀န်ကြီးဦးအောင်မင်းက ယင်းသို့ပြန်လည်ဖြေကြားခြင်းဖြစ
်သည်။