Sunday, 27 May 2012

ဒီမိုကရေစီအရင်လား၊ လျှပ်စစ်မီးအရင်လား



ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမဆုံး ငြင်းချက်ထုတ်သူကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါပဲ၊ “ဒီမိုကရေစီနောက်မှ လုပ်ပါ လျှပ်စစ်မီးချက်ချင်းပေး” ဆိုတဲ့ မန္တလေးက ပိုစတာကို သဘောမတူတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ အချိန်တော်တော်ယူပြီး ရှင်းပြသွားပါတယ်။
ပြည်သူတွေ လျှပ်စစ်မီးလိုတယ်၊ ရေလိုတယ်၊ အလုပ်အကိုင်တွေလိုတယ်၊ ဒါတွေဟာ စနစ်က မှားနေလို့ ဖြစ်ရတာ၊ ဒါကြောင့် စနစ်ကို ပြင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပါတယ်၊ ဒါကြောင့် လျှပ်စစ်မီးလို ကိစ္စမျိုးတွေနဲ့ ဒီမိုကရေစီအတွက် တပြိုင်တည်း လုပ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က  အခိုင်အမာ ဆိုပါတယ်။

အစိုးရသစ်လက်ထက် အခွန်အများဆုံး ပေးဆောင်သည့် ထိပ်တန်း အခွန်ထမ်း ၁၀၀ ဦးစာရင်း ဇွန်လဆန်းတွင် ထုတ်ပြန်မည်၊




အစိုးရသစ်လက်ထက် အခွန်အများဆုံး ပေးဆောင်သည့် ထိပ်တန်း အခွန်ထမ်း ၁၀၀ ဦးစာရင်း ဇွန်လဆန်းတွင် ထုတ်ပြန်မည်၊ လက်ရှိပြုစုထားသည့် စာရင်းအရ အဖျော်ယမကာ၊ စားသောက်ကုန်၊ ပုဂ္ဂလိကဘဏ်အချို့မှ လွဲ၍ အများပြည်သူ မျှော်လင့်ထားသော ကုမ္ပဏီအုပ်စုကြီး အချို့ ထိပ်ပိုင်းစာရင်းတွင် ပါဝင်ခြင်းမရှိဟု သိရ
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် မြန်မာတစ်နိုင်ငံလုံးတွင် အခွန် ထမ်းဆောင်ထားသည့် အခွန်ထမ်းများ အားလုံးထဲမှ အများဆုံး ပေးဆောင်ထားသည့် အခွန်ထမ်း ၁၀၀ ဦးစာရင်းကို လာမည့်ဇွန်လဆန်းတွင် ထုတ်ပြန်မည်ဖြစ်ပြီး အခွန်အများဆုံး ရနိုင်သည်ဟု အများပြည်သူ မျှော်လင့်ထားသော ကုမ္ပဏီအုပ်စုကြီး အချို့နှင့် အဖွဲ့အစည်းကြီးအချို့မှာ အဆိုပါ  ၁၀၀ ဦး ၏ ထိပ်ဆုံးပိုင်းတွင် ပါဝင်လာခြင်း မရှိသေးကြောင်း စာရင်းပြုစုရာတွင် ပါဝင်သူ ပြည်တွင်း အခွန်များဦးစီးဌာန ၀န်ထမ်းအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။

အထည်ချုပ်အလုပ်သမားများ ဆန္ဒပြသည်ဆိုရာဝယ်




''ဧပြီလကတည်းက အလုပ်လုပ်ရတာ စိတ်မပါတော့ဘူး။ တချို့လည်း လစာထုတ်ချိန် ငိုကြတယ်။ လုပ်နေရင်းနဲ့ အိမ်ပြန်ပို့ဖို့ထက် ကိုယ့်တစ် ယောက်စာ စားစရိတ်၊ နေစရိတ်အတွက်ကိုတောင် ပူပန်နေရတယ်''ဟု အသက် ၂၀ အရွယ် အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးဖြစ်သူ မဝေလွင်(အမည်ရင်းမဟုတ်)က ပြောပြခဲ့သည်။
ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ဇာတိရွာမှ လွန်ခဲ့တဲ့တစ်နှစ်ခွဲက မဝေလွင်တို့ မောင်နှမသုံးဦး ထွက်လာခဲ့သည်။ မဝေလွင်၊ အစ်မရယ်၊ မောင်လေးရယ်။ မဝေလွင့်မိဘများက လယ်ယာလုပ်ကိုင်ကြသည်။ နောက်ပိုင်း မှာတော့ သီးနှံဈေးဖျက်၊ ရာသီဖျက်နှင့် လေးဧကခန့်ရှိ လယ်လုပ်စာ နှင့် မိသားစု စားဝတ်နေရေး မဖူလုံတော့။ အလုပ်အကိုင်များလည်း ရှားပါးလာတာကြောင့် မဝေလွင်တို့ မောင်နှမတွေ နေရပ်ကို စွန့်ခွာလာခဲ့သည်။ ရန်ကုန်ရောက်တော့ ညီအစ်မနှစ်ယောက်က အထည်ချုပ်စက်ရုံတွေမှာ၊ မောင်လေးကတော့ ပိုက်စက်ရုံတစ်ခုမှာ ၀င် ရောက် လုပ်ကိုင်ကြသည်။

မိုးခေါ်ပွဲ




''မိုး .. မိုး . . . မိုးလားမောင်တို့၊ ဟုတ်ပါတယ်ဗျို့ မိုးပါဗျို့ . . . လေ လေ လေလားမောင်တို့၊ လေမဟုတ်ဘူး မိုးပါဗျို့ . . . မိုးရွာတော့မယ် သေချာပြီ၊ ကိုကိုညီညီနိုင်တဲ့ လွန်ပွဲ . . . မျက်နှာငယ်လေးနဲ့ သနားစရာ၊ ထားကညာရေ မငိုလိုက်ပါနဲ့ . . .။ နှုတ်ခန်းစူနဲ့ မူယာဆင်၊ မြင်ရသူမှာ စိတ်မချမ်းသာဘူး . . .။ ဒူးထောက် ရှိခိုးအသနားခံ၊ ဆောရီးပါကွယ် ပြန်လိုက်ကြဦး . . .''ဟု လူကြီး၊ လူငယ် အမျိုးသားတစ်စု၏ မိုးခေါ်လွန်ဆွဲ သံချပ်ဟစ်သံက ဗျောအဖွဲ့မှ ဆိုင်းသံ၊ ဗုံသံများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်လမ်းတစ်လျှောက် စည်းချက်ညီညီ ပျံ့လွင့်လို့ နေလေသည်။

လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေတာတွေကို ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပြီး တစ်နိုင်ငံလုံး နေ့ချင်းညချင်း လျှပ်စစ်မီး ရရှိဖို့ ဆိုတာ ကတော့ မဖြစ်နိုင်ဘူးလို့ ဒီကနေ့ ပြောဆိုပါတယ်။
ရန်ကုန် အလုံမြို့နယ်မှာ ကျင်းပတဲ့ NLD ရုံးခန်းဖွင့်ပွဲ အခမ်းအနားမှာ အဲဒီလို ပြောကြားခဲ့တာပါ။

အိန္ဒိယက မြန်မာကို စစ်ပစ္စည်းတွေ ဆက်ရောင်းနေ

အိန္ဒိယအစိုးရက သူတို့အနေနဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက် ထောက်ပံ့ပေးပို့နေကြောင်း ပြောကြားလိုက်ပါတယ်။
AFP
အိန္ဒိယနိုင်ငံ တလန်ဂါနာပြည်နယ် အိုစ်မန်နီယာ တက္ကသိုလ်ဝင်းအတွင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ဆန္ဒပြမှုကို လုံထိန်းရဲများ မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ် ဖြိုခွဲနေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းရဲ့ မနက်ဖြန် စတင်မဲ့ မြန်မာနိုင်ငံ ခရီးစဉ် နဲ့ ပတ်သက်ပြီး  မေလ ၂၅ ရက်နေ့ က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန် Ranjan Mathai က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာခရီးစဉ်စတင်

India နိုင်ငံဝန်ကြီးချုပ် Manmohan Singn ဟာ သမိုင်းတွင်မယ့် ခရီးစဉ်တခုအဖြစ်နဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိမှာဖြစ်ပါတယ်။ ၂၅ နှစ်အတွင်း India ဝန်ကြီးချုပ်တဦးရဲ့ မြန်မာနိုင်ငံ ပထမဆုံးခရီး စဉ်ဖြစ်ပြီး မေလ (၂ရ) ရက်ကနေ (၂၉) ရက်နေ့ထိ (၃) ရက်ကြာမှာဖစ်ပါတယ်။
လုံခြုံရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနဲ့အခြေခံအဆောက်အဦးဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ကိုင်ရေးအတွက် မြန်မာသမ္မတဦးသိန်းစိန်နဲ့ Mr.Singh တွေ့ ဆုံဆွေးနွေးမှာပါ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဂါင်္နေ့မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။

ဘကြီးညို၏ အောက်ကစ(ဦးတင်မောင်လတ် (မွန်ပြည်နယ်ကျောင်းကျန်းမာရေး))


ရိုးသားသော မွန်လူမျိုး ဘကြီးညို ... မွန်နာမည်ကိုတော့ နိုင်ကွန်ဒေဟု ခေါ်ကြသည်။ မွန်ပြည်နယ်၏ အေးချမ်းသော မွန်ရွာကလေး တစ်ရွာတွင် မူလ တန်းပြဆရာအဖြစ် အသက်မွေးဝမ်း ကျောင်း ပြုလုပ်ခဲ့သူ ဖြစ်၏။ ဆရာညို သည် သူ၏ကျောင်းဆရာအလုပ်ကို အလွန်တန်ဖိုးထားပြီး ၎င်း၏တပည့် ကလေးများအပေါ် သံယောဇဉ်ကြီးမား သော ဆရာတစ်ယောက်ဖြစ်၏။
၎င်း၏ ခေတ်က မိမိနေထိုင်ရာ မွန်ရွာကလေး တွင် ကျူရှင်ဆိုသည်မှာ ကြားတောင် မကြားဘူးချေ။
လူပျိုကြီးဖြစ်၍ မိသားစု သံယောဇဉ်ဟူ၍ သူ့တွင်မရှိ။ သူ တွယ်တာရသော သံယောဇဉ်ဆိုသည် မှာ သူ့တပည့်ကလေးများသာ ဖြစ်၏။

Google Chrome ကမ္ဘာပေါ်တွင် လူသုံးအများဆုံး Browser ဖြစ်လာ





ဂူးဂဲလ်၏ Chrome သည် မိုက်ခရိုဆော့ဖ်၏ Internet Explorer (IE)ကို ကျော်ပြီး ကမ္ဘာပေါ်တွင် လူသုံးအများဆုံး Browser ဖြစ်လာခဲ့ကြောင်း မေလ ၂၁ ရက်နေ့က Stat Counter ကွန်ရက်အချက်အလက် ပြုစုရေးက ထုတ်ပြန်သည့်အချက်အလက်များက ဖော်ပြသည်။

မေလ ၁၄ ရက်မှ ၂၀ ရက်အတွင်း Chrome သည် တစ်ပတ်လုံး အင်တာနက် အသုံးပြုမှုတွင် အသုံးအများဆုံး ဖြစ်ခဲ့ကြောင်း မှတ်တမ်းများက ဖော်ပြသည်။ ယခင်ကတည်းက Chrome သည် ရက်သတ္တပတ် နောက်ဆုံးနေ့များ(စနေ၊ တနင်္ဂနွေ)အသုံးပြုမှုတွင် IE ကို ကျော်လွန်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ တစ်ပတ်လုံးသုံးစွဲမှုတွင် ကျော်လွန်ခဲ့ခြင်းမှာ ပထမဆုံးဖြစ်သည်။

တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆက်သွယ်ရေးနှင့် သတင်းနည်းပညာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါလာ ခေတ်ကာလနှင့် လျော်ညီခြင်း မရှိတော့သည့် မိုနိုပိုလီ လုပ်ကိုင်နေခြင်းအပေါ် သုံးသပ်မှုများရှိနေ

လက်ရှိဥပဒေတွေ မပြီးသေးလို့ ပုဂ္ဂလိကကို လုပ်ခွင့် မပေးသေးဘဲ MPT ပါနေရတာလို့ ပြောတယ်။ နိုင်ငံတကာမှာ ဆက်သွယ်ရေး လုပ်ငန်းကို အစိုးရပိုင်းက အနည်းအကျဉ်းပဲ ပါပေမယ့် ဒီမှာက အကုန်လုံး ပါနေတော့ တိုးတက်သင့် သလောက် မတိုးတက်ဘူး  . . .


7342 ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍ တိုးတက်ရေးသည် တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် များစွာ အရေးကြီးလာပြီး မြန်မာ့ ဆက်သွယ်ရေးနှင့် ရတနာပုံ တယ်လီပို့တို့ကသာ အဓိက ချုပ်ကိုင်ထားခြင်း မှာ ခေတ်နှင့် လျှော်ညီမှု မရှိတော့ကြောင်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ အပါအ၀င်ပြည်တွင်းမှ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ က ဝေဖန်သုံးသပ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည့် သဘာဝရင်းမြစ်များစွာ ပိုင်ဆိုင်ထားသော်လည်း ဆက်သွယ်ရေး ကဏ္ဍအပါအ၀င် အခြေခံကျသော Infrastructure များတွင် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှု အားနည်းသည့်အပြင် ၎င်းတို့ အတွက် သုံးစွဲရသည့် ကုန်ကျစရိတ်မှာလည်း အများဆုံးဖြစ်နေကြောင်း ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ပြီး လုပ်ကိုင်နေသူများက ပြောဆိုကြပါသည်။

H-Pole ကွန်ကရစ်ဓာတ်တိုင်အမှတ်(၂၄၉)ဖျက်စီးခံရ


H-Pole ကွန်ကရစ်ဓာတ်တိုင်အမှတ်(၂၄၉)ဖျက်စီးခံရပုံကို တွေ့ ရစဉ်
နမ့်ခမ်း-မူဆယ်   ၆၆ ကေဗွီ ဓာတ်အားလိုင်းရှိ H-Pole ကွန်ကရစ်ဓာတ်တိုင်အမှတ်
 (၂၄၉)သည် (၂၅-၅-၂၀၁၂)ရက်နေ့ နံနက်ပိုင်းတွင် တိမ်းစောင်းနေကြောင်း
 ဒေသခံများမှ မူဆယ်ခရိုင်လျှပ်စစ်ရုံးသို့ သတင်းပေးပို့ခဲ့ပါသည်။

H-Pole တိုင် အမှတ်(၂၄၉) အား စစ်ဆေးရာ သောင်းကျန်းသူများ ဖျက်ဆီးမှုကြောင့်
 အောက်ခြေမှ တစ်ပေခွဲခန့် နေရာတွင် ပြတ်ကျပြီး  အင်္ဂတေများ ပဲ့ကျကာ သံချောင်း
များ ကွေးလိမ်သွားခဲ့ပါသည်။

နိုင်ငံတကာအာကာစခန်းနှင့် ချိတ်ဆက်မည့် ပထမဆုံး ပုဂ္ဂလိက အာကာသယာဉ် အောင်မြင်စွာ လွှတ်တင်





နိုင်ငံတကာ အာကာသစခန်းနှင့် ချိတ်ဆက်မည့် ပထမဆုံး ပုဂ္ဂလိက အာကာသယာဉ်ကို အာကာသ စူးစမ်းရှာဖွေရေး နည်းပညာ ကော်ပိုရေးရှင်း(SpaceX)က မေလ ၂၂ ရက်နေ့တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ပေါင် ၁၀၀၀ မျှလေးသော ကုန်တင်အာကာသယာဉ် Dragon ကို လွှတ်တင်မှုမှာ နိုင်ငံအစိုးရများသာ ဦးဆောင်လုပ်ကိုင်နေရသော အာကာသ စူးစမ်းလေ့လာရေးနယ်ပယ်အတွက် ထူးခြားသည့် သမိုင်းမှတ်တိုင်တစ်ရပ်လည်း ဖြစ်ခဲ့သည်။

သမ္မတဦးသိန်းစိန် အကြံပေး ကောင်စီ ဖွဲ့စည်းရန်ပြင်ဆင်

နိုင်ငံတော် သမ္မတအား လူမှုရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ နည်းပညာ ကဏ္ဍစတဲ့ အခြားသော ကဏ္ဍတွေနဲ့ ဆက်စပ်ပြီး အကြံပြုမယ့် လူမှုစီးပွားရေး အကြံပေးကောင်စီကို နာယက တစ်ဦး၊ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေတယ်လို့ အဆိုပါ အကြံပေးအဖွဲ့ရဲ့ လျာထားစာရင်းမှာ ပါဝင်သူတစ်ဦးက အာအက်အေကို ပြောဆိုပါတယ်။
AFP
မဟာမဲခေါင်ဒေသ ညီလာခံကို တက်ရောက်ရန် အတွက်၀၁ခုနှစ် ဧပြီလ ၁ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိလာသော သမ္မတ ဦးသိန်းစိန်ကို တွေ့ရစဉ်။
အဆိုပါ အကြံပေးကောင်စီရဲ့လျာထားစာရင်းမှာ ရန်ကုန်စီးပွားရေး တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် အဖြစ် တာဝန်ယူခဲ့တဲ့ ဦးမော်သန်းက နာယက အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌ အဖြစ် ဦးတင်ထွဋ်ဦး၊ ဒု-ဥက္ကဋ္ဌ အဖြစ် ဒေါ်ခင်စမ်းရီ၊ အတွင်းရေးမှူးအဖြစ် သမ္မတရဲ့ စီးပွားရေးအကြံပေး ဦးဆက်အောင်၊

စက်ရုံ ၂ ရုံက အလုပ်သမားတွေ တောင်းဆိုချက်ရပြီ

အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတဲ့ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံက အထည်ချုပ် စက်ရုံ ၂ ရုံမှာ အလုပ်ရှင်က လိုက်လျောတဲ့အတွက် ဒီနေ့ ပြေလည်မှုရသွားပြီလို့ သတင်းရရှိပါတယ်။
RFA
ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံရှိ စပယ်ပွင့် အထည်ချုပ်စက်ရုံမှ အလုပ်သမများ မေလ ၁၆ ရက်နေ့က ဆန္ဒပြနေစဉ်။
အဲဒီလို ပြဿနာပြေလည်သွားတဲ့ စက်ရုံတွေက တရုတ်အမျိုးသားပိုင် ပုလဲနဲ့ စပယ်ပွင့် အထည်ချုပ် စက်ရုံတွေ ဖြစ်တယ်လို့ အလုပ်သမားတွေဘက်က ကူညီနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မမာမာဦးက ပြောပါတယ်။

ကမ္ဘာတွင် သူခိုးမရှိခဲ့သော နိုင်ငံ




ကမ္ဘာပေါ်တွင် သူခိုးမရှိသော နိုင်ငံ တစ်နိုင်ငံ ရှိခဲ့ဖူးသည်။ ထိုသည်မှာ မြန်မာနိုင်ငံပင်။
ထိုစကားကိုပြောခဲ့သူမှာ အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ဘဆေဆ်လာလ်ဂျီပင် ဖြစ်သည်။ အီဂတ်ပူရီပြည်နယ်၌ ဗုဒ္ဓ၏၀ိပဿနာတရားတော်များကို ကမ္ဘာသို့ဖြန့်ဝေလျက်ရှိသော ဂုရုကြီးဦးဂိုအင်ကာ၏ အဘိုးတော်သူပင် ဖြစသည်။ အရောင်းအ၀ယ်ကုန်သည်အလုပ်ဖြင့် ကမ္ဘာအနှ့ခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီသည် သူ အမြတ်နိုးဆုံးဖြစ်သော မန္တလေးရတနာပုံ နေပြည့်တော်တွင် အခြေချနေထိုင်ခဲ့သည်။

နိုင်ငံပြုတည်ဆောက်သူ ကျောင်းဆရာများ(မောင်သန်းဝင်း(ရန်ကုန်တက္ကသိုလ်))

ကျောင်းဆရာသည် လူကို ပြုစုပျိုးထောင်ရသူ၊ ပဲ့ကိုင်ထိန်းကျောင်းရသူ၊ ကိုယ်တွယ်ပုံသွင်းရသူ ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် သိမ့်မွေ့ပြီး နက်နဲသော တာဝန်ကိုယူကြရသူများဖြစ်သည် ...


'ဆရာဖြစ်သင်ကြားရန် လူရွေးချယ်ရာ၌ အထူးအရေးကြီးသော အချက်မှာ တကယ်ဆရာအလုပ်နှင့် တော်မည့်သူကိုသာ ရွေးကြရန် သတိပြုရမည်။ အခြားအလုပ်တစ်ခုခုကို လုပ်လိုသော်လည်း မရနိုင်၍ နောက်ဆုံးဆရာပဲ လုပ်ပါတော့မည်ဟု စိတ်ထားသောသူ၊ အကျင့်စာရိတ္တပျက် ပြားသောသူ၊ ကျန်းမာရေး များစွာချို့တဲ့သောသူ၊ စိတ်ထား အလွန်ကျဉ်းမြောင်းသောသူ၊ အချုပ်အားဖြင့် ကျောင်းသားများ စံနမူနာယူခြင်းဖြင့် အကျိုးမဲ့စေမည့်သူတို့ကို မရွေးချယ်စေရ။

လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင် လှုပ်ရှားမှုထဲ ပုသိမ်မြို့လည်းပါဝင်လာ


မြို့ကြီးအတော်များများတွင် လုပ်ဆောင်လျှက်ရှိသည့် လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင် လှုပ်ရှားမှုတွငို ပုသိမ်မြို့လည်း ပါဝင်လာကာ ယနေ့ ည ၇ နာရီ တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီး လျှပ်စစ်ရုံးရှေ့မှ စတင်ကာ ဆန္ဒထုတ်ဖေါ်လိုက်ကြသည်။

ည ၇နာရီခန့်တွင် ပုသိမ်မြို့ ဖယောင်းတိုင် လှုပ်ရှားမှုကို ဦးဆောင်သူ ကိုဇော်မိုး၊ ကိုကျော့မောင်၊ ကိုနိုင်ကြီး တို့နှင့်အတူစုစုပေါင်း လူ ၂၀ ၀န်းကျင်ရောက်ရှိလာပြီး ဖယောင်းတိုင် စတင်ထွန်းညှိကာ မြေနုလမ်း၊ ကုန်သည်လမ်းမှ တဆင့် ရွှေမုဋ္ဌော ဘုရားသို့ လမ်းလျှောက်သွားခဲ့ကြသည်။
ဘုရားသို့ရောက်ရှိသည့်အခါ လူပရိတ်သတ် ၂၀၀ ၀န်းကျင်ထိ ရှိလာသည်ကို မြင်တွေ့ရသည်။